[Unicode]

Activision Blizzard ဂိမ်းပြိုင်ပွဲကြီးများကို YouTube တစ်မျိုးထဲတွင်သာ ပြသတော့မည်

 

ဗီဒီယိုဂိမ်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Activision Blizzard ဟာ ကမ္ဘာ့အင်အားကြီးအင်တာနက်ကုမ္ပဏီ Google နဲ့ သဘောတူ ပူးပေါင်းမှုများကို မကြာသေးမီက ပြုလုပ်ခဲ့ပါတယ်။ ယင်း ပူးပေါင်းမှုများထဲမှာမှ အရေးကြီးဆုံးအချက်တစ်ခုကတော့ Activision Blizzard ကပြုလုပ်တဲ့ Overwatch League နဲ့ Call of Duty League တို့လို ဂိမ်းပြိုင်ပွဲကြီးများရဲ့ တရားဝင် stream များကို YouTube တစ်မျိုးထဲပေါ်မှာပဲ ပြသဖို့ သဘောတူညီလိုက်တာပဲ ဖြစ်ပါတယ်။

ဒီလိုသဘောတူညီလိုက်နိုင်တာဟာ YouTube အတွက်တော့ ကြီးမားတဲ့ ရလဒ်ကောင်းတစ်ခုပါ။ YouTube ဟာ ကမ္ဘာ့အကြီးဆုံးဗီဒီယိုဝက်ဘ်ဆိုက်တစ်ခုဖြစ်ပေမယ့် streaming platform ဈေးကွက်မှာတော့ Twitch နဲ့ ထိပ်တိုက်ယှဉ်ပြိုင်နေရပါတယ်။ Twitch ဟာ ပြီးခဲ့တဲ့ Overwatch League season ၂ ခုမှာ Activision Blizzard ရဲ့ သီးသန့် streaming partner အဖြစ် သဘောတူညီထားနိုင်ခဲ့တဲ့ အောင်မြင်မှုလည်း ရှိခဲ့ဖူးပါတယ်။

Twitch နဲ့ Mixer တို့ ပါဝင်တဲ့ streaming platform များရဲ့ ပြိုင်ဆိုင်မှုကြီးဟာ ယခုနှစ်ပိုင်းများအတွင်းမှာ ပိုလို့သာ ပြင်းထန်လာပါတယ်။ Google ဟာ မူလက YouTube Gaming ကို သီးသန့် app တစ်ခုအဖြစ် ထုတ်လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ပြိုင်ဆိုင်မှုများကြားမှာ YouTube Gaming app ဟာ ထင်သလောက် အောင်မြင်မှု မရခဲ့လို့ နောက်ဆုံးမှာတော့ ယင်းကို ရပ်ဆိုင်းခဲ့ရပါတယ်။

YouTube Gaming သီးသန့် app ကျရှုံးခဲ့ရပေမယ့် Google ဟာ streaming platform ဈေးကွက်ကနေ ဆုတ်ခွာသွားခြင်း မရှိပါဘူး။ CouRage နဲ့ Lachlan တို့လို့ ထိပ်တန်း streamer များကို YouTube ပေါ်မှာ သီးသန့် stream စေဖို့ ခေါ်ယူခဲ့သလို Activision Blizzard နဲ့ ယခုလို သဘောတူပူးပေါင်းခြင်းများ ပြုလုပ်ခြင်းအားဖြင့် ဈေးကွက်အတွင်းမှာ ပိုမိုနေရာရအောင် ကြိုးပမ်းလျက်ရှိပါတယ်။

YouTube ရဲ့ gaming ပိုင်းဆိုင်ရာ ဥက္ကဌ Ryan Wyatt က ပူးပေါင်းမှုနဲ့ ပတ်သက်လို့ “နှစ်စဉ်နှစ်တိုင်း သန်း ၂၀၀ ကျော် အရေအတွက်ရှိတဲ့ gamer များဟာ နာရီပေါင်း ဘီလီယံ ၅၀ ကျော်အောင် ကျွန်တော်တို့ YouTube platform ပေါ်မှာ ဂိမ်းဗီဒီယိုများကို ကြည့်ရှုကြပါတယ်။ YouTube ဟာ ကမ္ဘာ့လူကြိုက်အများဆုံး gaming platform တစ်ခုအဖြစ် gamer များနဲ့ ယင်းတို့ရဲ့ ပရိသတ်များအတွက် ဖြည့်စွမ်းပေးလျက် ရှိပါတယ်။

“Overwatch League နဲ့ Call of Duty League ၂ ခု စလုံးဟာ ကမ္ဘာ့အဆင့်မြင့် Esports ပြိုင်ပွဲကြီးများပါ။ ကျွန်တော်ဟာလည်း ယခင်က Call of Duty ရဲ့ esports commentator တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် Activision Blizzard ရဲ့ YouTube ကိုရွေးချယ်မှုအပေါ် ကျွန်တော် အလွန်ဝမ်းမြောက်သလို ယခုပူးပေါင်းမှုက ကျွန်တော်တို့ရဲ့ streaming လုပ်ငန်းဟာ ကမ္ဘာပေါ်မှာ အဆင့်အတန်းမြင့်မားလှကြောင်း ဆက်လက်ပြသဖို့လည်း ကူညီနိုင်မှာပါ” အစရှိသဖြင့် ပြောကြားသွားခဲ့ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

source: theverge


[Zawgyi]

Activision Blizzard ဧ။္ ဂိမ္းျပိဳင္ပြဲၾကီးမ်ားကို YouTube တစ္မ်ိဳးထဲတြင္သာ ျပသေတာ့မည္

 

ဗီဒီယိုဂိမ္းကုမၸဏီၾကီးတစ္ခုျဖစ္တဲ့ Activision Blizzard ဟာ ကမၻာ့အင္အားၾကီးအင္တာနက္ကုမၸဏီ Google နဲ႔ သေဘာတူ ပူးေပါင္းမႈမ်ားကို မၾကာေသးမီက ျပဳလုပ္ခဲ့ပါတယ္။ ယင္း ပူးေပါင္းမႈမ်ားထဲမွာမွ အေရးၾကီးဆုံးအခ်က္တစ္ခုကေတာ့ Activision Blizzard ကျပဳလုပ္တဲ့ Overwatch League နဲ႔ Call of Duty League တို႔လို ဂိမ္းျပိဳင္ပြဲၾကီးမ်ားရဲ႕ တရားဝင္ stream မ်ားကို YouTube တစ္မ်ိဳးထဲေပၚမွာပဲ ျပသဖုိ႔ သေဘာတူညီလိုက္တာပဲ ျဖစ္ပါတယ္။

ဒီလိုသေဘာတူညီလိုက္ႏိုင္တာဟာ YouTube အတြက္ေတာ့ ၾကီးမားတဲ့ ရလဒ္ေကာင္းတစ္ခုပါ။ YouTube ဟာ ကမၻာ့အၾကီးဆုံးဗီဒီယိုဝက္ဘ္ဆိုက္တစ္ခုျဖစ္ေပမယ့္ streaming platform ေစ်းကြက္မွာေတာ့ Twitch နဲ႔ ထိပ္တိုက္ယွဥ္ျပိဳင္ေနရပါတယ္။ Twitch ဟာ ျပီးခဲ့တဲ့ Overwatch League season ၂ ခုမွာ Activision Blizzard ရဲ႕ သီးသန္႔ streaming partner အျဖစ္ သေဘာတူညီထားႏိုင္ခဲ့တဲ့ ေအာင္ျမင္မႈလည္း ရွိခဲ့ဖူးပါတယ္။

Twitch နဲ႔ Mixer တို႔ ပါဝင္တဲ့ streaming platform မ်ားရဲ႕ ျပိဳင္ဆိုင္မႈၾကီးဟာ ယခုႏွစ္ပိုင္းမ်ားအတြင္းမွာ ပိုလို႔သာ ျပင္းထန္လာပါတယ္။ Google ဟာ မူလက YouTube Gaming ကို သီးသန္႔ app တစ္ခုအျဖစ္ ထုတ္လုပ္ခဲ့ပါေသးတယ္။ ဒါေပမယ့္ ျပိဳင္ဆိုင္မႈမ်ားၾကားမွာ YouTube Gaming app ဟာ ထင္သေလာက္ ေအာင္ျမင္မႈ မရခဲ့လို႔ ေနာက္ဆုံးမွာေတာ့ ယင္းကို ရပ္ဆိုင္းခဲ့ရပါတယ္။

YouTube Gaming သီးသန္႔ app က်ရႈံးခဲ့ရေပမယ့္ Google ဟာ streaming platform ေစ်းကြက္ကေန ဆုတ္ခြာသြားျခင္း မရွိပါဘူး။ CouRage နဲ႔ Lachlan တို႔လို႔ ထိပ္တန္း streamer မ်ားကို YouTube ေပၚမွာ သီးသန္႔ stream ေစဖုိ႔ ေခၚယူခဲ့သလို Activision Blizzard နဲ႔ ယခုလို သေဘာတူပူးေပါင္းျခင္းမ်ား ျပဳလုပ္ျခင္းအားျဖင့္ ေစ်းကြက္အတြင္းမွာ ပိုမိုေနရာရေအာင္ ၾကိဳးပမ္းလ်က္ရွိပါတယ္။

YouTube ရဲ႕ gaming ပိုင္းဆိုင္ရာ ဥကၠဌ Ryan Wyatt က ပူးေပါင္းမႈနဲ႕ ပတ္သက္လို့ “ႏွစ္စဥ္ႏွစ္တိုင္း သန္း ၂၀၀ ေက်ာ္ အေရအတြက္ရွိတဲ့ gamer မ်ားဟာ နာရီေပါင္း ဘီလီယံ ၅၀ ေက်ာ္ေအာင္ ကြ်န္ေတာ္တို႔ YouTube platform ေပၚမွာ ဂိမ္းဗီဒီယိုမ်ားကို ၾကည့္ရႈၾကပါတယ္။ YouTube ဟာ ကမၻာ့လူၾကိဳက္အမ်ားဆုံး gaming platform တစ္ခုအျဖစ္ gamer မ်ားနဲ႔ ယင္းတို႔ရဲ႕ ပရိသတ္မ်ားအတြက္ ျဖည့္စြမ္းေပးလ်က္ ရွိပါတယ္။

“Overwatch League နဲ႔ Call of Duty League ၂ ခု စလုံးဟာ ကမၻာ့အဆင့္ျမင့္ Esports ျပိဳင္ပြဲၾကီးမ်ားပါ။ ကြ်န္ေတာ္ဟာလည္း ယခင္က Call of Duty ရဲ႕ esports commentator တစ္ဦးျဖစ္ပါတယ္။ ဒါေၾကာင့္ Activision Blizzard ရဲ႕ YouTube ကိုေရြးခ်ယ္မႈအေပၚ ကြ်န္ေတာ္ အလြန္ဝမ္းေျမာက္သလို ယခုပူးေပါင္းမႈက ကြ်န္ေတာ္တို႔ရဲ႕ streaming လုပ္ငန္းဟာ ကမၻာေပၚမွာ အဆင့္အတန္းျမင့္မားလွေၾကာင္း ဆက္လက္ျပသဖုိ့လည္း ကူညီႏိုင္မွာပါ” အစရွိသျဖင့္ ေျပာၾကားသြားခဲ့ပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

source: theverge