ကမၻာေက်ာ္နည္းပညာကုမၸဏီတစ္ခုျဖစ္တဲ့ Acer ဟာ next-generation esports platform တစ္ခုကို လာမယ့္ႏွစ္မွာ စတင္သြားမယ္လို႔ မၾကာေသးမီက ေၾကညာလိုက္ပါတယ္။ Planet9 လို႔ အမည္ေပးထားတဲ့ open community ပုံစံ esports platform ေပၚမွတစ္ဆင့္ gamer မ်ားဟာ အသင္းမ်ားဖြဲ႔စည္းျခင္း၊ ေလ့က်င့္ကစားျခင္းနဲ႔ အျခားအသင္းမ်ားကို စိန္ေခၚကစားျခင္းမ်ား ျပဳလုပ္ႏိုင္မွာပါ။ Planet9 ရဲ႕ open beta ကို ၂၀၂၀ ဇန္နဝါရီလ ၃၀ ရက္ေန႔ကေန စတင္သြားမွာျဖစ္ပါတယ္။

“Planet9 ဆိုတာကေတာ့ next-generation esports platform တစ္ခုပါ။ ဒီ platform ဟာ competitive နဲ႔ casual gamer မ်ားကို ဂိမ္းကစားမႈစြမ္းရည္ျမင့္တက္လာေအာင္ ကူညီေပးမွာျဖစ္ျပီး professional မျဖစ္ေသးခင္မွာလည္း ယွဥ္ျပိဳင္မႈမ်ားလည္းျပဳလုပ္သြားႏိုင္မွာပါ။” လို႔ Acer ရဲ႕ esports ပိုင္းဆိုင္ရာ တာဝန္ခံတစ္ဦးက ေျပာသြားခဲ့ပါတယ္။ “Acer ရဲ႕ hardware, software နဲ႔ service ပိုင္း စြမ္းအားမ်ားကို အသုံးျပဳထားတဲ့ Planet9 ဟာ gamer မ်ားအတြက္ ျပည့္စုံတဲ့အေတြ႔အၾကံဳမ်ားေပးစြမ္းမွာပါ။” လို႔ လည္း ေျပာခဲ့ပါေသးတယ္။

Planet9 ဟာ pro ကစားသမားမ်ားအတြက္သာမက အေပ်ာ္တမ္းကစားသမားမ်ားနဲ႔ အေျခခံကစားသမားမ်ားအတြက္ပါ ရည္ရြယ္မွာျဖစ္ျပီး ကစားသမားမ်ားဟာ သူတို႔ရဲ႕ အားနည္းခ်က္ အားသာခ်က္မ်ားကို platform ေပၚမွာ ေလ့လာသုံးသပ္ႏိုင္မွာပါ။ Community ထဲက အျခားေသာ gamer မ်ားနဲ႔ ဆက္သြယ္ျပီး online tournament မ်ားကို ဝင္ေရာက္ယွဥ္ျပိဳင္ႏိုင္မွာလည္း ျဖစ္ပါတယ္။

Planet9 မွာ အေျခအေနတူသူမ်ား စုစည္းျပီး ဂိမ္းအသင္းမ်ားဖြဲ႔စည္းႏိုင္ေစမယ့္ feature မ်ား ပါဝင္ပါတယ္။ ကစားသမားမ်ားဟာ add friends ျပဳလုပ္ျခင္း၊ မိမိၾကိဳက္ႏွစ္သက္တဲ့အေၾကာင္းအရာတစ္ခုကို follow ျပဳလုပ္ထားျခင္းနဲ႔ မိမိနဲ႔ တြဲဖက္ကစားသင့္တဲ့ ကစားသမားမ်ားအေၾကာင္း recommendation ရယူျခင္းမ်ား ျပဳလုပ္ႏိုင္မွာပါ။ ရွိျပီးသားအသင္းမ်ားအတြက္လည္း chatroom မ်ားတြင္ စကားေျပာျခင္း၊ game tactics မ်ား share ျပဳလုပ္ မွ်ေဝျခင္း feature မ်ား ပါဝင္ပါတယ္။

ဂိမ္းကြ်မ္းက်င္မႈစြမ္းရည္တိုးတက္လာေအာင္ ေလ့က်င့္ဖုိ႔အတြက္လည္း နည္းျပငွားရမ္းႏိုင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။ ကစားသမားမ်ားဟာ မိမိကစားတဲ့ဂိမ္း၊ ဘာသာစကား၊ coach တစ္နာရီေစ်းႏႈန္း စတာေတြကို ၾကည့္ရႈျပီး နည္းျပမ်ားကို ငွားရမ္းႏိုင္မွာျဖစ္သလို နည္းျပမ်ားကလည္း ကစားသမားရဲ႕ အေျခအေနေပၚမူတည္ျပီး ကိုက္ညီတဲ့ သင္ၾကားမႈမ်ားျပဳလုပ္သြားႏိုင္မွာပါ။ Screen-sharing မ်ား၊ video/voice chat မ်ားနဲ႔ VOD upload မ်ားကေန တစ္ဆင့္ေလ့က်င့္မႈမ်ားကို ပူးေပါင္းလုပ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။

ဂိမ္းတစ္ခုမွာ သင္ယူေလ့လာဆဲ ကစားသမားမ်ားဟာလည္း ကြ်မ္းက်င္တဲ့ ကစားသမားမ်ားနဲ႔ အတူ ပူးေပါင္းကစားႏိုင္မွာျဖစ္ျပီး ဒီ feature ကို Carry လို႔ အမည္ေပးထားပါတယ္။ ကြ်မ္းက်င္ကစားသမားမ်ားဟာ သူတို႔နဲ႔ အတူလာေရာက္ပူးေပါင္းကစားဖုိ႔အတြက္ Twitch သို႔မဟုတ္ YouTube ေပၚက livestream မ်ားေပၚမွတစ္ဆင့္ ေဖာ္ျပသြားႏိုင္မွာျဖစ္ျပီး အတူတကြ rank တင္ဖုိ႔ ကူညီေပးသြားမွာပါ။

Planet9 ေပၚမွာ Game Statistics မ်ားကိုလည္း ၾကည့္ရႈႏိုင္မွာပါ။ ဂိမ္းပြဲမ်ားရဲ႕ အႏိုင္အရႈံး ရလဒ္မ်ား အပါအဝင္ kills, deaths, items purchased, gold farmed စ တာေတြကို အေသးစိတ္ေဖာ္ျပေပးထားမွာ ျဖစ္ျပီး နည္းျပမ်ားကလည္း ဒါေတြကို ၾကည့္ရႈျပီး ကစားသမား ပိုမိုတိုးတက္လာေအာင္ ေလ့က်င့္သင္ၾကားေပးႏိုင္မွာျဖစ္ပါတယ္။

Scrim လုိ႔ အမည္ေပးထားတဲ့ feature တစ္ခုလည္း ပါဝင္ျပီး ဒီ feature မွာ အသင္းအဖြဲ႔တစ္ခုကေန ေနာက္တစ္ခုကို စိန္ေခၚကစားျခင္း၊ အသင္းေပါင္းမ်ားစြာကို စိန္ေခၚကစားျခင္းမ်ားျပဳလုပ္ႏိုင္မွာပါ။ အပတ္စဥ္ျပဳလုပ္ေပးထားတဲ့ Tribe Wars ပြဲမ်ားကို ဝင္ေရာက္ျပီး အႏိုင္ရရွိမယ္ဆိုရင္ Planet9 ေပၚမွာ အသုံးျပဳႏိုင္မယ့္ bonus မ်ားနဲ႔ အျခားအက်ိဳးေက်းဇူးမ်ားကို ရယူႏိုင္မွာပါ။

Planet9 ေပၚမွာ tournament မ်ားကိုလည္း host ျပဳလုပ္ႏိုင္မွာျဖစ္ျပီး sponsored ျဖစ္ေစ official ျဖစ္ေစ အရြယ္အစားမေရြး ျပဳလုပ္ႏိုင္တယ္လုိ႔လည္း ဆိုပါတယ္။ ထို tournament မ်ားမွာ သင့္ေလ်ာ္တဲ့ skill-level ရွိသူမ်ား ဝင္ေရာက္ခြင့္ရမွာျဖစ္ျပီး ဆုမ်ားအတြက္ ယွဥ္ျပိဳင္ႏိုင္ၾကမွာပါ။ Feature မ်ိဳးစုံ ပါဝင္တဲ့ Acer ရဲ႕ Planet9 esports platform ဟာ ဂိမ္းေလာကမွာ ဘယ္ေလာက္အထိ ေအာင္ျမင္မယ္ဆိုတာကေတာ့ ထြက္ရွိခ်ိန္ထိ ေစာင့္ၾကည့္ၾကရမွာပဲ ျဖစ္ပါေတာ့တယ္။ Esports သတင္းမ်ားနဲ႔ အေၾကာင္းအရာမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

images referances: www.gamerbraves.com


[Unicode]

ကမ္ဘာကျော်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Acer ဟာ next-generation esports platform တစ်ခုကို လာမယ့်နှစ်မှာ စတင်သွားမယ်လို့ မကြာသေးမီက ကြေညာလိုက်ပါတယ်။ Planet9 လို့ အမည်ပေးထားတဲ့ open community ပုံစံ esports platform ပေါ်မှတစ်ဆင့် gamer များဟာ အသင်းများဖွဲ့စည်းခြင်း၊ လေ့ကျင့်ကစားခြင်းနဲ့ အခြားအသင်းများကို စိန်ခေါ်ကစားခြင်းများ ပြုလုပ်နိုင်မှာပါ။ Planet9 ရဲ့ open beta ကို ၂၀၂၀ ဇန်နဝါရီလ ၃၀ ရက်နေ့ကနေ စတင်သွားမှာဖြစ်ပါတယ်။

“Planet9 ဆိုတာကတော့ next-generation esports platform တစ်ခုပါ။ ဒီ platform ဟာ competitive နဲ့ casual gamer များကို ဂိမ်းကစားမှုစွမ်းရည်မြင့်တက်လာအောင် ကူညီပေးမှာဖြစ်ပြီး professional မဖြစ်သေးခင်မှာလည်း ယှဉ်ပြိုင်မှုများလည်းပြုလုပ်သွားနိုင်မှာပါ။” လို့ Acer ရဲ့ esports ပိုင်းဆိုင်ရာ တာဝန်ခံတစ်ဦးက ပြောသွားခဲ့ပါတယ်။ “Acer ရဲ့ hardware, software နဲ့ service ပိုင်း စွမ်းအားများကို အသုံးပြုထားတဲ့ Planet9 ဟာ gamer များအတွက် ပြည့်စုံတဲ့အတွေ့အကြုံများပေးစွမ်းမှာပါ။” လို့ လည်း ပြောခဲ့ပါသေးတယ်။

Planet9 ဟာ pro ကစားသမားများအတွက်သာမက အပျော်တမ်းကစားသမားများနဲ့ အခြေခံကစားသမားများအတွက်ပါ ရည်ရွယ်မှာဖြစ်ပြီး ကစားသမားများဟာ သူတို့ရဲ့ အားနည်းချက် အားသာချက်များကို platform ပေါ်မှာ လေ့လာသုံးသပ်နိုင်မှာပါ။ Community ထဲက အခြားသော gamer များနဲ့ ဆက်သွယ်ပြီး online tournament များကို ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာလည်း ဖြစ်ပါတယ်။

Planet9 မှာ အခြေအနေတူသူများ စုစည်းပြီး ဂိမ်းအသင်းများဖွဲ့စည်းနိုင်စေမယ့် feature များ ပါဝင်ပါတယ်။ ကစားသမားများဟာ add friends ပြုလုပ်ခြင်း၊ မိမိကြိုက်နှစ်သက်တဲ့အကြောင်းအရာတစ်ခုကို follow ပြုလုပ်ထားခြင်းနဲ့ မိမိနဲ့ တွဲဖက်ကစားသင့်တဲ့ ကစားသမားများအကြောင်း recommendation ရယူခြင်းများ ပြုလုပ်နိုင်မှာပါ။ ရှိပြီးသားအသင်းများအတွက်လည်း chatroom များတွင် စကားပြောခြင်း၊ game tactics များ share ပြုလုပ် မျှဝေခြင်း feature များ ပါဝင်ပါတယ်။

ဂိမ်းကျွမ်းကျင်မှုစွမ်းရည်တိုးတက်လာအောင် လေ့ကျင့်ဖို့အတွက်လည်း နည်းပြငှားရမ်းနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ကစားသမားများဟာ မိမိကစားတဲ့ဂိမ်း၊ ဘာသာစကား၊ coach တစ်နာရီဈေးနှုန်း စတာတွေကို ကြည့်ရှုပြီး နည်းပြများကို ငှားရမ်းနိုင်မှာဖြစ်သလို နည်းပြများကလည်း ကစားသမားရဲ့ အခြေအနေပေါ်မူတည်ပြီး ကိုက်ညီတဲ့ သင်ကြားမှုများပြုလုပ်သွားနိုင်မှာပါ။ Screen-sharing များ၊ video/voice chat များနဲ့ VOD upload များကနေ တစ်ဆင့်လေ့ကျင့်မှုများကို ပူးပေါင်းလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ဂိမ်းတစ်ခုမှာ သင်ယူလေ့လာဆဲ ကစားသမားများဟာလည်း ကျွမ်းကျင်တဲ့ ကစားသမားများနဲ့ အတူ ပူးပေါင်းကစားနိုင်မှာဖြစ်ပြီး ဒီ feature ကို Carry လို့ အမည်ပေးထားပါတယ်။ ကျွမ်းကျင်ကစားသမားများဟာ သူတို့နဲ့ အတူလာရောက်ပူးပေါင်းကစားဖို့အတွက် Twitch သို့မဟုတ် YouTube ပေါ်က livestream များပေါ်မှတစ်ဆင့် ဖော်ပြသွားနိုင်မှာဖြစ်ပြီး အတူတကွ rank တင်ဖို့ ကူညီပေးသွားမှာပါ။

Planet9 ပေါ်မှာ Game Statistics များကိုလည်း ကြည့်ရှုနိုင်မှာပါ။ ဂိမ်းပွဲများရဲ့ အနိုင်အရှုံး ရလဒ်များ အပါအဝင် kills, deaths, items purchased, gold farmed စ တာတွေကို အသေးစိတ်ဖော်ပြပေးထားမှာ ဖြစ်ပြီး နည်းပြများကလည်း ဒါတွေကို ကြည့်ရှုပြီး ကစားသမား ပိုမိုတိုးတက်လာအောင် လေ့ကျင့်သင်ကြားပေးနိုင်မှာဖြစ်ပါတယ်။

Scrim လို့ အမည်ပေးထားတဲ့ feature တစ်ခုလည်း ပါဝင်ပြီး ဒီ feature မှာ အသင်းအဖွဲ့တစ်ခုကနေ နောက်တစ်ခုကို စိန်ခေါ်ကစားခြင်း၊ အသင်းပေါင်းများစွာကို စိန်ခေါ်ကစားခြင်းများပြုလုပ်နိုင်မှာပါ။ အပတ်စဉ်ပြုလုပ်ပေးထားတဲ့ Tribe Wars ပွဲများကို ဝင်ရောက်ပြီး အနိုင်ရရှိမယ်ဆိုရင် Planet9 ပေါ်မှာ အသုံးပြုနိုင်မယ့် bonus များနဲ့ အခြားအကျိုးကျေးဇူးများကို ရယူနိုင်မှာပါ။

Planet9 ပေါ်မှာ tournament များကိုလည်း host ပြုလုပ်နိုင်မှာဖြစ်ပြီး sponsored ဖြစ်စေ official ဖြစ်စေ အရွယ်အစားမရွေး ပြုလုပ်နိုင်တယ်လို့လည်း ဆိုပါတယ်။ ထို tournament များမှာ သင့်လျော်တဲ့ skill-level ရှိသူများ ဝင်ရောက်ခွင့်ရမှာဖြစ်ပြီး ဆုများအတွက် ယှဉ်ပြိုင်နိုင်ကြမှာပါ။ Feature မျိုးစုံ ပါဝင်တဲ့ Acer ရဲ့ Planet9 esports platform ဟာ ဂိမ်းလောကမှာ ဘယ်လောက်အထိ အောင်မြင်မယ်ဆိုတာကတော့ ထွက်ရှိချိန်ထိ စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတော့တယ်။ Esports သတင်းများနဲ့ အကြောင်းအရာများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

images referances: www.gamerbraves.com