[Unicode]

Call of Duty ဆော့တဲ့ ဂျပန်နိုင်ငံက (၈၉) နှစ်အရွယ် Gamer ဖွားဖွား

 

ယနေ့ခေတ်မှာ ဂိမ်းကစားခြင်းကို အမျိုးသားများသာမက အမျိုးသမီးများပါ နှစ်ခြိုက်စွာ ပြုလုပ်လာကြပါတယ်။ Mobile Legends နဲ့ PUBG ကစားလေ့ရှိတဲ့ အမျိုးသမီး gamer ဆိုတာ ယခုအချိန်မှာ အထူးအဆန်း မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဂိမ်းပရိသတ်များကို အံ့အားသင့်စေနိုင်မယ့် ထူးခြားတဲ့ အနေအထားများနဲ့ အမျိုးသမီး gamer တစ်ဦးတော့ ရှိပါတယ်။

Mori Hamako လို့ အမည်ရတဲ့ အသက် ၈၉ နှစ်အရွယ် gamer အမျိုးသမီးကြီးဟာ Call of Duty: Modern Warfare, Borderlands 3 နဲ့ GTA တို့ကို ကစားလေ့ရှိသူပါ။ သူမမှာ ကိုယ်ပိုင် Youtube channel လည်း ရှိပြီး သူမ ဂိမ်းကစားနေတဲ့ ဗီဒီယိုများ တင်လေ့ရှိပါတယ်။ Gamer Grandma လို့ အမည်ပေးထားတဲ့ သူမရဲ့ channel ဟာ ယခုအချိန်မှာ subscriber တစ်သိန်းကျော်သွားပါပြီ။

သူမဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄ ခုလောက်ထဲက ခေတ်ပေါ်ဂိမ်းများကို စတင်ကစားလာခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၈၁ မှာ Cassette Vision console ဂိမ်းစက်ကို ပထမဆုံး စတင်ကစားခဲ့တာပါ။ ယင်းနောက်မှာတော့ Nintendo Entertainment System (NES) ခေါ် Famicon ဂိမ်းစက်ကို ပြောင်းလဲကစားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ PS4 တို့လို ခေတ်ပေါ်ဂိမ်းစက်များနဲ့ ခေတ်ပေါ်ဂိမ်းများကို ကစားလာခဲ့ပါတယ်။ ဂိမ်းကို တစ်ယောက်တည်း ကစားတာထက် အများနဲ့မျှဝေတာ ပိုကောင်းကြောင်းစဉ်းစားမိခဲ့လို Youtube channel ကို ပြုလုပ်ခဲ့ကြောင်း သူမက ဆိုပါတယ်။ သူမရဲ့ ဂိမ်းဗီဒီယိုများမှတစ်ဆင့် FPS ဂိမ်းများအပေါ် ကျွမ်းကျင်ပိုင်နိုင်မှုကို တွေ့မြင်ရသူများ ရပ်သပ်ရှုမောဖြစ်ကြရပါတယ်။

ဂိမ်းကို ကောင်းစွာကစားနိုင်စေဖို့အတွက် စိတ်ကိုတည်ငြိမ်စွာထားနိုင်ဖို့နဲ့ တိကျမှုရှိဖို့လိုအပ်ကြောင်း သူမက ပြောပါတယ်။ ဗီဒီယိုဂိမ်းများဟာ စိတ်ကို ထက်မြက်လာစေကြောင်းကိုလည်း ပြောခဲ့ပါတယ်။ လူငယ်များအတွက် သူမရဲ့ အကြံပြုချက်ကတော့ ဂိမ်းကို ငယ်ရွယ်စဉ်ထဲက တတ်နိုင်သမျှ စောစောကစားသင့်ပြီး မရပ်နားသင့်ကြောင်းပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

source: goodyfeed


[ZawGyi]

Call of Duty ေဆာ့တဲ့ ဂ်ပန္ႏိုင္ငံက (၈၉) ႏွစ္အ႐ြယ္ Gamer ဖြားဖြား

 

ယေန႔ေခတ္မွာ ဂိမ္းကစားျခင္းကို အမ်ိဳးသားမ်ားသာမက အမ်ိဳးသမီးမ်ားပါ ႏွစ္ၿခိဳက္စြာ ျပဳလုပ္လာၾကပါတယ္။ Mobile Legends နဲ႔ PUBG ကစားေလ့ရွိတဲ့ အမ်ိဳးသမီး gamer ဆိုတာ ယခုအခ်ိန္မွာ အထူးအဆန္း မဟုတ္ေတာ့ပါဘူး။ ဒါေပမယ့္ ဂိမ္းပရိသတ္မ်ားကို အံ့အားသင့္ေစႏိုင္မယ့္ ထူးျခားတဲ့ အေနအထားမ်ားနဲ႔ အမ်ိဳးသမီး gamer တစ္ဦးေတာ့ ရွိပါတယ္။

Mori Hamako လို႔ အမည္ရတဲ့ အသက္ ၈၉ ႏွစ္အ႐ြယ္ gamer အမ်ိဳးသမီးႀကီးဟာ Call of Duty: Modern Warfare, Borderlands 3 နဲ႔ GTA တို႔ကို ကစားေလ့ရွိသူပါ။ သူမမွာ ကိုယ္ပိုင္ Youtube channel လည္း ရွိၿပီး သူမ ဂိမ္းကစားေနတဲ့ ဗီဒီယိုမ်ား တင္ေလ့ရွိပါတယ္။ Gamer Grandma လို႔ အမည္ေပးထားတဲ့ သူမရဲ႕ channel ဟာ ယခုအခ်ိန္မွာ subscriber တစ္သိန္းေက်ာ္သြားပါၿပီ။

သူမဟာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ ၄ ခုေလာက္ထဲက ေခတ္ေပၚဂိမ္းမ်ားကို စတင္ကစားလာခဲ့တယ္လို႔ ဆိုပါတယ္။ ၁၉၈၁ မွာ Cassette Vision console ဂိမ္းစက္ကို ပထမဆုံး စတင္ကစားခဲ့တာပါ။ ယင္းေနာက္မွာေတာ့ Nintendo Entertainment System (NES) ေခၚ Famicon ဂိမ္းစက္ကို ေျပာင္းလဲကစားခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ PS4 တို႔လို ေခတ္ေပၚဂိမ္းစက္မ်ားနဲ႔ ေခတ္ေပၚဂိမ္းမ်ားကို ကစားလာခဲ့ပါတယ္။ ဂိမ္းကို တစ္ေယာက္တည္း ကစားတာထက္ အမ်ားနဲ႔မွ်ေဝတာ ပိုေကာင္းေၾကာင္းစဥ္းစားမိခဲ့လို Youtube channel ကို ျပဳလုပ္ခဲ့ေၾကာင္း သူမက ဆိုပါတယ္။ သူမရဲ႕ ဂိမ္းဗီဒီယိုမ်ားမွတစ္ဆင့္ FPS ဂိမ္းမ်ားအေပၚ ကြၽမ္းက်င္ပိုင္ႏိုင္မႈကို ေတြ႕ျမင္ရသူမ်ား ရပ္သပ္ရႈေမာျဖစ္ၾကရပါတယ္။

ဂိမ္းကို ေကာင္းစြာကစားႏိုင္ေစဖို႔အတြက္ စိတ္ကိုတည္ၿငိမ္စြာထားႏိုင္ဖို႔နဲ႔ တိက်မႈရွိဖို႔လိုအပ္ေၾကာင္း သူမက ေျပာပါတယ္။ ဗီဒီယိုဂိမ္းမ်ားဟာ စိတ္ကို ထက္ျမက္လာေစေၾကာင္းကိုလည္း ေျပာခဲ့ပါတယ္။ လူငယ္မ်ားအတြက္ သူမရဲ႕ အႀကံျပဳခ်က္ကေတာ့ ဂိမ္းကို ငယ္႐ြယ္စဥ္ထဲက တတ္ႏိုင္သမွ် ေစာေစာကစားသင့္ၿပီး မရပ္နားသင့္ေၾကာင္းပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

source: goodyfeed