[Unicode]

Gaming ဖိနပ် ထုတ်လုပ်ဆန်းသစ်လိုက်တဲ့ PUMA

 

PUMA ကုမ္ပဏီဟာ Active Gaming Footwear လို့ အမည်ပေးထားတဲ့ ဖိနပ်များကို gamer များအတွက် ရည်ရွယ်ထုတ်လုပ်လိုက်ပါတယ်။ PUMA ရဲ့ အဆိုအရ ယင်းဖိနပ်များဟာ ပြိုင်ပွဲဝင်ချိန်မှာရော အိမ်မှာပါ ဂိမ်းကစားဖို့အတွက် ပြီးပြည့်စုံလှတဲ့ Gaming tool များ ဖြစ်ပြီး ခြေအိတ်များနဲ့ အလားသဏ္ဍာန်တူလို့ သက်တောင့်သက်သာရှိစေကာ grip အားလည်း ကောင်းမွန်ကြောင်း ကြေညာထားပါတယ်။

လက်ရှိမှာ Gaming Footwear တစ်စုံကို အမေရိကန်ဒေါ်လာ ၁၆၀ နဲ့ သြစတေးလျမှာ စတင်ရောင်းချနေပြီး UK မှာတော့ စတာလင်ပေါင် ၈၀ နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ အမေရိကန်နိုင်ငံမှာ ဖြန့်ချိကြောင်း တရားဝင်ကြေညာမှုများ မပြုလုပ်ထားသေးပေမယ့် အခြားနိုင်ငံများမှာ ရောင်းချနေတဲ့ဈေးနှုန်းများအတိုင်း ဒေါ်လာ ၁၀၀ ကျော် ဝန်းကျင်နဲ့ ဝယ်ယူနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

အခြားရိုးရိုးဖိနပ်များ မတူညီတဲ့အချက်က Active Gaming Footwear မှာ mode များ ပါဝင်တာပါ။ PUMA က Feature ပြုလုပ်ဖော်ပြထားတဲ့ ၎င်း Mode များကတော့

– Medial wrap-up grip in SEEK mode
– Lateral wrap-up support in ATTACK mode
– Heel wrap-up stability in CRUISE and DEFENSE mode

တို့ပဲ ဖြစ်ကြပါတယ်။

ဒီ Mode တွေဟာ Gamer တွေအတွက် အမှန်တကယ်အသုံးဝင်မလား၊ ဒါမှမဟုတ် အရောင်းမြှင့်တင်ဖို့ ရည်ရွယ်ချက်သက်သက်နဲ့ ဖော်ပြထားတာလား ဆိုတာကတော့ မေးခွန်းထုတ်စရာပါ။ ဒါပေမယ့် ဖိနပ်ရဲ့ အောက်ခြေမှာ ပါဝင်တဲ့ ရော်ဘာ Grip များကတော့ ဂိမ်းကစားရင်း ကြမ်းပြင်ပေါ် အားပြုလိုက်ချိန်မှာ ချော်မနေစေဖို့ ကောင်းစွာ ထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။

Gaming ကုလားထိုင်နဲ့ Gaming မျက်မှန်တို့လို ဂိမ်းနဲ့ဆက်စပ်ပစ္စည်းများ ခေတ်စားနေချိန်မှာ PUMA ကတော့ တစ်မျိုးတစ်ဖုံ ဆန်းသစ်လိုက်တာပဲ ဖြစ်ပါတယ်။ မျက်မှောက်ခေတ် Esports ရဲ့ ခေတ်စားလာမှုဟာ ဂိမ်းနဲ့ မသက်ဆိုင်တဲ့ အင်အားကြီးကုမ္ပဏီကြီးများကိုပါ ဈေးကွက်အမြင်ဖြစ်လာစေဖို့ ဆွဲဆောင်နေပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

Source: IGN


[Zawgyi]

Gaming ဖိနပ္ ထုတ္လုပ္ဆန္းသစ္လိုက္တဲ့ PUMA

 

PUMA ကုမၸဏီဟာ Active Gaming Footwear လုိ႔ အမည္ေပးထားတဲ့ ဖိနပ္မ်ားကို gamer မ်ားအတြက္ ရည္ရြယ္ထုတ္လုပ္လိုက္ပါတယ္။ PUMA ရဲ႕ အဆိုအရ ယင္းဖိနပ္မ်ားဟာ ျပိဳင္ပြဲဝင္ခ်ိန္မွာေရာ အိမ္မွာပါ ဂိမ္းကစားဖုိ႔အတြက္ ျပီးျပည့္စုံလွတဲ့ Gaming tool မ်ား ျဖစ္ျပီး ေျခအိတ္မ်ားနဲ႔ အလားသ႑ာန္တူလို့ သက္ေတာင့္သက္သာရွိေစကာ grip အားလည္း ေကာင္းမြန္ေၾကာင္း ေၾကညာထားပါတယ္။

လက္ရွိမွာ Gaming Footwear တစ္စုံကို အေမရိကန္ေဒၚလာ ၁၆၀ နဲ႔ ၾသစေတးလ်မွာ စတင္ေရာင္းခ်ေနျပီး UK မွာေတာ့ စတာလင္ေပါင္ ၈၀ နဲ႔ ဝယ္ယူရရွိႏိုင္ပါတယ္။ အေမရိကန္ႏိုင္ငံမွာ ျဖန္႔ခ်ိေၾကာင္း တရားဝင္ေၾကညာမႈမ်ား မျပဳလုပ္ထားေသးေပမယ့္ အျခားႏိုင္ငံမ်ားမွာ ေရာင္းခ်ေနတဲ့ေစ်းႏႈန္းမ်ားအတိုင္း ေဒၚလာ ၁၀၀ ေက်ာ္ ဝန္းက်င္နဲ႔ ဝယ္ယူႏိုင္မယ္လို႔ ခန္႔မွန္းရပါတယ္။

အျခားရိုးရိုးဖိနပ္မ်ား မတူညီတဲ့အခ်က္က Active Gaming Footwear မွာ mode မ်ား ပါဝင္တာပါ။ PUMA က Feature ျပဳလုပ္ေဖာ္ျပထားတဲ့ ၄င္း Mode မ်ားကေတာ့

– Medial wrap-up grip in SEEK mode
– Lateral wrap-up support in ATTACK mode
– Heel wrap-up stability in CRUISE and DEFENSE mode

တို႔ပဲ ျဖစ္ၾကပါတယ္။

ဒီ Mode ေတြဟာ Gamer ေတြအတြက္ အမွန္တကယ္အသုံးဝင္မလား၊ ဒါမွမဟုတ္ အေရာင္းျမွင့္တင္ဖုိ႔ ရည္ရြယ္ခ်က္သက္သက္နဲ႔ ေဖာ္ျပထားတာလား ဆိုတာကေတာ့ ေမးခြန္းထုတ္စရာပါ။ ဒါေပမယ့္ ဖိနပ္ရဲ႕ ေအာက္ေျခမွာ ပါဝင္တဲ့ ေရာ္ဘာ Grip မ်ားကေတာ့ ဂိမ္းကစားရင္း ၾကမ္းျပင္ေပၚ အားျပဳလိုက္ခ်ိန္မွာ ေခ်ာ္မေနေစဖုိ့ ေကာင္းစြာ ထိန္းညိွေပးႏိုင္မွာျဖစ္ပါတယ္။

Gaming ကုလားထိုင္နဲ႔ Gaming မ်က္မွန္တို႔လို ဂိမ္းနဲ႔ဆက္စပ္ပစၥည္းမ်ား ေခတ္စားေနခ်ိန္မွာ PUMA ကေတာ့ တစ္မ်ိဳးတစ္ဖုံ ဆန္းသစ္လိုက္တာပဲ ျဖစ္ပါတယ္။ မ်က္ေမွာက္ေခတ္ Esports ရဲ႕ ေခတ္စားလာမႈဟာ ဂိမ္းနဲ႔ မသက္ဆိုင္တဲ့ အင္အားၾကီးကုမၸဏီၾကီးမ်ားကိုပါ ေစ်းကြက္အျမင္ျဖစ္လာေစဖုိ႔ ဆြဲေဆာင္ေနပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: IGN