[Unicode]

Pokemon ဂိမ်းပြိုင်ပွဲ အနိုင်ရရှိခဲ့တဲ့ (၇) နှစ်အရွယ် မိန်းကလေး Gamer

 

Pokémon Sword and Shield ဟာ ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာမှ ထုတ်လုပ်ခဲ့တဲ့ Nintendo Switch ဗီဒီယိုဂိမ်းသစ်တစ်ခုပါ။ ထုတ်လုပ်ပြီး သိပ်မကြာခင်မှာတင် အရေအတွက်ပေါင်း ၁၆ သန်းကျော် ရောင်းချနိုင်ခဲ့လို့ ရောင်းအားအမြန်ဆုံး Switch ဂိမ်းအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ယင်းဂိမ်းဟာ Ronda Rousey အပါအဝင် နာမည်ကျော်သရုပ်ဆောင်များ ကစားလေ့ရှိတဲ့ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။

မကြာသေးမီကတော့ ၂၀၂၀ အတွက် Pokémon Oceania International Junior Championships ပြိုင်ပွဲကို သြစတေးလျနိုင်ငံမှာ ကျင်းပခဲ့ပြီး အသက် ၇ နှစ်အရွယ်သာ ရှိသေးတဲ့ စင်ကာပူနိုင်ငံသူ Simone Lim က အနိုင်ရရှိသွားခဲ့ပါတယ်။ သူမဟာ ဂရင်းဖိုင်နယ်ပွဲစဉ်များမှာ သူမထက် အသက် ၂ ဆလောက်ကြီးပြီး regional championship များကို ၂၁ ကြိမ်အထိ အနိုင်ရရှိထားတဲ့ ပြိုင်ဘက် Justin Miranda Randbord ကို ယှဉ်ပြိုင်အနိုင်ရခဲ့တာဖြစ်ပါတယ်။

Simone Lim

ဂရင်းဖိုင်နယ်ပွဲစဉ်များရဲ့ နောက်ဆုံးပွဲမှာ Simone Lim ဘက်က Tyranitar ပိုကီမွန်တစ်ကောင်သာ ကျန်ပြီး Randbord ဘက်က Rhyperior နဲ့ Dusclops ၂ ကောင်တောင် ကျန်ပါသေးတယ်။ လုံးဝအမှားမခံတော့တဲ့အချိန်မှာ Lim ဟာ ပြိုင်ဘက်ဆီက ထပ်လာမယ့်လှုပ်ရှားမှုကို အတိအကျခန့်မှန်းနိုင်ခဲ့ပါတယ်။

ပြိုင်ဘက်ပိုကီမွန် Rhyperior နဲ့ Protect အသုံးပြုမှာဖြစ်ကြောင်း ခန့်မှန်းလိုက်နိုင်တဲ့ Lim ဟာ အခြားပြိုင်ဘက်ပိုကီမွန် Dusclops ကို ယင်းရဲ့အားနည်းချက် Dark အမျိုးအစား ability Crunch ကို အသုံးပြုပြီး အရင်ဆုံးချေမှုန်းလိုက်ပါတယ်။ ယင်းနောက်မှာတော့ သူမရဲ့ ပိုကီမွန် Tyranitar နဲ့ Superpower attack ကို အတိအကျသုံးလိုက်နိုင်လို့ ပြိုင်ဘက်ဖြစ်သူဟာ အရှုံးပေးလိုက်ရပြီး ချန်ပီယံဖြစ်လာခဲ့ပါတယ်။

Simone Lim

အနိုင်ရရှိပြီးနောက် Victory Road VCG က Lim ကို အင်တာဗျူးခဲ့ချိန်မှာလည်း သူမ ဟာ နောက်ဆုံးပွဲမှာ ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းနိုင်ခဲ့တဲ့အကြောင်း ဖြေကြားခဲ့ပါတယ်။ ယင်းနောက်မှာတော့ သူမရဲ့ မိသားစုနဲ့ သူငယ်ချင်းများရဲ့အားပေးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောသွားခဲ့ပါတယ်။

ဒီလိုအနိုင်ရရှိခဲ့တဲ့အတွက် Simone Lim ကို ကန်ဒေါ်လာ ၁,၅၀၀ နဲ့ Eevee အရုပ်လေးတစ်ရုပ် ဆုချီးမြှင့်ခဲ့ပါတယ်။ သင့်တော်တဲ့ အချိန်အတိုင်းအတာတစ်ခုအထိ ဂိမ်းကစားခြင်းဟာ ငယ်ရွယ်သူများရဲ့ ဦးနှောက်စွမ်းရည်ကို ကောင်းမွန်လာစေနိုင်တာမို့ ခေတ်မီနိုင်ငံများမှာတော့ လူငယ်များဂိမ်းကစားခြင်းကို အားပေးလေ့ရှိကြတာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက် ရှိပါတယ်။
source: OneEsports


[Zawgyi]

Pokemon ဂိမ္းၿပိဳင္ပြဲ အႏိုင္ရရွိခဲ့တဲ့ (၇) ႏွစ္အ႐ြယ္ မိန္းကေလး Gamer

 

Pokémon Sword and Shield ဟာ ၂၀၁၉ ခုႏွစ္ေႏွာင္းပိုင္းမွာမွ ထုတ္လုပ္ခဲ့တဲ့ Nintendo Switch ဗီဒီယိုဂိမ္းသစ္တစ္ခုပါ။ ထုတ္လုပ္ၿပီး သိပ္မၾကာခင္မွာတင္ အေရအတြက္ေပါင္း ၁၆ သန္းေက်ာ္ ေရာင္းခ်ႏိုင္ခဲ့လို႔ ေရာင္းအားအျမန္ဆုံး Switch ဂိမ္းအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။ ယင္းဂိမ္းဟာ Ronda Rousey အပါအဝင္ နာမည္ေက်ာ္သ႐ုပ္ေဆာင္မ်ား ကစားေလ့ရွိတဲ့ဂိမ္းတစ္ခုလည္း ျဖစ္ပါတယ္။

မၾကာေသးမီကေတာ့ ၂၀၂၀ အတြက္ Pokémon Oceania International Junior Championships ၿပိဳင္ပြဲကို ၾသစေတးလ်ႏိုင္ငံမွာ က်င္းပခဲ့ၿပီး အသက္ ၇ ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ စင္ကာပူႏိုင္ငံသူ Simone Lim က အႏိုင္ရရွိသြားခဲ့ပါတယ္။ သူမဟာ ဂရင္းဖိုင္နယ္ပြဲစဥ္မ်ားမွာ သူမထက္ အသက္ ၂ ဆေလာက္ႀကီးၿပီး regional championship မ်ားကို ၂၁ ႀကိမ္အထိ အႏိုင္ရရွိထားတဲ့ ၿပိဳင္ဘက္ Justin Miranda Randbord ကို ယွဥ္ၿပိဳင္အႏိုင္ရခဲ့တာျဖစ္ပါတယ္။

Simone Lim

ဂရင္းဖိုင္နယ္ပြဲစဥ္မ်ားရဲ႕ ေနာက္ဆုံးပြဲမွာ Simone Lim ဘက္က Tyranitar ပိုကီမြန္တစ္ေကာင္သာ က်န္ၿပီး Randbord ဘက္က Rhyperior နဲ႔ Dusclops ၂ ေကာင္ေတာင္ က်န္ပါေသးတယ္။ လုံးဝအမွားမခံေတာ့တဲ့အခ်ိန္မွာ Lim ဟာ ၿပိဳင္ဘက္ဆီက ထပ္လာမယ့္လႈပ္ရွားမႈကို အတိအက်ခန႔္မွန္းႏိုင္ခဲ့ပါတယ္။

ၿပိဳင္ဘက္ပိုကီမြန္ Rhyperior နဲ႔ Protect အသုံးျပဳမွာျဖစ္ေၾကာင္း ခန႔္မွန္းလိုက္ႏိုင္တဲ့ Lim ဟာ အျခားၿပိဳင္ဘက္ပိုကီမြန္ Dusclops ကို ယင္းရဲ႕အားနည္းခ်က္ Dark အမ်ိဳးအစား ability Crunch ကို အသုံးျပဳၿပီး အရင္ဆုံးေခ်မႈန္းလိုက္ပါတယ္။ ယင္းေနာက္မွာေတာ့ သူမရဲ႕ ပိုကီမြန္ Tyranitar နဲ႔ Superpower attack ကို အတိအက်သုံးလိုက္ႏိုင္လို႔ ၿပိဳင္ဘက္ျဖစ္သူဟာ အရႈံးေပးလိုက္ရၿပီး ခ်န္ပီယံျဖစ္လာခဲ့ပါတယ္။

Simone Lim

အႏိုင္ရရွိၿပီးေနာက္ Victory Road VCG က Lim ကို အင္တာဗ်ဴးခဲ့ခ်ိန္မွာလည္း သူမ ဟာ ေနာက္ဆုံးပြဲမွာ ၿပိဳင္ဘက္ရဲ႕ လႈပ္ရွားမႈကို ႀကိဳတင္ခန႔္မွန္းႏိုင္ခဲ့တဲ့အေၾကာင္း ေျဖၾကားခဲ့ပါတယ္။ ယင္းေနာက္မွာေတာ့ သူမရဲ႕ မိသားစုနဲ႔ သူငယ္ခ်င္းမ်ားရဲ႕အားေပးမႈအတြက္ ေက်းဇူးတင္ေၾကာင္း ေျပာသြားခဲ့ပါတယ္။

ဒီလိုအႏိုင္ရရွိခဲ့တဲ့အတြက္ Simone Lim ကို ကန္ေဒၚလာ ၁,၅၀၀ နဲ႔ Eevee အ႐ုပ္ေလးတစ္႐ုပ္ ဆုခ်ီးျမႇင့္ခဲ့ပါတယ္။ သင့္ေတာ္တဲ့ အခ်ိန္အတိုင္းအတာတစ္ခုအထိ ဂိမ္းကစားျခင္းဟာ ငယ္႐ြယ္သူမ်ားရဲ႕ ဦးေႏွာက္စြမ္းရည္ကို ေကာင္းမြန္လာေစႏိုင္တာမို႔ ေခတ္မီႏိုင္ငံမ်ားမွာေတာ့ လူငယ္မ်ားဂိမ္းကစားျခင္းကို အားေပးေလ့ရွိၾကတာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ ရွိပါတယ္။
source: OneEsports