[Unicode]

ချက်လက်မှတ်အလွတ်နဲ့ အသင်းပြောင်းရွှေ့ကြေး စိတ်ကြိုက်တောင်းဖို့ ကမ်းလှမ်းခံခဲ့ရတဲ့ League of Legends ကစားသမား

 

တောင်ကိုရီးယားလူမျိုး Faker ဟာ League of Legends ကစားသမားတစ်ဦးဖြစ်ပြီး အသက် ၂၃ နှစ်အရွယ်သာရှိပါသေးတယ်။ Midlane role ကို ကစားလေ့ရှိပြီး သူ့ရဲ့ Zed ဟာ League အသိုင်းအဝိုင်းမှာ အလွန်နာမည်ကြီးပါတယ်။ သူဟာ League of Legends World Championship ကို ၃ ကြိမ်တိတိ အနိုင်ရရှိခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ကိုရီးယား talk show အစီအစဉ်တစ်ခုဖြစ်တဲ့ Radio Star မှာတော့ Faker ဟာ မြောက်အမေရိက Esports အဖွဲ့အစည်း တစ်ခုက သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တဲ့အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မြောက်အမေရိကအသင်းကို ရောက်ရှိလာစေဖို့အတွက် ပြောင်းရွှေ့ကြေးနဲ့ လစာကိုလည်း ကန့်သတ်မထားပဲ ချက်လက်မှတ်အလွတ်နဲ့ စိတ်ကြိုက်တောင်းစေခဲ့တဲ့အကြောင်းကိုလည်း ပြောခဲ့ပါတယ်။

Faker and Super Junior’s Heechul at Radio Star Show

Faker ဟာ ဆယ်စုနှစ်တစ်ခုရဲ့ ကမ္ဘာ့အကောင်းဆုံး Esports ကစားသမားများထဲကတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူပါ။ ဒီကမ်းလှမ်းချက်သာ အထမြောက်ခဲ့ရင် သူဟာ မြောက်အမေရိကရဲ့ လစာအများဆုံး League of Legends ကစားသမားတစ်ဦးလည်း ဖြစ်လာနိုင်ပါတယ်။ တောင်ကိုရီးယားကနေ မပြောင်းရွှေ့ဖူးတဲ့ Faker အတွက် နိုင်ငံခြားအသင်းတစ်ခုမှာ ကစားရတဲ့ ပထမဆုံးအတွေ့အကြုံလည်း ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် Faker ကတော့ အမိနိုင်ငံကို မစွန့်ခွာလိုကြောင်း ပြောပြီး ငြင်းပယ်ခဲ့ပါတယ်။ အထူးသဖြင့် သူ့ကို အားပေးနေတဲ့ တောင်ကိုရီးယားပရိသတ်များကို စိတ်မပျက်စေလိုကြောင်း၊ ကိုယ့်နိုင်ငံအတွင်းမှာနေရတာက ပိုပြီးအဆင်ပြေကြောင်း အစရှိသဖြင့်လည်း ပြောခဲ့ပါသေးတယ်။

Faker with Red Velvet members

Faker ဟာ တောင်ကိုရီးယားအသင်း SK Telecom T1 မှာ ၂၀၁၃ နှစ်ဦးပိုင်းထဲက ကစားလာခဲ့သူပါ။ ၂၀၁၉ မှာ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပေမယ့် နှစ်နှောင်းပိုင်းမှာ T1 နဲ့ ၂ နှစ် စာချုပ် ထပ်မံချုပ်ဆိုခဲ့ပါတယ်။ သူ့ရဲ့လစာကို ထုတ်ဖော်ပြောကြားထားခြင်း မရှိပေမယ့် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂သန်းခွဲခန့် ရရှိကြောင်း အများက ခန့်မှန်းကြပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

source: dotesports


[Zawgyi]

ခ်က္လက္မွတ္အလြတ္နဲ႔ အသင္းေျပာင္းေရႊ႕ေၾကး စိတ္ၾကိဳက္ေတာင္းဖုိ႔ ကမ္းလွမ္းခံခဲ့ရတဲ့ League of Legends ကစားသမား

 

ေတာင္ကိုရီးယားလူမ်ိဳး Faker ဟာ League of Legends ကစားသမားတစ္ဦးျဖစ္ျပီး အသက္ ၂၃ ႏွစ္အရြယ္သာရွိပါေသးတယ္။ Midlane role ကို ကစားေလ့ရွိျပီး သူ႔ရဲ႕ Zed ဟာ League အသိုင္းအဝိုင္းမွာ အလြန္နာမည္ၾကီးပါတယ္။ သူဟာ League of Legends World Championship ကို ၃ ၾကိမ္တိတိ အႏိုင္ရရွိခဲ့ဖူးသူလည္း ျဖစ္ပါတယ္။

ကိုရီးယား talk show အစီအစဥ္တစ္ခုျဖစ္တဲ့ Radio Star မွာေတာ့ Faker ဟာ ေျမာက္အေမရိက Esports အဖြဲ႔အစည္း တစ္ခုက သူ႔ကို ေခၚယူဖုိ့ ကမ္းလွမ္းခဲ့တဲ့အေၾကာင္းကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ေျမာက္အေမရိကအသင္းကို ေရာက္ရွိလာေစဖုိ႔အတြက္ ေျပာင္းေရႊ႕ေၾကးနဲ႔ လစာကိုလည္း ကန္႔သတ္မထားပဲ ခ်က္လက္မွတ္အလြတ္နဲ႔ စိတ္ၾကိဳက္ေတာင္းေစခဲ့တဲ့အေၾကာင္းကိုလည္း ေျပာခဲ့ပါတယ္။

Faker and Super Junior’s Heechul at Radio Star Show

Faker ဟာ ဆယ္စုႏွစ္တစ္ခုရဲ႕ ကမၻာ့အေကာင္းဆုံး Esports ကစားသမားမ်ားထဲကတစ္ဦးအျဖစ္ သတ္မွတ္ခံထားရသူပါ။ ဒီကမ္းလွမ္းခ်က္သာ အထေျမာက္ခဲ့ရင္ သူဟာ ေျမာက္အေမရိကရဲ႕ လစာအမ်ားဆုံး League of Legends ကစားသမားတစ္ဦးလည္း ျဖစ္လာႏိုင္ပါတယ္။ ေတာင္ကိုရီးယားကေန မေျပာင္းေရြွ႕ဖူးတဲ့ Faker အတြက္ ႏိုင္ငံျခားအသင္းတစ္ခုမွာ ကစားရတဲ့ ပထမဆုံးအေတြ႔အၾကံဳလည္း ျဖစ္လာႏိုင္ပါတယ္။

ဒါေပမယ့္ Faker ကေတာ့ အမိႏိုင္ငံကို မစြန္႔ခြာလိုေၾကာင္း ေျပာျပီး ျငင္းပယ္ခဲ့ပါတယ္။ အထူးသျဖင့္ သူ႔ကို အားေပးေနတဲ့ ေတာင္ကိုရီးယားပရိသတ္မ်ားကို စိတ္မပ်က္ေစလိုေၾကာင္း၊ ကိုယ့္ႏိုင္ငံအတြင္းမွာေနရတာက ပိုျပီးအဆင္ေျပေၾကာင္း အစရွိသျဖင့္လည္း ေျပာခဲ့ပါေသးတယ္။

Faker with Red Velvet members

Faker ဟာ ေတာင္ကိုရီးယားအသင္း SK Telecom T1 မွာ ၂၀၁၃ ႏွစ္ဦးပိုင္းထဲက ကစားလာခဲ့သူပါ။ ၂၀၁၉ မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့ေပမယ့္ ႏွစ္ေႏွာင္းပိုင္းမွာ T1 နဲ႔ ၂ ႏွစ္ စာခ်ဳပ္ ထပ္မံခ်ဳပ္ဆိုခဲ့ပါတယ္။ သူ႕ရဲ႕လစာကို ထုတ္ေဖာ္ေျပာၾကားထားျခင္း မရွိေပမယ့္ တစ္ႏွစ္ကို အေမရိကန္ေဒၚလာ ၂သန္းခြဲခန့္ ရရွိေၾကာင္း အမ်ားက ခန္႕မွန္းၾကပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကုိ Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

source: dotesports