[ZawGyi]

Video Game မ်ားတြင္ ေခတ္အဆက္ဆက္ လူၾကဳိက္မ်ားခဲ့ေသာ Gaming Category မ်ားစြာရွိခဲ့ပါတယ္။ FPS, MOBA, MMORPG, Simulation, Combat, Sports, RPG, RTS စသည္ထက္ ပုိေသာ ေခါင္းစဥ္မ်ားစြာ ရွိၾကျပီး ယခု ၂ဝ၁၈-၂ဝ၁၉ Esports ရာသီမွာေတာ့ RTS title ေအာက္ကေန Auto Chess (Auto Battler) ဆုိတဲ့ Title တစ္ခုဟာလည္း အခ်ိန္တုိအတြင္း ကမာၻေပၚတြင္ လူၾကဳိက္မ်ားေရပန္းစားလာခဲ့ပါတယ္။ ယခုအခါ Auto Chess Video Game မ်ားဟာ အပ်င္းေျပေဆာ့ကစားရတဲ့ Video Game တစ္ခုမဟုတ္ေတာ့ဘဲ ဆုေၾကးခ်ီးျမွင့္ေပးမယ့္ ESports Category ဝင္သည့္ Video Game တစ္ခုျဖစ္လာပါျပီ။

Drodo Studio ကေန ဖန္တီးခဲ့တဲ့ Dota Auto Chess ဟာ Dota 2 Mod Game တစ္ခုအျဖစ္ စတင္ခဲ့ျပီး အခ်ိန္တုိအတြင္းမွာ ကမာၻႏွင့္အဝွမ္းေအာင္ျမင္ခဲ့ပါတယ္။ ထုိ႔ေနာက္ Drodo Studio ဟာ ImbaTV/ Dragonest Co.Ltd ႏွင့္ပူးေပါင္းျပီး Stand alone Auto Chess Mobile တစ္ခုကို တီထြင္ခဲ့ပါတယ္။ ထုိ႔ေနာက္ Dota 2 ၏ ဖခင္ကုမၼဏီျဖစ္ေသာ Valve ကလည္း Dota Underlords ဆုိသည့္အမည္ျဖင့္ Stand Alone Auto Chess တစ္မ်ဴိးကုိ ဖန္တီးခဲ့သလုိ ကမာၻ႕ထိပ္တန္း Game Company ၾကီးမ်ားျဖစ္တဲ့ Riot ကလည္း League of Legends Auto Battler Game အျဖစ္ Teamfight Tactic, Epic Game ကလည္း Drodo Studio နဲ႕ပူးေပါင္းျပီး Auto Chess PC စသည္တုိ႔ကုိ ဖန္တီးေနေၾကာင္း တရားဝင္သတင္းမ်ားထြက္ရွိလာခဲ့ပါတယ္။

ထုိ႔ေၾကာင့္ ယခုအခါ

– Dota Auto Chess

– Drodo Auto Chess (Mobile)

– Drodo Auto Chess (Epic PC)

– Team Fight Tactics ႏွင့္

– Dota Underlords PC/ Mobile ဆုိျပီး Auto Chess Game ေပါင္းမ်ားစြာ ရွိေနျပီျဖစ္ပါတယ္။

Credit: Drodo Studio

Drodo Auto Chess Esports Tournament

Host by – ImbaTV/ Long Mobile/ Drodo Studio

Location – Shanghai/ China.

Prize Pool – $1M

အခုဆုိရင္ Drodo Studio ႏွင့္ ImbaTV တုိ႔ပူးေပါင္းျပီး တရုတ္နုိင္ငံ ရွန္ဟုိင္းျမဳိ႕တြင္ အေမရိကန္ေဒၚလာ (၁) သန္း [$1,000,000] ခ်ီးျမွင့္မည့္ Auto Chess Mobile Esports Tournament ကုိ လာမည့္ ေအာက္တုိဘာလတြင္ က်င္းပသြားေတာ့မွာလည္းျဖစ္ပါတယ္။ Esports ျပဳိင္ပြဲမ်ားအတုိင္း Drodo Auto Chess ကုိ ဝင္ေရာက္ယွဥ္ျပဳိင္မည့္ ကစားသမားမ်ားအတြက္ Auto Chess Personality မ်ားကုိ Direct Invite ျဖင့္ ဖိတ္ေခၚမည့္အျပင္ တစ္ကမာၻလုံး ဝင္ေရာက္ယွဥ္ျပဳိင္ခြင့္ရေစဖုိ႔ Regional Qualifer မ်ားကုိေတာ့ ၾသဂုတ္လ အေစာပုိင္းတြင္ က်င္းပသြားမွာျဖစ္ပါတယ္။ Drodo Auto Chess ကို ဝင္ေရာက္ယွဥ္ျပဳိင္မည့္သူမ်ားအေနနဲ႕ Mobile Platform အတြက္ IOS/ Android တုိ႔ အျပင္ PC Platform မွာ ယွဥ္ျပဳိင္ခ်င္သူမ်ားအေနျဖင့္ Epic Game Store မွာ Drodo Auto Chess ကေန တစ္ဆင့္ ဝင္ေရာက္ယွဥ္ျပဳိင္ခြင့္ ရရွိေအာင္ စီစဥ္ေပးသြားမွာလည္းျဖစ္ပါတယ္။

ေဒၚလာ (၁) သန္းတန္ Drodo Auto Chess ျပဳိင္ပြဲနဲ႕ ပတ္သတ္တဲ့ သတင္းအခ်က္အလက္မ်ားကုိ ImbaTV မွ သိပ္မၾကာခင္ အခ်ိန္အတြင္းမွာ ထပ္မံထုတ္ျပန္ ေၾကညာေပးသြားမွာျဖစ္ပါတယ္။


Credit: ESL Dota2

Dota Underlords Offline Tournament

Host by – Valve/ ESL

Location – Hamburg/ Germany

Prize Pool – €5K ($5.7K USD)

ဒါ့အျပင္ ယခုလက္ရွိ ပူပူေႏြးေႏြး ထြက္ရွိထားတဲ့ Valve ၏ တရားဝင္မူပုိင္ Stand Alone Auto Battler Game ျဖစ္သည့္ Dota Underlords ဟာလည္း ESL One Hamburg 2019 ႏွင့္အတူ ဆုေၾကးေငြ €5K ($5.7K USD) ခ်ီးျမွင့္မည့္ Offline Tournament တစ္ခုကိုလည္း က်င္းပေပးသြားဦးမွာပါ။ ESL Hamburg 2019 ကေတာ့ ေအာက္တုိဘာလတြင္ Germany ႏုိင္ငံ၌ က်င္းပသြားမည့္ Dota 2 Tournament တစ္ခုျဖစ္ပါတယ္။ အဆုိပါ Offline Dota Underlords ျပဳိင္ပြဲကုိေတာ့ ကမာၻအဝွမ္းမွ Dota Underlords ကစားသမားတုိင္း ဝင္ေရာက္ယွဥ္ျပဳိင္နုိင္မွာျဖစ္ျပီး ပုိမုိတိက်တဲ့ သတင္းအခ်က္အလက္မ်ားကိုေတာ့ သိပ္မၾကာခင္ အခ်ိန္အတြင္းမွာ Valve က တရားဝင္ ထုတ္ျပန္သြားမွာျဖစ္ပါတယ္။

Auto Chess Game မ်ားဟာ အမ်ဴိးအစားမ်ား ကြဲျပားေနသည့္တုိင္ေအာင္ လြန္စြာမွ စိတ္ဝင္စားဖြယ္ေကာင္းျပီး ထပ္ခါထပ္ခါ ကစားခ်င္ေအာင္ ဆြဲေဆာင္ထားနုိင္သည့္ Game ျဖစ္ေၾကာင္းကုိ Auto Chess ကစားသမားတုိင္း သိျပီးျဖစ္ပါတယ္။ ယခုအခါ Mobile ႏွင့္ PC Platform မ်ားကုိ Cross Platform အျဖစ္ ကစားနုိင္ေအာင္ စီစဥ္ေပးေနျပီျဖစ္လုိ႔ Auto Chess Game မ်ားရဲ႕ Player base မ်ားဟာလည္း ေန႔စဥ္နဲ႕ အမွ်တုိးတက္လာသည့္အတြက္ အလားအလာေကာင္းသည့္ Esports Video Game တစ္ခုျဖစ္ေၾကာင္း တင္ဆက္လုိက္ရပါတယ္။

======================================

[Unicode]

Video Game များတွင် ခေတ်အဆက်ဆက် လူကြိုက်များခဲ့သော Gaming Category များစွာရှိခဲ့ပါတယ်။ FPS, MOBA, MMORPG, Simulation, Combat, Sports, RPG, RTS စသည်ထက် ပိုသော ခေါင်းစဉ်များစွာ ရှိကြပြီး ယခု ၂ဝ၁၈-၂ဝ၁၉ Esports ရာသီမှာတော့ RTS title အောက်ကနေ Auto Chess (Auto Battler) ဆိုတဲ့ Title တစ်ခုဟာလည်း အချိန်တိုအတွင်း ကမ္ဘာပေါ်တွင် လူကြိုက်များရေပန်းစားလာခဲ့ပါတယ်။ ယခုအခါ Auto Chess Video Game များဟာ အပျင်းပြေဆော့ကစားရတဲ့ Video Game တစ်ခုမဟုတ်တော့ဘဲ ဆုကြေးချီးမြှင့်ပေးမယ့် ESports Category ဝင်သည့် Video Game တစ်ခုဖြစ်လာပါပြီ။

Drodo Studio ကနေ ဖန်တီးခဲ့တဲ့ Dota Auto Chess ဟာ Dota 2 Mod Game တစ်ခုအဖြစ် စတင်ခဲ့ပြီး အချိန်တိုအတွင်းမှာ ကမ္ဘာနှင့်အဝှမ်းအောင်မြင်ခဲ့ပါတယ်။ ထို့နောက် Drodo Studio ဟာ ImbaTV/ Dragonest Co.Ltd နှင့်ပူးပေါင်းပြီး Stand alone Auto Chess Mobile တစ်ခုကို တီထွင်ခဲ့ပါတယ်။ ထို့နောက် Dota 2 ၏ ဖခင်ကုမ္မဏီဖြစ်သော Valve ကလည်း Dota Underlords ဆိုသည့်အမည်ဖြင့် Stand Alone Auto Chess တစ်မျိူးကို ဖန်တီးခဲ့သလို ကမ္ဘာ့ထိပ်တန်း Game Company ကြီးများဖြစ်တဲ့ Riot ကလည်း League of Legends Auto Battler Game အဖြစ် Teamfight Tactic, Epic Game ကလည်း Drodo Studio နဲ့ပူးပေါင်းပြီး Auto Chess PC စသည်တို့ကို ဖန်တီးနေကြောင်း တရားဝင်သတင်းများထွက်ရှိလာခဲ့ပါတယ်။

ထို့ကြောင့် ယခုအခါ

– Dota Auto Chess

– Drodo Auto Chess (Mobile)

– Drodo Auto Chess (Epic PC)

– Team Fight Tactics နှင့်

– Dota Underlords PC/ Mobile ဆိုပြီး Auto Chess Game ပေါင်းများစွာ ရှိနေပြီဖြစ်ပါတယ်။

Credit: Drodo Studio

Drodo Auto Chess Esports Tournament

Host by – ImbaTV/ Long Mobile/ Drodo Studio

Location – Shanghai/ China.

Prize Pool – $1M

အခုဆိုရင် Drodo Studio နှင့် ImbaTV တို့ပူးပေါင်းပြီး တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အမေရိကန်ဒေါ်လာ (၁) သန်း [$1,000,000] ချီးမြှင့်မည့် Auto Chess Mobile Esports Tournament ကို လာမည့် အောက်တိုဘာလတွင် ကျင်းပသွားတော့မှာလည်းဖြစ်ပါတယ်။ Esports ပြိုင်ပွဲများအတိုင်း Drodo Auto Chess ကို ဝင်ရောက်ယှဉ်ပြိုင်မည့် ကစားသမားများအတွက် Auto Chess Personality များကို Direct Invite ဖြင့် ဖိတ်ခေါ်မည့်အပြင် တစ်ကမ္ဘာလုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရစေဖို့ Regional Qualifer များကိုတော့ သြဂုတ်လ အစောပိုင်းတွင် ကျင်းပသွားမှာဖြစ်ပါတယ်။ Drodo Auto Chess ကို ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအနေနဲ့ Mobile Platform အတွက် IOS/ Android တို့ အပြင် PC Platform မှာ ယှဉ်ပြိုင်ချင်သူများအနေဖြင့် Epic Game Store မှာ Drodo Auto Chess ကနေ တစ်ဆင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိအောင် စီစဉ်ပေးသွားမှာလည်းဖြစ်ပါတယ်။

ဒေါ်လာ (၁) သန်းတန် Drodo Auto Chess ပြိုင်ပွဲနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်များကို ImbaTV မှ သိပ်မကြာခင် အချိန်အတွင်းမှာ ထပ်မံထုတ်ပြန် ကြေညာပေးသွားမှာဖြစ်ပါတယ်။


Credit: ESL Dota2

Dota Underlords Offline Tournament

Host by – Valve/ ESL

Location – Hamburg/ Germany

Prize Pool – €5K ($5.7K USD)

ဒါ့အပြင် ယခုလက်ရှိ ပူပူနွေးနွေး ထွက်ရှိထားတဲ့ Valve ၏ တရားဝင်မူပိုင် Stand Alone Auto Battler Game ဖြစ်သည့် Dota Underlords ဟာလည်း ESL One Hamburg 2019 နှင့်အတူ ဆုကြေးငွေ €5K ($5.7K USD) ချီးမြှင့်မည့် Offline Tournament တစ်ခုကိုလည်း ကျင်းပပေးသွားဦးမှာပါ။ ESL Hamburg 2019 ကတော့ အောက်တိုဘာလတွင် Germany နိုင်ငံ၌ ကျင်းပသွားမည့် Dota 2 Tournament တစ်ခုဖြစ်ပါတယ်။ အဆိုပါ Offline Dota Underlords ပြိုင်ပွဲကိုတော့ ကမ္ဘာအဝှမ်းမှ Dota Underlords ကစားသမားတိုင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး ပိုမိုတိကျတဲ့ သတင်းအချက်အလက်များကိုတော့ သိပ်မကြာခင် အချိန်အတွင်းမှာ Valve က တရားဝင် ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

Auto Chess Game များဟာ အမျိူးအစားများ ကွဲပြားနေသည့်တိုင်အောင် လွန်စွာမှ စိတ်ဝင်စားဖွယ်ကောင်းပြီး ထပ်ခါထပ်ခါ ကစားချင်အောင် ဆွဲဆောင်ထားနိုင်သည့် Game ဖြစ်ကြောင်းကို Auto Chess ကစားသမားတိုင်း သိပြီးဖြစ်ပါတယ်။ ယခုအခါ Mobile နှင့် PC Platform များကို Cross Platform အဖြစ် ကစားနိုင်အောင် စီစဉ်ပေးနေပြီဖြစ်လို့ Auto Chess Game များရဲ့ Player base များဟာလည်း နေ့စဉ်နဲ့ အမျှတိုးတက်လာသည့်အတွက် အလားအလာကောင်းသည့် Esports Video Game တစ်ခုဖြစ်ကြောင်း တင်ဆက်လိုက်ရပါတယ်။