[Unicode]

ကမ္ဘာ့အဆင့် (၁) Lolita ကစားသမား တစ်ဦးဖြစ်တဲ့ ၃၈ နှစ်အရွယ် မိခင်

 

Viorell လို့ လူသိများကြတဲ့ မလေးရှားနိုင်ငံသူ Syarifah Silvia Assegaff ဟာ အရွယ်တင်လှပနေဆဲ မိခင်တစ်ဦးဖြစ်သလို လက်ရှိကမ္ဘာ့အကောင်းဆုံး MLBB ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ Viorell ဟာ မိခင်တာဝန်များကို မလစ်ဟင်းရလေအောင် ကြိုးပမ်းရင်း MLBB ကို အားလပ်ချိန်များမှာ အချိန်ရသလောက် ကစားလာခဲ့တယ်လို့ ဆိုပါတယ်။

သူမ အဓိက ကစားလေ့ရှိတဲ့ hero ကတော့ ခေတ်ဟောင်းကစားသမားများအလွန်ကြိုက်နှစ်သက်လေ့ရှိကြတဲ့ Lolita ပါ။ MLBB Season 12 ရဲ့ အဆုံးသတ်မှာ ကမ္ဘာ့နံပါတ်တစ် Lolita ဖြစ်လာခဲ့တဲ့ သူမဟာ အချိန်ပြည့် pro ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသူတော့ မဟုတ်ပါဘူး။ သူမရဲ့ ကလေးကို ပြုစုစောင့်ရှောက်နေရချိန်က များလို့ ကလေးအိပ်ချိန်မှာသာ ဂိမ်းကောင်းကောင်းကစားနိုင်တယ်လို့လည်း ဆိုပါတယ်။

ငယ်ရွယ်နုပျိုတဲ့ဟန်ပန်နဲ့ အလှမပျက်ရှိနေပေမယ့် သူမရဲ့ အသက်အမှန်ကတော့ ၃၈ နှစ် ရှိသွားပါပြီ။ အသက် ၂၁ နှစ်အရွယ်က စ လို့ ယခုအချိန်အထိ ဂိမ်းများ ကစားလာခဲ့ပြီး MLBB မတိုင်မီက Counterstrike ကို ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Viorell ကို အင်တာဗျူးတစ်ခုက မေးမြန်းခဲ့ရာမှာတော့ “ကျွန်မက ဟိုးအရင်တည်းက ဂိမ်းကစားရတာကို နှစ်သက်တဲ့ gamer တစ်ဦးပါ။ ၂၀၀၃ ခုနှစ်လောက်မှာတည်းက Counterstrike စ ပစ်ပြီး နောက်ပိုင်း pro တစ်ယောက်ဖြစ်လုနီးပါး အထိ ကျွမ်းကျင်လာခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ အမျိုးသမီးကစားသမား အတော်လေးကို ရှားပါသေးတယ်။

“အမျိုးသမီးကစားသမား ၅ ယောက်နဲ့ ဖွဲ့စည်းထားတဲ့အသင်းထဲကို ဝင်ခဲ့တယ်။ ဒါပေမယ့် အမျိုးသမီးသီးသန့် ပြိုင်ဘက်အသင်းကတော့ အတော်ရှားခဲ့ပါတယ်။ ဒါကြောင့် အမျိုးသားကစားသမားတွေရော အမျိုးသမီးကစားသမားတွေပါ ရောနှောနေတဲ့ ပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့ရတယ်။ ကျွန်မတို့ အသင်းကို တကူးတက ဖိတ်ခေါ်ခဲ့တဲ့ ပြိုင်ပွဲတွေတောင် ရှိခဲ့ပါတယ်။

“ဒါပေမယ့် အမျိုးသမီးသီးသန့်အသင်းအဖြစ် ကြာရှည်ရပ်တည်ပြီး တိုးတက်လာအောင် လုပ်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါကြောင့် နောက်ပိုင်းကျတော့ အဖွဲ့ကွဲသွားကြတယ်။ တခြားရိုးရိုး Counterstrike အသင်းတစ်ခုထဲလည်း ဝင်ခဲ့ပါသေးတယ်။ အဲဒီမှာတော့ ကျွန်မက တစ်ဦးထဲသော အမျိုးသမီးကစားသမားဖြစ်ခဲ့ပါတယ်” လို့ သူမက ပြောပါတယ်။

သူမဟာ Counterstike ကို semi pro အဖြစ် ၇ နှစ်လောက် ကြာအောင် ကစားခဲ့ပြီး နောက်ပိုင်းမှာ Dota ကို ပြောင်းလဲကစားခဲ့သေးတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် သူမ Dota ကစားပြီး သိပ်မကြာခင်မှာပဲ Dota 2 ထွက်ပေါ်လာသလို သူမရဲ့ ဖခင်ဖြစ်သူဟာလည်း ဖျားနာခဲ့လို့ ဂိမ်းကစားခြင်းကို ရပ်နားခဲ့ရတဲ့အကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။

သူမရဲ့ ဖခင်ကို ပြုစုနေခဲ့ပေမယ့် ၂၀၁၇ မှာတော့ ဆုံးပါးသွားခဲ့ပါတယ်။ ဒါကြောင့် ဖခင်ဆုံးပြီးနောက်မှာ ၆ နှစ်လောက် ဝေးကွာနေခဲ့တဲ့ ဂိမ်းလောကထဲကို MLBB ကစားရင်း ပြန်လည်ဝင်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။

“ကျွန်မရဲ့ သားက ထမင်းစားရင်း Youtube ကြည့်တယ်။ သူကြည့်နေတုန်း Youtube မှာ MLBB ကြော်ငြာတစ်ခုပေါ်လာတာကို ကျွန်မတွေ့ခဲ့ပါတယ်။ ဂိမ်းက graphic ကောင်းမယ့်ပုံပေါက်လို့ စမ်းကစားဖြစ်ခဲ့ပါတယ်။

“ပထမ စ စချင်း marksman တွေပဲ ကစားဖြစ်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ tank တွေ ပြောင်းကစားဖြစ်ခဲ့တယ်။ အတော်များများက tank ကစားရတာကို မကြိုက်ကြတော့ အဲဒီ role က အမြဲနီးပါး လိုအပ်နေလို့ပါ။

“Tank hero ရွေးတော့ အကုန်လုံးက ကြောက်စရာကောင်းတဲ့ အသွင်အပြင်ပုံစံတွေချည်းပဲ။ Lolita လေးကပဲ တူလေး ထမ်းပြီး ချစ်ဖို့ကောင်းတဲ့ပုံစံပေါက်ပါတယ်။ ဒါကြောင့် Lolita ကို အဓိက ကစားဖြစ်သွားတာပါ။

“Tank စ ကစားတော့လည်း ဘာလုပ်ရမယ်ဆိုတာကို ကောင်းကောင်းသဘောမပေါက်ခဲ့ပါဘူး။ အဲဒါကြောင့် Lolita ကိုပဲ ထပ်ခါတစ်လဲလဲ ကစားရင်းနဲ့ ကမ္ဘာ့နံပါတ် ၇၀ rank အဆင့်အထိရောက်လာခဲ့တယ်။ ဒါပေမယ့် အဲဒီတုန်းက winrate တွေ MMR တွေကို သိပ်ဂရုမစိုက်မိခဲ့ပါဘူး။

“ကလေးကို ဂရုစိုက်ရလို့ ခဏခဏ afk ဖြစ်ပါတယ်။ ဒါပေမယ့် ဆက်ကစားရင်း ကစားရင်းနဲ့ ဂိမ်းထဲမှာ ပိုကျွမ်းကျင်လာခဲ့တယ်။ Season 12 အပြီးမှာတော့ ကမ္ဘာ့နံပါတ် ၄ rank အဆင့်အထိရောက်ခဲ့သလို ကမ္ဘာ့နံပါတ်တစ် Loita လည်း ဖြစ်လာခဲ့ပါတယ်။

“အဲဒီနောက်ပိုင်းတော့ ဂိမ်းရဲ့ ထိပ်ပိုင်းနေရာတွေမှာ ရှိနေနိုင်အောင် အုပ်စုဖွဲ့ ကစားခဲ့ပါတယ်။ Tank ကစားသမားတစ်ဦးအနေနဲ့ တစ်ယောက်တည်းကစားတာဟာ အကြံကောင်းတစ်ခုလို့ မထင်ပါဘူး။ အသင်းဖော်တွေနဲ့ tank ကစားသမား ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်နေဖို့က မဖြစ်မနေ လိုအပ်လို့ပါ” အစရှိသဖြင့်လည်း သူမက ပြောခဲ့ပါသေးတယ်။

ဂိမ်းကစားခြင်းမှာ ထူးချွန်သူတစ်ဦးဖြစ်ဖို့အတွက် ငယ်ရွယ်သူတစ်ဦးဖြစ်နေစရာ မလိုသလို အမျိုးသားတစ်ဦးဖြစ်နေဖို့လည်း မလိုအပ်ကြောင်း Viorell က သက်သေခံလျက်ရှိပါတယ်။ ချောမောလှပတဲ့ Viorell တစ်ယောက် မိခင်တစ်ဦးအဖြစ် ဆက်လက်တာဝန်ကျေရင်း ဂိမ်းများဆော့ကစားနေတာကို ပရိသတ်များ ဆက်လက်မြင်တွေ့နေကြရဦးမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

source: onesports


[Zawgyi]

ကမာၻ႔အဆင့္ (၁) Lolita ကစားသမား တစ္ဦးျဖစ္တဲ့ ၃၈ ႏွစ္အ႐ြယ္ မိခင္

Viorell လို႔ လူသိမ်ားၾကတဲ့ မေလးရွားႏိုင္ငံသူ Syarifah Silvia Assegaff ဟာ အ႐ြယ္တင္လွပေနဆဲ မိခင္တစ္ဦးျဖစ္သလို လက္ရွိကမာၻ႔အေကာင္းဆုံး MLBB ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။ Viorell ဟာ မိခင္တာဝန္မ်ားကို မလစ္ဟင္းရေလေအာင္ ႀကိဳးပမ္းရင္း MLBB ကို အားလပ္ခ်ိန္မ်ားမွာ အခ်ိန္ရသေလာက္ ကစားလာခဲ့တယ္လို႔ ဆိုပါတယ္။

 

သူမ အဓိက ကစားေလ့ရွိတဲ့ hero ကေတာ့ ေခတ္ေဟာင္းကစားသမားမ်ားအလြန္ႀကိဳက္ႏွစ္သက္ေလ့ရွိၾကတဲ့ Lolita ပါ။ MLBB Season 12 ရဲ႕ အဆုံးသတ္မွာ ကမာၻ႔နံပါတ္တစ္ Lolita ျဖစ္လာခဲ့တဲ့ သူမဟာ အခ်ိန္ျပည့္ pro ကစားသမားတစ္ဦးအျဖစ္ ရပ္တည္ေနသူေတာ့ မဟုတ္ပါဘူး။ သူမရဲ႕ ကေလးကို ျပဳစုေစာင့္ေရွာက္ေနရခ်ိန္က မ်ားလို႔ ကေလးအိပ္ခ်ိန္မွာသာ ဂိမ္းေကာင္းေကာင္းကစားႏိုင္တယ္လို႔လည္း ဆိုပါတယ္။

ငယ္႐ြယ္ႏုပ်ိဳတဲ့ဟန္ပန္နဲ႔ အလွမပ်က္ရွိေနေပမယ့္ သူမရဲ႕ အသက္အမွန္ကေတာ့ ၃၈ ႏွစ္ ရွိသြားပါၿပီ။ အသက္ ၂၁ ႏွစ္အ႐ြယ္က စ လို႔ ယခုအခ်ိန္အထိ ဂိမ္းမ်ား ကစားလာခဲ့ၿပီး MLBB မတိုင္မီက Counterstrike ကို ကြၽမ္းကြၽမ္းက်င္က်င္ ကစားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

Viorell ကို အင္တာဗ်ဴးတစ္ခုက ေမးျမန္းခဲ့ရာမွာေတာ့ “ကြၽန္မက ဟိုးအရင္တည္းက ဂိမ္းကစားရတာကို ႏွစ္သက္တဲ့ gamer တစ္ဦးပါ။ ၂၀၀၃ ခုႏွစ္ေလာက္မွာတည္းက Counterstrike စ ပစ္ၿပီး ေနာက္ပိုင္း pro တစ္ေယာက္ျဖစ္လုနီးပါး အထိ ကြၽမ္းက်င္လာခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းကေတာ့ အမ်ိဳးသမီးကစားသမား အေတာ္ေလးကို ရွားပါေသးတယ္။

“အမ်ိဳးသမီးကစားသမား ၅ ေယာက္နဲ႔ ဖြဲ႕စည္းထားတဲ့အသင္းထဲကို ဝင္ခဲ့တယ္။ ဒါေပမယ့္ အမ်ိဳးသမီးသီးသန္႔ ၿပိဳင္ဘက္အသင္းကေတာ့ အေတာ္ရွားခဲ့ပါတယ္။ ဒါေၾကာင့္ အမ်ိဳးသားကစားသမားေတြေရာ အမ်ိဳးသမီးကစားသမားေတြပါ ေရာေႏွာေနတဲ့ ၿပိဳင္ပြဲေတြ ဝင္ၿပိဳင္ခဲ့ရတယ္။ ကြၽန္မတို႔ အသင္းကို တကူးတက ဖိတ္ေခၚခဲ့တဲ့ ၿပိဳင္ပြဲေတြေတာင္ ရွိခဲ့ပါတယ္။

“ဒါေပမယ့္ အမ်ိဳးသမီးသီးသန္႔အသင္းအျဖစ္ ၾကာရွည္ရပ္တည္ၿပီး တိုးတက္လာေအာင္ လုပ္ဖို႔ဆိုတာ မလြယ္လွပါဘူး။ ဒါေၾကာင့္ ေနာက္ပိုင္းက်ေတာ့ အဖြဲ႕ကြဲသြားၾကတယ္။ တျခား႐ိုး႐ိုး Counter strike အသင္းတစ္ခုထဲလည္း ဝင္ခဲ့ပါေသးတယ္။ အဲဒီမွာေတာ့ ကြၽန္မက တစ္ဦးထဲေသာ အမ်ိဳးသမီးကစားသမားျဖစ္ခဲ့ပါတယ္” လို႔ သူမက ေျပာပါတယ္။

သူမဟာ Counter stike ကို semi pro အျဖစ္ ၇ ႏွစ္ေလာက္ ၾကာေအာင္ ကစားခဲ့ၿပီး ေနာက္ပိုင္းမွာ Dota ကို ေျပာင္းလဲကစားခဲ့ေသးတယ္လို႔လည္း ဆိုပါတယ္။ ဒါေပမယ့္ သူမ Dota ကစားၿပီး သိပ္မၾကာခင္မွာပဲ Dota 2 ထြက္ေပၚလာသလို သူမရဲ႕ ဖခင္ျဖစ္သူဟာလည္း ဖ်ားနာခဲ့လို႔ ဂိမ္းကစားျခင္းကို ရပ္နားခဲ့ရတဲ့အေၾကာင္းကိုလည္း ေျပာခဲ့ပါေသးတယ္။

သူမရဲ႕ ဖခင္ကို ျပဳစုေနခဲ့ေပမယ့္ ၂၀၁၇ မွာေတာ့ ဆုံးပါးသြားခဲ့ပါတယ္။ ဒါေၾကာင့္ ဖခင္ဆုံးၿပီးေနာက္မွာ ၆ ႏွစ္ေလာက္ ေဝးကြာေနခဲ့တဲ့ ဂိမ္းေလာကထဲကို MLBB ကစားရင္း ျပန္လည္ဝင္ေရာက္လာခဲ့တာလည္း ျဖစ္ပါတယ္။

“ကြၽန္မရဲ႕ သားက ထမင္းစားရင္း Youtube ၾကည့္တယ္။ သူၾကည့္ေနတုန္း Youtube မွာ MLBB ေၾကာ္ျငာတစ္ခုေပၚလာတာကို ကြၽန္မေတြ႕ခဲ့ပါတယ္။ ဂိမ္းက graphic ေကာင္းမယ့္ပုံေပါက္လို႔ စမ္းကစားျဖစ္ခဲ့ပါတယ္။

“ပထမ စ စခ်င္း marksman ေတြပဲ ကစားျဖစ္ခဲ့တယ္။ ဒါေပမယ့္ ေနာက္ပိုင္းက်ေတာ့ tank ေတြ ေျပာင္းကစားျဖစ္ခဲ့တယ္။ အေတာ္မ်ားမ်ားက tank ကစားရတာကို မႀကိဳက္ၾကေတာ့ အဲဒီ role က အၿမဲနီးပါး လိုအပ္ေနလို႔ပါ။

“Tank hero ေ႐ြးေတာ့ အကုန္လုံးက ေၾကာက္စရာေကာင္းတဲ့ အသြင္အျပင္ပုံစံေတြခ်ည္းပဲ။ Lolita ေလးကပဲ တူေလး ထမ္းၿပီး ခ်စ္ဖို႔ေကာင္းတဲ့ပုံစံေပါက္ပါတယ္။ ဒါေၾကာင့္ Lolita ကို အဓိက ကစားျဖစ္သြားတာပါ။

“Tank စ ကစားေတာ့လည္း ဘာလုပ္ရမယ္ဆိုတာကို ေကာင္းေကာင္းသေဘာမေပါက္ခဲ့ပါဘူး။ အဲဒါေၾကာင့္ Lolita ကိုပဲ ထပ္ခါတစ္လဲလဲ ကစားရင္းနဲ႔ ကမာၻ႔နံပါတ္ ၇၀ rank အဆင့္အထိေရာက္လာခဲ့တယ္။ ဒါေပမယ့္ အဲဒီတုန္းက winrate ေတြ MMR ေတြကို သိပ္ဂ႐ုမစိုက္မိခဲ့ပါဘူး။

“ကေလးကို ဂ႐ုစိုက္ရလို႔ ခဏခဏ afk ျဖစ္ပါတယ္။ ဒါေပမယ့္ ဆက္ကစားရင္း ကစားရင္းနဲ႔ ဂိမ္းထဲမွာ ပိုကြၽမ္းက်င္လာခဲ့တယ္။ Season 12 အၿပီးမွာေတာ့ ကမာၻ႔နံပါတ္ ၄ rank အဆင့္အထိေရာက္ခဲ့သလို ကမာၻ႔နံပါတ္တစ္ Loita လည္း ျဖစ္လာခဲ့ပါတယ္။

“အဲဒီေနာက္ပိုင္းေတာ့ ဂိမ္းရဲ႕ ထိပ္ပိုင္းေနရာေတြမွာ ရွိေနႏိုင္ေအာင္ အုပ္စုဖြဲ႕ ကစားခဲ့ပါတယ္။ Tank ကစားသမားတစ္ဦးအေနနဲ႔ တစ္ေယာက္တည္းကစားတာဟာ အႀကံေကာင္းတစ္ခုလို႔ မထင္ပါဘူး။ အသင္းေဖာ္ေတြနဲ႔ tank ကစားသမား ညီညီၫြတ္ၫြတ္ ပူးေပါင္းေဆာင္႐ြက္ေနဖို႔က မျဖစ္မေန လိုအပ္လို႔ပါ” အစရွိသျဖင့္လည္း သူမက ေျပာခဲ့ပါေသးတယ္။

ဂိမ္းကစားျခင္းမွာ ထူးခြၽန္သူတစ္ဦးျဖစ္ဖို႔အတြက္ ငယ္႐ြယ္သူတစ္ဦးျဖစ္ေနစရာ မလိုသလို အမ်ိဳးသားတစ္ဦးျဖစ္ေနဖို႔လည္း မလိုအပ္ေၾကာင္း Viorell က သက္ေသခံလ်က္ရွိပါတယ္။ ေခ်ာေမာလွပတဲ့ Viorell တစ္ေယာက္ မိခင္တစ္ဦးအျဖစ္ ဆက္လက္တာဝန္ေက်ရင္း ဂိမ္းမ်ားေဆာ့ကစားေနတာကို ပရိသတ္မ်ား ဆက္လက္ျမင္ေတြ႕ေနၾကရဦးမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

source: onesports