[Unicode]

လုပ်ပွဲကစားလို့ Pushka League ဆက်ပြိုင်ခွင့်ပိတ်ပင်ခံခဲ့ရတဲ့ Dota 2 အသင်း CyberTRAKTOR

 

ယူကရိန်းအခြေစိုက် Esports ပြိုင်ပွဲကျင်းပရေးအဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ WePlay! ဟာ CIS ဒေသရဲ့ Dota 2 အသင်းတစ်သင်းဖြစ်တဲ့ CyberTRAKTOR ကို Pushka League Division 2 ပြိုင်ပွဲအတွင်း ဆက်လက် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မပြုတော့ပဲ ရွှေ့ဆိုင်းပိတ်ပင်လိုက်ပါတယ်။ CyberTRAKTOR အသင်းဟာ ယင်းပြိုင်ပွဲအတွင်းမှာ လုပ်ပွဲကစားခဲ့ကြောင်း WePlay! က ယူဆတဲ့အတွက် ယခုလိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဧပြီလ ၂၆ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ WePlay! Pushka League Divison 2 ရဲ့ BO3 ပွဲစဉ်များမှာ CyberTRAKTOR အသင်းဟာ ပြိုင်ဘက်အသင်း Cyber Legacy ကို ၂ ပွဲပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ယင်းပွဲစဉ်များအပြီး သိပ်မကြာခင်မှာပဲ CyberTRAKTOR အသင်းဟာ ပြိုင်ပွဲကို လောင်းကစား ပြုလုပ်ထားပြီး တမင်အရှုံးခံသွားလားဆိုတာ သံသယရှိနေကြောင်း WePlay! က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ယင်းကြေညာချက်အတွင်းမှာပဲ WePlay! ဟာ CyberTRAKTOR ကို ပြိုင်ပွဲဝင်ခွင့် ရွှေ့ဆိုင်းပိတ်ပင်ကြောင်း ကြေညာခဲ့တာပါ။ WePlay! Pushka League ရဲ့ Esports ဌာနမှ ပုဂ္ဂိုလ်များနဲ့ ပွဲသုံးသပ်သူများဟာ CyberTRAKTOR တို့ ရှုံးနိမ့်ခဲ့တဲ့ ၂ ပွဲကို အသေအချာသုံးသပ်ခဲ့ကြောင်း၊ CyberTRAKTOR တို့ဟာ လောင်းကစား ပြုလုပ်ခဲ့တဲ့အတွက် တမင်သက်သက်အရှုံးခံခဲ့တာဖြစ်ဖို့ သေချာသလောက်ရှိကြောင်း၊ စုံစမ်းမှုများ ဆက်လက်ပြုလုပ်နေပြီး သက်သေအထောက်အထားများ ဆက်လက်ရှာဖွေနေကြောင်း အစရှိသဖြင့်လည်း ယင်းကြေညာချက်အတွင်းမှာ ပါဝင်ခဲ့ပါတယ်။

WePlay! ဟာ Pushka League ကို Division ၂ ခုနဲ့ ပြုလုပ်ကျင်းပနေတာဖြစ်ပါတယ်။ Division 1 မှာ OG, Nigma, Team Secret နဲ့ Team Liquid တို့လို ထိပ်တန်းအသင်းကြီးများ ယှဉ်ပြိုင်နေကြတာဖြစ်ပြီး Division 2 မှာတော့ လူသိနည်းသေးတဲ့ အသင်းငယ်များ ပါဝင်ယှဉ်ပြိုင်နေကြပါတယ်။

Division 2 ဟာ ထူးချွန်တဲ့ကစားသမားသစ်များကို ပံ့ပိုးပေးဖို့ ရည်ရွယ်ထားတဲ့ပွဲစဉ်များဖြစ်ကြောင်း WePlay! ရဲ့ Esports မန်နေဂျာဖြစ်သူ Nexius က ပြောခဲ့ဖူးပါတယ်။ ဒီပွဲစဉ်များအတွင်းမှာ ကစားသမားများဟာ မိမိတို့ကိုယ်ကို မြှင့်တင်ပြီး တိုးတက်အောင် ပြုလုပ်ကြစေလိုကြောင်း၊ လုပ်ပွဲကစားတာကတော့ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီး ပါဝင်သူများကို ကျိန်းသေအပြစ်ပေးရမှာဖြစ်ကြောင်း အစရှိသဖြင့်လည်း Nexius က ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ နာမည်ကျော် ယူကရိန်း caster တစ်ဦးဖြစ်သူ V1lat က သူ့ရဲ့ သုံးသပ်ချက်များကို အွန်လိုင်းပေါ်မှာ ရေးသားထားခဲ့ပါတယ်။ V1lat ရဲ့ သုံးသပ်ချက်များအတွင်းမှာတော့ CyberTRAKTOR တို့ဟာ ၂ ပွဲလုံးမှာ လုပ်ပွဲကစားခဲ့တာထင်ရှားကြောင်း၊ Esports လောင်းကစားဒိုင်ကြီးများကိုလည်း ဆက်သွယ်မေးမြန်းထားပြီး ယင်းပွဲများအတွက် လောင်းကြေးများစွာ တင်ထားခဲ့တာကို တွေ့ရှိရကြောင်း၊ CyberTRAKTOR အသင်းသားများဟာ လက်ရှိအချိန်မှာ လစာမရကြတာကိုလည်း စုံစမ်းသိရှိထားကြောင်း အစရှိသဖြင့် ပါဝင်ခဲ့ပါတယ်။

CyberTRAKTOR တို့ဟာ မိမိတို့ရဲ့ အသင်းအတွင်းမှာ စုံစမ်းစစ်ဆေးမှုများကို ကိုယ်တိုင်ပြုလုပ်ပြီး ဒီကိစ္စအကြောင်း အများသိအောင် ပြန်လည်ရှင်းပြဖို့ကိုလည်း WePlay! က တိုက်တွန်းထားခဲ့ပါသေးတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက် ပေးလျက် ရှိပါတယ်။

source: weplay.tv, vpgame, dotesports


[ZawGyi]

လုပ္ပြဲကစားလို႔ Pushka League ဆက္ၿပိဳင္ခြင့္ပိတ္ပင္ခံခဲ့ရတဲ့ Dota 2 အသင္း CyberTRAKTOR

 

ယူကရိန္းအေျခစိုက္ Esports ၿပိဳင္ပြဲက်င္းပေရးအဖြဲ႕အစည္းႀကီးတစ္ခုျဖစ္တဲ့ WePlay! ဟာ CIS ေဒသရဲ႕ Dota 2 အသင္းတစ္သင္းျဖစ္တဲ့ CyberTRAKTOR ကို Pushka League Division 2 ၿပိဳင္ပြဲအတြင္း ဆက္လက္ ဝင္ေရာက္ ယွဥ္ၿပိဳင္ခြင့္ မျပဳေတာ့ပဲ ေ႐ႊ႕ဆိုင္းပိတ္ပင္လိုက္ပါတယ္။ CyberTRAKTOR အသင္းဟာ ယင္းၿပိဳင္ပြဲအတြင္းမွာ လုပ္ပြဲကစားခဲ့ေၾကာင္း WePlay! က ယူဆတဲ့အတြက္ ယခုလိုျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

 

ဧၿပီလ ၂၆ ရက္ေန႔က ယွဥ္ၿပိဳင္ကစားခဲ့ၾကတဲ့ WePlay! Pushka League Divison 2 ရဲ႕ BO3 ပြဲစဥ္မ်ားမွာ CyberTRAKTOR အသင္းဟာ ၿပိဳင္ဘက္အသင္း Cyber Legacy ကို ၂ ပြဲျပတ္ရႈံးနိမ့္ခဲ့ပါတယ္။ ယင္းပြဲစဥ္မ်ားအၿပီး သိပ္မၾကာခင္မွာပဲ CyberTRAKTOR အသင္းဟာ ၿပိဳင္ပြဲကို ေလာင္းကစား ျပဳလုပ္ထားၿပီး တမင္အရႈံးခံသြားလားဆိုတာ သံသယရွိေနေၾကာင္း WePlay! က ထုတ္ျပန္ ေၾကညာခဲ့ပါတယ္။

ယင္းေၾကညာခ်က္အတြင္းမွာပဲ WePlay! ဟာ CyberTRAKTOR ကို ၿပိဳင္ပြဲဝင္ခြင့္ ေ႐ႊ႕ဆိုင္းပိတ္ပင္ေၾကာင္း ေၾကညာခဲ့တာပါ။ WePlay! Pushka League ရဲ႕ Esports ဌာနမွ ပုဂၢိဳလ္မ်ားနဲ႔ ပြဲသုံးသပ္သူမ်ားဟာ CyberTRAKTOR တို႔ ရႈံးနိမ့္ခဲ့တဲ့ ၂ ပြဲကို အေသအခ်ာသုံးသပ္ခဲ့ေၾကာင္း၊ CyberTRAKTOR တို႔ဟာ ေလာင္းကစား ျပဳလုပ္ခဲ့တဲ့အတြက္ တမင္သက္သက္အရႈံးခံခဲ့တာျဖစ္ဖို႔ ေသခ်ာသေလာက္ရွိေၾကာင္း၊ စုံစမ္းမႈမ်ား ဆက္လက္ျပဳလုပ္ေနၿပီး သက္ေသအေထာက္အထားမ်ား ဆက္လက္ရွာေဖြေနေၾကာင္း အစရွိသျဖင့္လည္း ယင္းေၾကညာခ်က္အတြင္းမွာ ပါဝင္ခဲ့ပါတယ္။

WePlay! ဟာ Pushka League ကို Division ၂ ခုနဲ႔ ျပဳလုပ္က်င္းပေနတာျဖစ္ပါတယ္။ Division 1 မွာ OG, Nigma, Team Secret နဲ႔ Team Liquid တို႔လို ထိပ္တန္းအသင္းႀကီးမ်ား ယွဥ္ၿပိဳင္ေနၾကတာျဖစ္ၿပီး Division 2 မွာေတာ့ လူသိနည္းေသးတဲ့ အသင္းငယ္မ်ား ပါဝင္ယွဥ္ၿပိဳင္ေနၾကပါတယ္။

 

Division 2 ဟာ ထူးခြၽန္တဲ့ကစားသမားသစ္မ်ားကို ပံ့ပိုးေပးဖို႔ ရည္႐ြယ္ထားတဲ့ပြဲစဥ္မ်ားျဖစ္ေၾကာင္း WePlay! ရဲ႕ Esports မန္ေနဂ်ာျဖစ္သူ Nexius က ေျပာခဲ့ဖူးပါတယ္။ ဒီပြဲစဥ္မ်ားအတြင္းမွာ ကစားသမားမ်ားဟာ မိမိတို႔ကိုယ္ကို ျမႇင့္တင္ၿပီး တိုးတက္ေအာင္ ျပဳလုပ္ၾကေစလိုေၾကာင္း၊ လုပ္ပြဲကစားတာကေတာ့ မျဖစ္သင့္တဲ့ကိစၥျဖစ္ၿပီး ပါဝင္သူမ်ားကို က်ိန္းေသအျပစ္ေပးရမွာျဖစ္ေၾကာင္း အစရွိသျဖင့္လည္း Nexius က ေျပာခဲ့ပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္လို႔ နာမည္ေက်ာ္ ယူကရိန္း caster တစ္ဦးျဖစ္သူ V1lat က သူ႔ရဲ႕ သုံးသပ္ခ်က္မ်ားကို အြန္လိုင္းေပၚမွာ ေရးသားထားခဲ့ပါတယ္။ V1lat ရဲ႕ သုံးသပ္ခ်က္မ်ားအတြင္းမွာေတာ့ CyberTRAKTOR တို႔ဟာ ၂ ပြဲလုံးမွာ လုပ္ပြဲကစားခဲ့တာထင္ရွားေၾကာင္း၊ Esports ေလာင္းကစားဒိုင္ႀကီးမ်ားကိုလည္း ဆက္သြယ္ေမးျမန္းထားၿပီး ယင္းပြဲမ်ားအတြက္ ေလာင္းေၾကးမ်ားစြာ တင္ထားခဲ့တာကို ေတြ႕ရွိရေၾကာင္း၊ CyberTRAKTOR အသင္းသားမ်ားဟာ လက္ရွိအခ်ိန္မွာ လစာမရၾကတာကိုလည္း စုံစမ္းသိရွိထားေၾကာင္း အစရွိသျဖင့္ ပါဝင္ခဲ့ပါတယ္။

 

CyberTRAKTOR တို႔ဟာ မိမိတို႔ရဲ႕ အသင္းအတြင္းမွာ စုံစမ္းစစ္ေဆးမႈမ်ားကို ကိုယ္တိုင္ျပဳလုပ္ၿပီး ဒီကိစၥအေၾကာင္း အမ်ားသိေအာင္ ျပန္လည္ရွင္းျပဖို႔ကိုလည္း WePlay! က တိုက္တြန္းထားခဲ့ပါေသးတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ ေပးလ်က္ ရွိပါတယ္။

source: weplay.tv, vpgame, dotesports