7.28 Patch မှာ Teamfight အတွက် Broken အဖြစ်ဆုံး Aghanim’s Shard များ

 

Dota ရဲ့ patch အသစ်အနေနဲ့ 7.28 ကို ထုတ်ပေးခဲ့တာဟာ တစ်ပါတ် ပြည့်သွားလို့ nerf တဲ့အနေနဲ့ 7.28a ဆိုပြီးတော့တောင် ထွက်လာပါပြီ။ ဒါပေမယ့် အဲဒီ့အထဲမှာ မ nerf သေးဘဲ ကျန်နေသေးတဲ့ အသုံးဝင်မယ့် shard အသစ်လေးတွေ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

1. Enigma

Team Nigma တို့ OG တို့ အကြိုက် position အစုံမှာ စွဲစွဲမြဲမြဲ အသုံးပြုနေကျ enigma ဟာ team fight ultimate အတော် ကောင်းတဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ team fight မှာ black hole အသုံးပြုမယ်ဆိုရင် သေသေချာချာ စောင့်ဆိုင်း၊ position ကောင်းကောင်းယူပြီးမှ သုံးရပါတယ်။ Item တွေနေနဲ့ လဲ bkb blink စတာတွေ လိုအပ်ပါတယ်။

ယခု 7.28 ရဲ့ update မှာထွက် လာတဲ့ aghanim shard ကတော့ black hole ရဲ့ AoE အပြင်ဘက်မှာ နောက်ထပ် AoE တစ်ကွင်း ထပ်ချဲ့ပေးထားပါတယ်။ အဲ့ဒီ AoE ထဲမှာ ရှိတဲ့ ရန်သူ hero တွေဟာ black hole လိုပဲ အဆွဲခံရပါမယ်။ ဒါပေမယ့် လှုပ်လို့တော့ရပါဦးမယ်။ သဘောက ဆွဲတော့ ဆွဲနေမယ် ဒါပေမယ့် ထွက်ပြေးလို့တော့ ရပါသေးတယ်။ ရုတ်တရက် ကြည့်ရင်တော့ သိပ်မဆိုးဘူး ထင်ရပေမယ့် တစ်ကယ့် တစ်ကယ် battle ဆိုင်တဲ့အခါဆိုရင် ဒုတိယ AoE ထဲက hero တွေက ထွက်ပဲပြေးရမလို disable ပဲပြန်လှည့်ပေးရမလို နဲ့ တော်တော်တိုင်ပတ်ပါတယ်။ ဘာလို့လဲဆိုတော့ disable ပေးဖို့ လှည့်လိုက်တာနဲ့ ဒုတိယ AoE ရဲ့ ဆွဲထားတဲ့ အားကြောင့် black hole ပထမ AoE ထဲကို ဝင်သွားရင် ဘာမှ လုပ်မရတော့ပါဘူး။

Aghanim shard ကလဲ ၁၄၀၀ သာ ပေးရတဲ့ အတွက် position 5 enigma လိုမျိုးသာဆိုရင် ရှာရလွယ်ပါတယ်။ ဒါပေမယ့် laning မှာတော့ carry ကို သိပ်မကြည့်ပေးနိုင်လို့ ဒုက္ခရောက်နိုင်ပါတယ်။ Offlane or position 4 လိုမျိုးအတွက်ကလည်း mobility အားနည်းတဲ့အတွက် enigma pick တွေကို pro scene တွေမှာ တွင်တွင်ကျယ်ကျယ် မြင်တွေ့ရဖို့ကတော့ ပွဲရဲ့ အခြေအနေ ပေါ်မှာတော့ မူတည်နေဦးမှာပါ။ Enigma ကို ကောင်းကောင်း အသုံးချတတ်တဲ့ OG တို့ nigma တို့အတွက်ကတော့ ရွှေပါပဲ။ High cooldown ability တွေကို punish မလုပ်တတ်တဲ့ bracket တွေမှာတော့ OP ဖြစ်လာနိုင်ပါတယ်။

2. Earth shaker

Dota မှာ earth shaker ဆိုတာ အားလုံးနဲ့ မစိမ်းတဲ့ Hero တစ်ကောင်ပါ။ သုံးတတ်မယ်ဆိုရင် သိပ်ကို ကောင်းတဲ့ disabler, ganker, team fight hero တစ်ကောင်ပါ။ ဒီနေရာမှာ enigma ထက်သာတာ တစ်ခုက black hole မရှိတဲ့ enigma ဟာ team fight power 80% လောက် လျော့ပေမယ့် echo မရှိတဲ့ shaker ကတော့ Team fight power 20% လောက်သာ ဆုံးရှုံးတာပါ။

Shaker ကို များသောအားဖြင့်ကတော့ position 4အနေနဲ့ အသုံးပြုကြပါတယ်။ Echo slam ဟာ damage output များတဲ့ spell တစ်ခုဆိုတာ မှန်ပေမယ့် shaker player ကောင်းတစ်ယောက် ဟုတ်မဟုတ် ဆိုတာ fissure အသုံးပြုပုံကို ကြည့်ပြီး သိနိုင်ပါတယ်။

Mid lane ဖြစ်ဖြစ် offlane ဖြစ်ဖြစ် gank တတ်မယ်ဆိုရင် fissure တစ်ချောင်းတည်း နဲ့ အလုပ်ဖြစ်ပါတယ်။ တော်တော်များများ hero တွေရဲ့ power spike က level 3-5 ဆိုပေမယ့် shaker ဟာ level 1 ကတည်းက strong ဖြစ်တဲ့ hero လို့ ပြောလို့ရပါတယ်။ ဘာကြောင့် ဒီ fissure အကြောင်းကို ပြောရသလဲဆိုရင် shaker ရဲ့ shard ဟာ fissure ကို upgrade ပေးထားတဲ့ အပြင် တစ်ခြား spell တွေ နဲ့ synergy ကိုပါ တင်ထားလို့ပါပဲ။

ဘယ်လိုတင်ပေးထားလဲ ဆိုရင် Fissure လမ်းတစ်လျှောက်ကို shaker က free pathing ရမှာဖြစ်ပြီး fissure လမ်းကြောင်းကြီး ရှိနေတဲ့ အချိန်မှာ သုံးသမျှ spell တိုင်းရဲ့ aftershock effect ဟာ fissure တစ်လျှောက် ရမှာပါ။ မြေပုံရဲ့ ဘယ်နေရာက သုံးသုံး fissure နဲ့ ထိနေတဲ့ ရန်သူမှန်သမျှ aftershock ရနေမှာပါ။

Free pathing fissure ကလဲ escape တစ်ခုအနေနဲ့ရော positioning အနေနဲ့ပါ သုံးလို့ရလို့ OP ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ကိုယ့်အသင်းဘက်က နိမ့်နေတဲ့အချိန်မျိုးမှာ ဆိုရင် shard ဝယ်လိုက်ခြင်းက team fight မှာ တော်တော် အထောက်အကူပြုပေးမှာပါ။ Blink နဲ့ position ယူပြီး spell ပေးရတာကတော့ ပိုကောင်းပေမယ့် shard က ၁၄၀၀ ပဲကျမှာ ဖြစ်လို့ ပိုက်ဆံစုရ သက်သာပြီး အသုံးဝင်စေပါတယ်။

3. Mars

Mars ကတော့ အားလုံးသိတဲ့အတိုင်း offlane hero တစ်ကောင်ဖြစ်ပါတယ်။ သူ့ရဲ့ ability တွေက high damage output တွေ disable တွေ AoE Crowd control တွေနဲ့ အတော် စုံလင်ပြီး team fight အတွက် အင်မတန် အသုံးဝင်ပါတယ်။ Mars ရဲ့ shard ကတော့ level 1 ဖြစ်တဲ့ spear of mars ကို ပြောင်းပေးထားတာဖြစ်ပါတယ်။

ပုံမှန်ဆိုရင် spears က hero တစ်ကောင်ကိုပဲ စိုက်မှာဖြစ်ပြီး shard ဝယ်လိုက်ရင်တော့ ၂ ကောင်ထိ စိုက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် spear လမ်းကြောင်းတစ်လျှောက်မှာ 35 damage per second ရယ် 20% slow ရယ် နဲ့ 10 seconds trail ကျန်နေခဲ့မှာပါ။ ဒါက ဘယ်နေရာမှာ သိသာသွားလဲဆိုရင် blink ခုန်ဝင်ပြီး Arena + spear ပေးတဲ့ အခါ ကိုယ်ပေးချင်တဲ့ အဓိက hero အရှေ့မှာ တစ်ကောင်ခံနေတာမျိုး ဆိုရင် နှစ်ကောင်ပါသွားမှာ ဖြစ်တဲ့အတွက် ပိုပြီးတော့ ဖမ်းလို့ကောင်းလာစေမှာပါ။ Team fight မှာလည်း ၂ ကောင်သာ Arena ထဲမှာ spear စိုက်ထားနိုင်ပြီ ဆိုရင် disable ရော damage ပါတော်တော် ပေးနိုင်ပါတယ်။

နောက်လဲ Aghanim shard spell လေးတွေ အကြောင်း ကို သေသေချာချာတင်ဆက်ပေးသွားမှာမို့လို့ ဆက်လက် စောင့်မျှော်အားပေးကြပါဦး။
iNtAnGibL3