YG နဲ့ X.Veteran တို့ရဲ့ Closed Qualifier Group Stage ပထမနေ့ အခြေအနေများ

a

ဒီနေ့မှာတော့ DPC SEA Qualifier Group Stage Day-1 ကို စတင်ခဲ့ပြီဖြစ်ပါတယ်။ Group တစ်ခုဆီမှာ ၆ သင်းစီပါပြီး အပေါ်ဆုံးလေးသင်းက Qaulified ဖြစ်ပြီး Lower  Division ကို တက်ရောက်မှာပါ။ မြန်မာအသင်းတွေဖြစ်တဲ့ YG နဲ့ X.Veteran တို့ဟာ Day-1 မှာတော့ အကောင်းဆုံး ဆော့ကစားခဲ့ပါတယ်။

YG အသင်းဟာ ပွဲဦးထွက်ပွဲစဉ်မှာပဲ Team SMG နဲ့ တွေ့ဆုံခဲ့ပါတယ်။ SMG အသင်းရဲ့ Rosters တွေကတော့ vtFaded, Neah666, Mushi, Ah Fu, Ninjaboogie တို့ပဲဖြစ်ပါတယ်။ SMG အသင်းဟာ ဖွဲ့စည်းထားတာ မကြာသေးပေမယ့် Experiences တော်တော်များတဲ့ players တွေ ပါဝင်တဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

Game 1 နဲ့ 2 မှာ SMG အသင်းအနေနဲ့ draft ပိုင်းအရတော့ early ပိုင်းတွေမှာ YG အသင်းကို pressure ပေးနိုင်ခဲ့ပေမယ့်လည်း mid game လောက်မှာပဲ YG အသင်းအနေနဲ့ teamwork ပိုင်းညီညီနဲ့ အကောင်းမွန်ဆုံး ပြန်ဆော့နိုင်ခဲ့ပြီး ပွဲကို ပြန်ဦးဆောင်နိုင်ခဲ့ပါတယ်။ တစ်ဖက်အသင်းရဲ့ smoke တွေကိုလည်း အကောင်းမွန်ဆုံး ပြန်လည်တုံ့ပြန်နိုင်ခဲ့ပြီး ၂-၀ ဆိုတဲ့ ရလဒ်နဲ့ပဲ အနိုင်ရရှိခဲ့ပါတယ်။ Young PH အနေနဲ့ နှစ်ပွဲလုံးမှာ gpm 700 ကျော်အထိ ရရှိခဲ့ပြီး KDA လည်း အတော်လေး ကောင်းမွန်ခဲ့ပါတယ်။

X.Veteran အသင်းကတော့ ပွဲဦးထွက်မှာ The Prime အသင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ The Prime ရဲ့ လူစာရင်းတွေကတော့ Rusman, Azur4, Mydearest, Bfl, Varizh တို့ဖြစ်ပါတယ်။

Game 1 မှာတော့ Veteran အနေနဲ့ Meepo, WK, Batrider, Earth Spirit, Puck တို့နဲ့ အလုပ်ဖြစ်ခဲ့ပါတယ်။ Meepo pick ဟာ The Prime အတွက် အတော်အာရုံနောက်စေခဲ့ပါတယ်။ Prime အသင်းက battle တွေမှာ meepo ကို သတ်နိုင်ခဲ့ပေမယ့်လည်း WK အတွက်တော့ လုံး၀ အဖြေ
မရှိတော့ဘဲ Game 1 ကို အရှုံးပေးခဲ့ရပါတယ်။ Game 2 မှာတော့ The Prime အသင်းဟာ အမှားတွေကို အကောင်းဆုံး ပြင်ဆင်နိုင်ခဲ့ပြီး X.Veteran အသင်းကို အနိုင်ရရှိကာ ၁-၁ ဆိုတဲ့ ရလဒ်နဲ့ ပြီးဆုံးသွာခဲ့ပါတယ်။

YG အသင်းဟာ ဒုတိယပွဲစဉ်အနေနဲ့တော့ Zero Two အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ Zero Two ရဲ့ လူစာရင်းတွေကတော့ Dreamocel, ChYuan, X1aOyU (afterrain), inYourDreaM, Poloson တို့ပဲ ဖြစ်ပါတယ်။ Group B မှာတော့ Zero Two ရဲ့ လူစာရင်းဟာ အတော်လေး ကောင်းမွန်နေတာပါ။

YG အသင်းအနေနဲ့ Game 1 မှာ Morphling, Riki တို့လို carry တွေကို ထုတ်သုံးခဲ့ပြီး Zero Two ဘက်ကို အကောင်းမွန်ဆုံး ကစားနိုင်ခဲ့ပါတယ်။
YG အသင်းဟာ Lanes တွေမှာ အဆင်မပြေခဲ့ပေမယ့်လည်း mid game မှာတော့ တစ်ဖက်အသင်းရဲ့ အမှားတွေကို အခွင့်အရေးရယူနိုင်ခဲ့ပြီး ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ Zero Two အနေနဲ့လည်း smoke gank တွေနဲ့ အကောင်းဆုံး battle တွေကို ဆိုင်နိုင်ခဲ့ပြီး ပွဲဟာ အတော်လေးကြည့်လို့ ကောင်းခဲ့ပါတယ်။

Morphling သေနေတဲ့အချိန်မှာ Divine Rapier ထည့်ထားတဲ့ AM ဟာ high ground တက်လာချိန်မှာတော့ YG အသင်းက teamwork ပိုင်းညီညီ buyback တွေနဲ့ AM ကို သတ်နိုင်ခဲ့ပါတယ်။ Divine Rapier ကိုတော့ Riki ကရရှိခဲ့ပြီး ပွဲကိုပါ အနိုင်ရရှိခဲ့ပါတယ်။ Game 1 မှာတင် YG Vs Zero Two ဟာ အတော်လေး ကြည့်လို့ ကောင်းတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

Game 2 မှာလည်း YG အသင်းဟာ mid game လောက်ထိ Zero Two အသင်းကို pressure ပေးနိုင်ခဲ့ပေမယ့်လည်း Roshan နားမှာ ချတဲ့ battle တွေမှာ YG အသင်း အကျအရှုံးများခဲ့ပါတယ်။ Zero Two အနေနဲ့ သာနေတဲ့အခွင့်အရေးကို အမှားမခံတော့ဘဲ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး Game 2 ကိုပါ အနိုင်ရရှိခဲ့ပါတယ်။

X.Veteran အသင်းက ဒုတိယပွဲစဉ်အနေနဲ့ Galaxy Racer အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ Galaxy Racer ရဲ့ လူစာရင်းတွေကတော့
Ghost, AlaCrity, kYxY, Destrice, 343 တို့ပဲ ဖြစ်ပါတယ်။ လူစာရင်းတွေအရတော့ Galaxy Racer အသင်းဟာလည်း ကောင်းမွန်တဲ့ အသင်းတစ်သင်းပါပဲ။

Game 1 မှာတော့ X.Veteran အနေနဲ့ Medusa, Weaver, Timbersaw, Mirana, Brewmaster တို့နဲ့ အစောပိုင်းတွေမှာ အဆင်ပြေခဲ့ပေမယ့်လည်း 2nd Roshan ကို free ပေးရတဲ့အချိန်မှာတော့ Galaxy Racer အနေနဲ့ X.Veteran အသင်းကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ X.Veteran အသင်းက 2nd Roshan ပေးရတဲ့အချိန်မှာ lane split တွေနဲ့ ဆော့နိုင်ခဲ့ပေမယ့်လည်း 3rd Roshan battle တွေမှာ တစ်ဖက်အသင်း TA ရဲ့ Divine Rapier နဲ့ ပစ်ချက်တွေနဲ့ အကျအရှုံးများခဲ့ပြီး buybacks တွေလည်း အများကြီး ပေးခဲ့ရပါတယ်။ အဲဒီ Roshan team fight ကပဲ Galaxy Racer ရဲ့ Winning point ဖြစ်ခဲ့ပြီး ပွဲပါ အနိုင်ရရှိခဲ့ပါတယ်။

Game 2 မှာတော့ X.Veteran ဟာ Meepo, WK တို့နဲ့ ပြန်ဆော့ခဲ့ပေမယ့် Galaxy Racer အသင်းကတော့ Leshrac last pick နဲ့အတူ early ပိုင်းမှာတင် tower တွေယူပြီး meepo ရဲ့ jungle farming တွေပါ လိုက်နှောင့်ယှက်နိုင်ခဲ့ပြီး ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ Meepo pick ထားတဲ့ X.Veteran အသင်းအနေနဲ့ early ပိုင်းတွေမှာ နိမ့်ခဲ့တော့ ပွဲဟာ ဆော့ရတာ အချိန်ကြာလာတာနဲ့အမျှ ပိုမိုခက်ခဲခဲ့ပြီး ၂၈ မိနစ်မှာပဲ အရှုံးပေးခဲ့ပါတယ်။

YG အသင်းအနေနဲ့ နှစ်ပွဲကစားပြီးချိန်မှာ 3-1 ဆိုတဲ့ ရလဒ်ရရှိပြီး Group B ရဲ့ ထိပ်ဆုံး နေရာမှာရောက်ရှိနေပြီး X.Veteran အသင်းကတော့ 1-3 ဆိုတဲ့ ရလဒ်နဲ့ပဲ Group A ရဲ့ အဆင့်၅ နေရာမှာ ရောက်ရှိနေပါတယ်။ တစ်အုပ်စုမှာ နှစ်သင်းပဲ ထွက်ခွာသွားရမှာဖြစ်လို့ အခွင့်အရေးတွေကတော့ အများကြီး ကျန်ရှိနေပါသေးတယ်။ ဒုတိယနေ့ ယှဉ်ပြိုင်မယ့် ပွဲစဉ်တွေမှာ YG နဲ့ X.Veteran အသင်းနှစ်သင်းလုံး ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

#patalar