[Unicode]

2020 မှာကျင်းပမယ့် စင်္ကာပူ Dota2 Major ပွဲ

 

Valve ဟာ Dota 2 Major ပြိုင်ပွဲကြီးများကို ကမ္ဘာ့အထင်ကရမြို့များမှာ လှည့်လည်ကျင်းပနေတာ အချိန်အတော်ကြာခဲ့ပါပြီ။ ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိတဲ့ Major များဟာ professional ကစားသမားများအတွက် အရေးကြီးတဲ့ပြိုင်ပွဲများဖြစ်သလို Dota 2 ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားထားနိုင်တဲ့ပွဲများလည်း ဖြစ်ကြပါတယ်။

ယခုလည်း လာမယ့်နှစ် ဇွန်လမှာ ပထမဆုံးအကြိမ်အဖြစ် စင်ကာပူနိုင်ငံမှာ Major ပွဲ ကျင်းပပြုလုပ်မယ့်အကြောင်းကို ဒီဇင်ဘာလ ၁၈ ရက်နေ့က တရားဝင်ကြေညာလိုက်ပါတယ်။ Singapore Major မှာ ယှဉ်ပြိုင်မယ့် ကစားသမားများအတွက် ဆုကြေးငွေစုစုပေါင်း ဒေါ်လာ တစ်သန်း (စင်ကာပူဒေါ်လာ ၁.၃၆သန်း) ကို ONE Esports က Professional Gamers League (PGL) နဲ့ Singapore Tourism Board တို့ရဲ့ အကူအညီနဲ့ စုစည်းချီးမြှင့်ပေးသွားမှာပါ။

Singapore Major ဟာ ၂၀၁၉-၂၀၂၀ DPC season ရဲ့ နောက်ဆုံး Major ဖြစ်လို့ အချို့ pro အသင်းများအတွက် The International 2020 (TI10) ကို ဝင်ရောက်ဖို့ အဆုံးအဖြတ်တမျှ အရေးကြီးတဲ့ပွဲလည်း ဖြစ်လာမှာပါ။ ပြီးခဲ့တဲ့နှစ်က The International 2019 (TI9) မှာ ဆုကြေးငွေစုစုပေါင်း ဒေါ်လာ ၃၃ သန်းကျော် ချီးမြှင့်ခဲ့ပြီး OG အသင်းက ၂ နှစ်ဆက် ချန်ပီယံအဖြစ် ဗိုလ်စွဲသွားခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ ကျင်းပခဲ့တဲ့ ဆီးဂိမ်း ၂၀၁၉ မှာ Esports များကို ထည့်သွင်းထားခဲ့ပြီးနောက် အရှေ့တောင်အာရှနိုင်ငံများဟာ Esports ထွန်းကားရေးကို ပိုမိုအာရုံစိုက် ကြိုးပမ်းကြလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းက Global Esports Federation ကို စင်ကာပူမှာ စတင်ထူထောင်ခဲ့ပြီးနောက် မကြာခင်မှာပဲ ယခုကြေညာချက်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

စင်ကာပူဟာ Esports နဲ့ ပတ်သတ်လို့ အလျင်အမြန်တိုးတက်လျက်ရှိပြီး လက်ရှိအချိန်မှာလည်း ONE Esports Dota 2 World Pro Invitational ပွဲကို ကျင်းပလျက် ရှိပါတယ်။ PSG.LGD နဲ့ Team Secret တို့လိုအသင်းကြီးများပါ ဝင်ရောက်ယှဉ်ပြိုင်နေကြတဲ့ ယခုပွဲကို ဒီဇင်ဘာ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပွဲမှာလည်း ONE Esprots ဟာ PGL နဲ့ ပူးပေါင်းပြီး ဆုကြေးငွေစုစုပေါင်း ဒေါ်လာ ၅ သိန်း ချီးမြှင့်ပေးသွားမှာပါ။

Singapore Major ရဲ့ အသေးစိတ်အချက်အလက်များကို ပြိုင်ပွဲကျင်းပဖို့ နီးကပ်လာချိန်မှာ ဆက်လက်ကြေညာပေးသွားမှာပါ။ Dota 2 Major ပွဲများကို မျက်ဝါးထင်ထင် ကြည့်ရှုအားပေးချင်ကြတဲ့ မြန်မာ ပရိသတ်များအတွက် Singapore Major ဟာ သွားရောက်ကြည့်ရှုဖို့ အနီးစပ်ဆုံးနဲ့ အသင့်တော်ဆုံးပွဲတစ်ပွဲဖြစ်ကြောင်း သတင်းကောင်းပါးလိုက် ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

Source: yahoo news


[ZawGyi]

2020 မွာက်င္းပမယ့္ စကၤာပူ Dota2 Major ပြဲ

 

Valve ဟာ Dota 2 Major ၿပိဳင္ပြဲႀကီးမ်ားကို ကမာၻ႔အထင္ကရၿမိဳ႕မ်ားမွာ လွည့္လည္က်င္းပေနတာ အခ်ိန္အေတာ္ၾကာခဲ့ပါၿပီ။ ၿခိမ့္ၿခိမ့္သဲ က်င္းပေလ့ရွိတဲ့ Major မ်ားဟာ professional ကစားသမားမ်ားအတြက္ အေရးႀကီးတဲ့ၿပိဳင္ပြဲမ်ားျဖစ္သလို Dota 2 ပရိသတ္ရဲ႕ စိတ္ဝင္စားမႈကို ဖမ္းစားထားႏိုင္တဲ့ပြဲမ်ားလည္း ျဖစ္ၾကပါတယ္။

ယခုလည္း လာမယ့္ႏွစ္ ဇြန္လမွာ ပထမဆုံးအႀကိမ္အျဖစ္ စင္ကာပူႏိုင္ငံမွာ Major ပြဲ က်င္းပျပဳလုပ္မယ့္အေၾကာင္းကို ဒီဇင္ဘာလ ၁၈ ရက္ေန႔က တရားဝင္ေၾကညာလိုက္ပါတယ္။ Singapore Major မွာ ယွဥ္ၿပိဳင္မယ့္ ကစားသမားမ်ားအတြက္ ဆုေၾကးေငြစုစုေပါင္း ေဒၚလာ တစ္သန္း (စင္ကာပူေဒၚလာ ၁.၃၆သန္း) ကို ONE Esports က Professional Gamers League (PGL) နဲ႔ Singapore Tourism Board တို႔ရဲ႕ အကူအညီနဲ႔ စုစည္းခ်ီးျမႇင့္ေပးသြားမွာပါ။

Singapore Major ဟာ ၂၀၁၉-၂၀၂၀ DPC season ရဲ႕ ေနာက္ဆုံး Major ျဖစ္လို႔ အခ်ိဳ႕ pro အသင္းမ်ားအတြက္ The International 2020 (TI10) ကို ဝင္ေရာက္ဖို႔ အဆုံးအျဖတ္တမွ် အေရးႀကီးတဲ့ပြဲလည္း ျဖစ္လာမွာပါ။ ၿပီးခဲ့တဲ့ႏွစ္က The International 2019 (TI9) မွာ ဆုေၾကးေငြစုစုေပါင္း ေဒၚလာ ၃၃ သန္းေက်ာ္ ခ်ီးျမႇင့္ခဲ့ၿပီး OG အသင္းက ၂ ႏွစ္ဆက္ ခ်န္ပီယံအျဖစ္ ဗိုလ္စြဲသြားခဲ့ပါတယ္။

ဖိလစ္ပိုင္မွာ က်င္းပခဲ့တဲ့ ဆီးဂိမ္း ၂၀၁၉ မွာ Esports မ်ားကို ထည့္သြင္းထားခဲ့ၿပီးေနာက္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားဟာ Esports ထြန္းကားေရးကို ပိုမိုအာ႐ုံစိုက္ ႀကိဳးပမ္းၾကလ်က္ရွိပါတယ္။ ၿပီးခဲ့တဲ့ရက္အနည္းငယ္အတြင္းက Global Esports Federation ကို စင္ကာပူမွာ စတင္ထူေထာင္ခဲ့ၿပီးေနာက္ မၾကာခင္မွာပဲ ယခုေၾကညာခ်က္ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။

စင္ကာပူဟာ Esports နဲ႔ ပတ္သတ္လို႔ အလ်င္အျမန္တိုးတက္လ်က္ရွိၿပီး လက္ရွိအခ်ိန္မွာလည္း ONE Esports Dota 2 World Pro Invitational ပြဲကို က်င္းပလ်က္ ရွိပါတယ္။ PSG.LGD နဲ႔ Team Secret တို႔လိုအသင္းႀကီးမ်ားပါ ဝင္ေရာက္ယွဥ္ၿပိဳင္ေနၾကတဲ့ ယခုပြဲကို ဒီဇင္ဘာ ၁၇ ရက္ေန႔ကေန ၂၂ ရက္ေန႔ထိ က်င္းပသြားမွာျဖစ္ပါတယ္။ ဒီပြဲမွာလည္း ONE Esprots ဟာ PGL နဲ႔ ပူးေပါင္းၿပီး ဆုေၾကးေငြစုစုေပါင္း ေဒၚလာ ၅ သိန္း ခ်ီးျမႇင့္ေပးသြားမွာပါ။

Singapore Major ရဲ႕ အေသးစိတ္အခ်က္အလက္မ်ားကို ၿပိဳင္ပြဲက်င္းပဖို႔ နီးကပ္လာခ်ိန္မွာ ဆက္လက္ေၾကညာေပးသြားမွာပါ။ Dota 2 Major ပြဲမ်ားကို မ်က္ဝါးထင္ထင္ ၾကည့္ရႈအားေပးခ်င္ၾကတဲ့ ျမန္မာ ပရိသတ္မ်ားအတြက္ Singapore Major ဟာ သြားေရာက္ၾကည့္ရႈဖို႔ အနီးစပ္ဆုံးနဲ႔ အသင့္ေတာ္ဆုံးပြဲတစ္ပြဲျဖစ္ေၾကာင္း သတင္းေကာင္းပါးလိုက္ ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

Source: yahoo news