[Unicode]

ဂရင်းဖိုင်နယ် ၅ ခုမှာ ရှုံးပွဲလုံးဝမရှိပဲ ပြိုင်ပွဲများကို ဆက်တိုက်အနိုင်ရလာခဲ့တဲ့ Team Secret နဲ့ Fnatic

 

မကြာသေးမီက ယှဉ်ပြိုင်ခဲ့ကြတဲ့ BLAST Bounty Hunt ရဲ့ ဂရင်းဖိုင်နယ်ပွဲစဉ်များမှာတော့ Team Secret အသင်းဟာ OG အသင်းကို ၃ ပွဲပြတ်အနိုင်ရပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ ယင်းမတိုင်မီက OG ဟာ Nigma အသင်းကို ၂ ပွဲပြတ်အနိုင်ရရှိခဲ့သေးမယ့် ပြိုင်ပွဲရဲ့အစောပိုင်းအခြေအနေမှာတည်းက စိုးမိုးနေခဲ့တဲ့ Team Secret ကိုတော့ ကျော်လွှားသွားနိုင်ခဲ့ခြင်းမရှိပဲ အဆုံးသတ်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ဂရင်းဖိုင်နယ်ရဲ့ ပထမဆုံးပွဲမှာတည်းက Team Secret ရဲ့ ဘက်စုံအားကောင်းမှုကို ပရိသတ်များ တွေ့မြင်ခဲ့ကြရပါတယ်။ ယင်းပွဲမှာ Puppey ရဲ့ position 5 Nature’s Prophet ဟာ kda 8/1/20 အထိ ရရှိခဲ့ရုံသာမက OG ဘက်က SumaiL ရဲ့ networth ကိုပါ ကျော်လွန်သွားခဲ့ပါတယ်။ OG ရဲ့ MidOne ဟာ ပြိုင်ပွဲများမှာ တွေ့ရခဲလှတဲ့ Spirit Breaker ကို ကိုင်တွယ်ကစားသွားခဲ့ပေမယ့် စွမ်းဆောင်ရည်ကောင်းများတော့ ထွက်မလာခဲ့ပါဘူး။

ဒုတိယပွဲမှာလည်း Team Secret ကပဲ 26-7 kill score နဲ့ ၂၂ မိနစ်အတွင်း အနိုင်ရရှိခဲ့ပြန်ပါတယ်။ ယင်းပွဲမှာ ထူးခြားတာကတော့ Team Secret ဘက်က Nisha ရဲ့ kda 5/0/13 ရခဲ့တဲ့ Visage ဖြစ်ပြီး Matumbaman ကိုင်တွယ်ကစားသွားခဲ့တဲ့ Luna ဟာလည်း kda 8/2/11 အထိ ရရှိခဲ့ပါတယ်။

နောက်ဆုံးပွဲမှာ OG ဟာ ယခင်ပွဲများလောက် အခြေအနေမဆိုးခဲ့ပေမယ့် အနိုင်ရခဲ့ခြင်းတော့ မရှိပါဘူး။ ယင်းပွဲအတွင်း Nisha ရဲ့ Storm Spirit ဟာ 12/4/20 အထိ ရရှိခဲ့သလို Matumbaman ရဲ့ Ursa အပါအဝင် Team Secret အသင်းသားများ အားလုံးနီးပါးဟာ Nisha လောက်နီးနီး kda များ မြင့်မားနေခဲ့ကြပါတယ်။

ယခုအချိန်မှာတော့ Team Secret ဟာ ဂရင်းဖိုင်နယ်ပွဲစဉ်များမှာ တစ်ဘက်အသင်းကို ရှုံးပွဲမရှိအနိုင်ယူလာခဲ့တာ ပြိုင်ပွဲ ၅ ခု ဆက်တိုက်ရှိသွားခဲ့ပါပြီ။ ဒါကြောင့် လက်ရှိအချိန် Dota 2 လောကမှာ Team Secret ကို ယှဉ်နိုင်တဲ့အသင်းမရှိသလို ဖြစ်နေပါတယ်။
Team Secret ဆက်တိုက်အနိုင်ရခဲ့တဲ့ ပြိုင်ပွဲ ၅ ခုကတော့

  • WePlay! Pushka League Division 1 (ဂရင်းဖိုင်နယ်မှာ VP.Prodigy ကို ၃ ပွဲပြတ်အနိုင်ရ)
  • Gamers without Borders (ဂရင်းဖိုင်နယ်မှာ Natus Vincere ကို ၃ ပွဲပြတ်အနိုင်ရ)
  • OGA Dota PIT 2020 Online: EU/CIS (ဂရင်းဖိုင်နယ်မှာ Team Liquid ကို ၃ ပွဲပြတ်အနိုင်ရ
  • ESL One Birmingham 2020: EU/CIS: (ဂရင်းဖိုင်နယ်မှာ Alliance ကို ၃ ပွဲပြတ်အနိုင်ရ)
  • BLAST Bounty Hunt (ဂရင်းဖိုင်နယ်မှာ OG ကို ၃ ပွဲပြတ်အနိုင်ရ)

တို့ပဲ ဖြစ်ကြပါတယ်။

ဒါပေမယ့် လက်ရှိမှာ TI ၂ နှစ်ဆက် ချန်ပီယံဟောင်းအသင်း OG ဟာ အတွင်းပြဿနာများနဲ့ အခက်အခဲများကို ရင်ဆိုင်နေရဆဲဖြစ်နေကြောင်း N0tail က အင်တာဗျူးတစ်ခုအတွင်းမှာ ပြောကြားသွားခဲ့ပါတယ်။ MidOne နဲ့ Topson တို့ဟာ အင်တာနက်မကောင်းတဲ့အနေအထားမှာ ကစားနေခဲ့ရသလို ပြီးခဲ့တဲ့လများအတွင်းမှာ အသင်းလိုက်လေ့ကျင့်မှုများလည်း နည်းပါးနေခဲ့တယ်လို့ ဆိုပါတယ်။

Team Secret နဲ့အလားတူစွာ အရှေ့တောင်အာရှမှာ နိုင်ပွဲဆက်လာနေတဲ့အသင်းကတော့ Fnatic ပါ။ လက်ရှိအချိန် Fnatic ဟာလည်း ပြိုင်ပွဲ ၅ ခုအထိ ဆက်တိုက်အနိုင်ရရှိထားတာ​​ဖြစ်ပြီး ဂရင်းဖိုင်နယ် ပွဲစဥ်များအားလုံးထဲမှာ ရှုံးပွဲငယ်တစ်ပွဲ​ေတာ့ ရှိခဲ့ပါတယ်။ Fnatic အနိုင်ရရှိခဲ့တဲ့ပြိုင်ပွဲများကတော့

  • DOTA Summit 12 (ဂရင်းဖိုင်နယ်မှာ OG Seed ကို ၃ ပွဲပြတ်အနိုင်ရ)
  • ESL One Los Angeles 2020 – Online: Southeast Asia (ဂရင်းဖိုင်နယ်မှာ Team Adroit ကို ၃ ပွဲပြတ်အနိုင်ရ)
  • BTS Pro Series: Southeast Asia (ဂရင်းဖိုင်နယ်မှာ TNC Predator ကို ၃ ပွဲပြတ်အနိုင်ရ)
  • ESL One Birmingham 2020 – Online: Southeast Asia (ဂရင်းဖိုင်နယ်မှာ BOOM ကို တစ်ပွဲသာရှုံးနိမ့်ခဲ့ပြီး အနိုင်ရ)
  • Huya World E-sports Legendary League (ဂရင်းဖိုင်နယ်မှာ Dota Hero ကို ၃ ပွဲပြတ်အနိုင်ရ)

တို့ပဲ ဖြစ်ကြပါတယ်။
Blast Bounty Hunt ရဲ့ ဂရင်းဖိုင်နယ်မတိုင်မီကတော့ OG အသင်းရဲ့ offlane ကစားသမားဟောင်း Ceb ဟာ တွစ်တာပေါ်မှာ Team Secret ကို လှောင်ပြောင်ပြောဆိုမှုများပြုလုပ်ခဲ့ပြီး ပြိုင်ပွဲအပြီးမှာတော့ Team Secret ဘက်က ပြန်လည်ချေပမှုများ ပြုလုပ်ခဲ့ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: joindota


[ZawGyi]

ဂရင္းဖိုင္နယ္ ၅ ခုမွာ ရႈံးပြဲလုံးဝမရွိပဲ ၿပိဳင္ပြဲမ်ားကို ဆက္တိုက္အႏိုင္ရလာခဲ့တဲ့ Team Secret နဲ႔ Fnatic

 

မၾကာေသးမီက ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ BLAST Bounty Hunt ရဲ႕ ဂရင္းဖိုင္နယ္ပြဲစဥ္မ်ားမွာေတာ့ Team Secret အသင္းဟာ OG အသင္းကို ၃ ပြဲျပတ္အႏိုင္ရၿပီး ခ်န္ပီယံဆုကို ဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။ ယင္းမတိုင္မီက OG ဟာ Nigma အသင္းကို ၂ ပြဲျပတ္အႏိုင္ရရွိခဲ့ေသးမယ့္ ၿပိဳင္ပြဲရဲ႕အေစာပိုင္းအေျခအေနမွာတည္းက စိုးမိုးေနခဲ့တဲ့ Team Secret ကိုေတာ့ ေက်ာ္လႊားသြားႏိုင္ခဲ့ျခင္းမရွိပဲ အဆုံးသတ္သြားခဲ့တာလည္း ျဖစ္ပါတယ္။

ဂရင္းဖိုင္နယ္ရဲ႕ ပထမဆုံးပြဲမွာတည္းက Team Secret ရဲ႕ ဘက္စုံအားေကာင္းမႈကို ပရိသတ္မ်ား ေတြ႕ျမင္ခဲ့ၾကရပါတယ္။ ယင္းပြဲမွာ Puppey ရဲ႕ position 5 Nature’s Prophet ဟာ kda 8/1/20 အထိ ရရွိခဲ့႐ုံသာမက OG ဘက္က SumaiL ရဲ႕ networth ကိုပါ ေက်ာ္လြန္သြားခဲ့ပါတယ္။ OG ရဲ႕ MidOne ဟာ ၿပိဳင္ပြဲမ်ားမွာ ေတြ႕ရခဲလွတဲ့ Spirit Breaker ကို ကိုင္တြယ္ကစားသြားခဲ့ေပမယ့္ စြမ္းေဆာင္ရည္ေကာင္းမ်ားေတာ့ ထြက္မလာခဲ့ပါဘူး။

ဒုတိယပြဲမွာလည္း Team Secret ကပဲ 26-7 kill score နဲ႔ ၂၂ မိနစ္အတြင္း အႏိုင္ရရွိခဲ့ျပန္ပါတယ္။ ယင္းပြဲမွာ ထူးျခားတာကေတာ့ Team Secret ဘက္က Nisha ရဲ႕ kda 5/0/13 ရခဲ့တဲ့ Visage ျဖစ္ၿပီး Matumbaman ကိုင္တြယ္ကစားသြားခဲ့တဲ့ Luna ဟာလည္း kda 8/2/11 အထိ ရရွိခဲ့ပါတယ္။

ေနာက္ဆုံးပြဲမွာ OG ဟာ ယခင္ပြဲမ်ားေလာက္ အေျခအေနမဆိုးခဲ့ေပမယ့္ အႏိုင္ရခဲ့ျခင္းေတာ့ မရွိပါဘူး။ ယင္းပြဲအတြင္း Nisha ရဲ႕ Storm Spirit ဟာ 12/4/20 အထိ ရရွိခဲ့သလို Matumbaman ရဲ႕ Ursa အပါအဝင္ Team Secret အသင္းသားမ်ား အားလုံးနီးပါးဟာ Nisha ေလာက္နီးနီး kda မ်ား ျမင့္မားေနခဲ့ၾကပါတယ္။

 

ယခုအခ်ိန္မွာေတာ့ Team Secret ဟာ ဂရင္းဖိုင္နယ္ပြဲစဥ္မ်ားမွာ တစ္ဘက္အသင္းကို ရႈံးပြဲမရွိအႏိုင္ယူလာခဲ့တာ ၿပိဳင္ပြဲ ၅ ခု ဆက္တိုက္ရွိသြားခဲ့ပါၿပီ။ ဒါေၾကာင့္ လက္ရွိအခ်ိန္ Dota 2 ေလာကမွာ Team Secret ကို ယွဥ္ႏိုင္တဲ့အသင္းမရွိသလို ျဖစ္ေနပါတယ္။
Team Secret ဆက္တိုက္အႏိုင္ရခဲ့တဲ့ ၿပိဳင္ပြဲ ၅ ခုကေတာ့

  • WePlay! Pushka League Division 1 (ဂရင္းဖိုင္နယ္မွာ VP.Prodigy ကို ၃ ပြဲျပတ္အႏိုင္ရ)
  • Gamers without Borders (ဂရင္းဖိုင္နယ္မွာ Natus Vincere ကို ၃ ပြဲျပတ္အႏိုင္ရ)
  • OGA Dota PIT 2020 Online: EU/CIS (ဂရင္းဖိုင္နယ္မွာ Team Liquid ကို ၃ ပြဲျပတ္အႏိုင္ရ)
  • ESL One Birmingham 2020: EU/CIS: (ဂရင္းဖိုင္နယ္မွာ Alliance ကို ၃ ပြဲျပတ္အႏိုင္ရ)
  • BLAST Bounty Hunt (ဂရင္းဖိုင္နယ္မွာ OG ကို ၃ ပြဲျပတ္အႏိုင္ရ)
    တို႔ပဲ ျဖစ္ၾကပါတယ္။

ဒါေပမယ့္ လက္ရွိမွာ TI ၂ ႏွစ္ဆက္ ခ်န္ပီယံေဟာင္းအသင္း OG ဟာ အတြင္းျပႆနာမ်ားနဲ႔ အခက္အခဲမ်ားကို ရင္ဆိုင္ေနရဆဲျဖစ္ေနေၾကာင္း N0tail က အင္တာဗ်ဴးတစ္ခုအတြင္းမွာ ေျပာၾကားသြားခဲ့ပါတယ္။ MidOne နဲ႔ Topson တို႔ဟာ အင္တာနက္မေကာင္းတဲ့အေနအထားမွာ ကစားေနခဲ့ရသလို ၿပီးခဲ့တဲ့လမ်ားအတြင္းမွာ အသင္းလိုက္ေလ့က်င့္မႈမ်ားလည္း နည္းပါးေနခဲ့တယ္လို႔ ဆိုပါတယ္။

Team Secret နဲ႔အလားတူစြာ အေရွ႕ေတာင္အာရွမွာ ႏိုင္ပြဲဆက္လာေနတဲ့အသင္းကေတာ့ Fnatic ပါ။ လက္ရွိအခ်ိန္ Fnatic ဟာလည္း ၿပိဳင္ပြဲ ၅ ခုအထိ ဆက္တိုက္အႏိုင္ရရွိထားတာ​​ျဖစ္ၿပီး ဂရင္းဖိုင္နယ္ ပြဲစဥ္မ်ားအားလုံးထဲမွာ ရႈံးပြဲငယ္တစ္ပြဲ​ေတာ့ ရွိခဲ့ပါတယ္။ Fnatic အႏိုင္ရရွိခဲ့တဲ့ၿပိဳင္ပြဲမ်ားကေတာ့

  • DOTA Summit 12 (ဂရင္းဖိုင္နယ္မွာ OG Seed ကို ၃ ပြဲျပတ္အႏိုင္ရ)
  • ESL One Los Angeles 2020 – Online: Southeast Asia (ဂရင္းဖိုင္နယ္မွာ Team Adroit ကို ၃ ပြဲျပတ္အႏိုင္ရ)
  • BTS Pro Series: Southeast Asia (ဂရင္းဖိုင္နယ္မွာ TNC Predator ကို ၃ ပြဲျပတ္အႏိုင္ရ)
  • ESL One Birmingham 2020 – Online: Southeast Asia (ဂရင္းဖိုင္နယ္မွာ BOOM ကို တစ္ပြဲသာရႈံးနိမ့္ခဲ့ၿပီး အႏိုင္ရ)
  • Huya World E-sports Legendary League (ဂရင္းဖိုင္နယ္မွာ Dota Hero ကို ၃ ပြဲျပတ္အႏိုင္ရ)
    တို႔ပဲ ျဖစ္ၾကပါတယ္။


Blast Bounty Hunt ရဲ႕ ဂရင္းဖိုင္နယ္မတိုင္မီကေတာ့ OG အသင္းရဲ႕ offlane ကစားသမားေဟာင္း Ceb ဟာ တြစ္တာေပၚမွာ Team Secret ကို ေလွာင္ေျပာင္ေျပာဆိုမႈမ်ားျပဳလုပ္ခဲ့ၿပီး ၿပိဳင္ပြဲအၿပီးမွာေတာ့ Team Secret ဘက္က ျပန္လည္ေခ်ပမႈမ်ား ျပဳလုပ္ခဲ့ပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: joindota