[Unicode]

တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ မကြာမီကျင်းပတော့မယ့် 2020 League of Legends World Championship ပြိုင်ပွဲကြီးရဲ့ အချိန်စာရင်းနဲ့ အသင်းနာမည်များ ထွက်ပေါ်လာ

 

နှစ်စဉ်ကျင်းပနေကျ ကမ္ဘာ့ထိပ်တန်း Esports ပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ League of Legends World Championship ဟာ ယခု ၂၀၂၀ ခုနှစ်မှာလည်း အစဉ်အလာမပျက် ရောက်ရှိလာတော့မှာပါ။ Covid-19 ရဲ့ ရိုက်ခတ်မှုကြောင့် ယခုနှစ် Worlds 2020 ပြိုင်ပွဲကြီးကို ကျင်းပမယ့်ပုံစံဟာ အနည်းငယ် ပြောင်းလဲ သွားတာမျိုး ဖြစ်နိုင်သေးပေမယ့် ပြိုင်ပွဲအချိန်စာရင်းနဲ့ ယှဉ်ပြိုင်မယ့်အသင်းနာမည်များကတော့ ယခုအချိန်မှာ ထွက်ပေါ်လာခဲ့ပါပြီ။

လက်ရှိပြိုင်ပွဲဝင်အသင်းများစာရင်းမှာ ဒေသပေါင်းစုံက အသင်းပေါင်း မြောက်များစွာ ပါဝင်နေပေမယ့် အုပ်စုပွဲစဉ်အထိ တက်ရောက်နိုင်မယ့်အသင်းကတော့ နည်းပါးမှာပါ။ တစ်ကမ္ဘာလုံးက League of Legends လိဂ်ပြိုင်ပွဲပေါင်းစုံမှာ စိုးမိုးနေခဲ့ကြတဲ့ ယင်းအသင်းများဟာ အုပ်စုပွဲစဉ်များမှာ ပါဝင်နိုင်​ရေးအတွက် play-in ပွဲများကို အနိုင်ရဖို့ အရင်ဆုံးအကြိတ်အနယ်​ကြိုးပမ်းကြရမှာဖြစ်ပါတယ်။

လက်ရှိစာရင်းအတွင်းမှာတော့ တရုတ်နဲ့ ဥရောပ ဒေသနှစ်ခုကနေ အသင်း ၄ သင်းစီ၊ မြောက်အမေရိကနဲ့ ကိုရီးယားဒေသနှစ်ခုကနေ အသင်း ၃ သင်းစီ၊ ဗီယက်နမ်နဲ့ PCS ပြိုင်ပွဲတို့ကနေ အသင်း ၂ သင်းစီနဲ့ အခြားဒေသများကနေ အသင်းတစ်သင်းစီ ပါဝင်​ပါတယ်။ PCS ပြိုင်ပွဲ ဆိုတာကတော့ ပစိဖိတ် ချန်ပီယံရှစ်စီးရီးကို ဆိုလိုခြင်းဖြစ်ပြီး ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ အရှေ့တောင်အာရှအသင်းများ ယှဉ်ပြိုင်ကစားကြလေ့ရှိပါတယ်။

2020 League of Legends World Championship ပြိုင်ပွဲကြီးမှာ ယှဥ်​ ပြိုင်​ကြမယ့်အသင်းနာမည်များကတော့ အောက်ပါအတိုင်းဖြစ်ကြပါတယ်။

LCS (မြောက်အမေရိက) FlyQuest, Team Liquid, TSM

LEC (ဥရောပ) Rogue, G2 Esports, Fnatic, MAD Lions

LCK (တောင်ကိုရီးယား) TBD, TBD, TBD

PCS (ထိုင်ဝမ်၊ ဟောင်ကောင်နှင့် အရှေ့တောင်အာရှ) PSG Talon, Machi Esports

LPL (တရုတ်) Top Esports, JD Gaming, Suning. TBD

VCS (ဗီယက်နမ်) Team Flash, TBD

CBLOL (ဘရာဇီး) TBD

LCL (ရုရှား) TBD

LJL (ဂျပန်) TBD

LLA (လက်တင်အမေရိက) Rainbow7

OPL (အိုရှန်းနီးယား) Legacy Esports

TCL (တူရကီ) TBD

Tencent Esports ရဲ့ ကြေညာချက်အရ ရှန်ဟိုင်းမှာ ကျင်းပမယ့် ဒီ Worlds 2020 ပြိုင်ပွဲကြီးဟာ စက်တင်ဘာလ ၂၅ ရက်ကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပြီး Summoner’s Cup ဖလား ဖိုင်နယ်ပွဲများကိုတော့ ပူဒေါင်းဘောလုံးအားကစားရုံအတွင်းကျင်းပသွားမယ်လို့ ဆိုပါတယ်။
2020 League of Legends World Championship ရဲ့ အချိန်စာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Pudong Football Arena

Play-in Stage: စက်တင်ဘာ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ

Group Stage Round 1: အောက်တိုဘာ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ

Group Stage Round 2: အောက်တိုဘာ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ

Quarterfinals: အောက်တိုဘာ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ

Semifinals: အောက်တိုဘာ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ

Summoner’s Cup Finals: အောက်တိုဘာ ၃၁ ရက်နေ့

ESPN ရဲ့ ဖော်ပြချက်အရတော့ Riot Games ဟာ Worlds 2020 ကို NBA ပြိုင်ပွဲရဲ့ပုံစံအတိုင်း ကျင်းပလာနိုင်တယ်လို့ ဆိုပါတယ်။ Covid-19 ကူးစက်မှုမရှိစေရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် အသင်းများဟာ သတ်မှတ်ထားတဲ့နေရာကို ရက်သတ္တပါတ်အနည်းငယ်ခန့် ကြိုတင်ရောက်ရှိပြီး ကွာရန်တိုင်းဝင်နေကြရမှာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ယင်းပြိုင်ပွဲကြီးမှာ ပရိသတ်များကို ဝင်ရောက်ခွင့်ပြုမလားဆိုတာကိုတော့ ယခုအချိန်အထိ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ League of Legends World Championship ပြိုင်ပွဲကြီးများဟာ Dota 2 ရဲ့ အကြီးဆုံးပြိုင်ပွဲကြီးဖြစ်တဲ့ The International များထက်တောင် လာရောက်ကြည့်ရှုသူ များပြားလေ့ရှိတာမို့ Esports ပရိသတ်များရင်ခုန်စိတ်လှုပ်ရှားလျက်ရှိနေကြပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: dotesports, esportsobserver


[ZawGyi]

တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းမွာ မၾကာမီက်င္းပေတာ့မယ့္ 2020 League of Legends World Championship ၿပိဳင္ပြဲႀကီးရဲ႕ အခ်ိန္စာရင္းနဲ႔ အသင္းနာမည္မ်ား ထြက္ေပၚလာ

 

ႏွစ္စဥ္က်င္းပေနက် ကမာၻ႔ထိပ္တန္း Esports ၿပိဳင္ပြဲႀကီးတစ္ခုျဖစ္တဲ့ League of Legends World Championship ဟာ ယခု ၂၀၂၀ ခုႏွစ္မွာလည္း အစဥ္အလာမပ်က္ ေရာက္ရွိလာေတာ့မွာပါ။ Covid-19 ရဲ႕ ႐ိုက္ခတ္မႈေၾကာင့္ ယခုႏွစ္ Worlds 2020 ၿပိဳင္ပြဲႀကီးကို က်င္းပမယ့္ပုံစံဟာ အနည္းငယ္ ေျပာင္းလဲ သြားတာမ်ိဳး ျဖစ္ႏိုင္ေသးေပမယ့္ ၿပိဳင္ပြဲအခ်ိန္စာရင္းနဲ႔ ယွဥ္ၿပိဳင္မယ့္အသင္းနာမည္မ်ားကေတာ့ ယခုအခ်ိန္မွာ ထြက္ေပၚလာခဲ့ပါၿပီ။

လက္ရွိၿပိဳင္ပြဲဝင္အသင္းမ်ားစာရင္းမွာ ေဒသေပါင္းစုံက အသင္းေပါင္း ေျမာက္မ်ားစြာ ပါဝင္ေနေပမယ့္ အုပ္စုပြဲစဥ္အထိ တက္ေရာက္ႏိုင္မယ့္အသင္းကေတာ့ နည္းပါးမွာပါ။ တစ္ကမာၻလုံးက League of Legends လိဂ္ၿပိဳင္ပြဲေပါင္းစုံမွာ စိုးမိုးေနခဲ့ၾကတဲ့ ယင္းအသင္းမ်ားဟာ အုပ္စုပြဲစဥ္မ်ားမွာ ပါဝင္ႏိုင္​ေရးအတြက္ play-in ပြဲမ်ားကို အႏိုင္ရဖို႔ အရင္ဆုံးအႀကိတ္အနယ္​ႀကိဳးပမ္းၾကရမွာျဖစ္ပါတယ္။

လက္ရွိစာရင္းအတြင္းမွာေတာ့ တ႐ုတ္နဲ႔ ဥေရာပ ေဒသႏွစ္ခုကေန အသင္း ၄ သင္းစီ၊ ေျမာက္အေမရိကနဲ႔ ကိုရီးယားေဒသႏွစ္ခုကေန အသင္း ၃ သင္းစီ၊ ဗီယက္နမ္နဲ႔ PCS ၿပိဳင္ပြဲတို႔ကေန အသင္း ၂ သင္းစီနဲ႔ အျခားေဒသမ်ားကေန အသင္းတစ္သင္းစီ ပါဝင္​ပါတယ္။ PCS ၿပိဳင္ပြဲ ဆိုတာကေတာ့ ပစိဖိတ္ ခ်န္ပီယံရွစ္စီးရီးကို ဆိုလိုျခင္းျဖစ္ၿပီး ထိုင္ဝမ္၊ ေဟာင္ေကာင္နဲ႔ အေရွ႕ေတာင္အာရွအသင္းမ်ား ယွဥ္ၿပိဳင္ကစားၾကေလ့ရွိပါတယ္။

2020 League of Legends World Championship ၿပိဳင္ပြဲႀကီးမွာ ယွဥ္​ ၿပိဳင္​ၾကမယ့္အသင္းနာမည္မ်ားကေတာ့ ေအာက္ပါအတိုင္းျဖစ္ၾကပါတယ္။

LCS (ေျမာက္အေမရိက) FlyQuest, Team Liquid, TSM

LEC (ဥေရာပ) Rogue, G2 Esports, Fnatic, MAD Lions

LCK (ေတာင္ကိုရီးယား) TBD, TBD, TBD

PCS (ထိုင္ဝမ္၊ ေဟာင္ေကာင္ႏွင့္ အေရွ႕ေတာင္အာရွ) PSG Talon, Machi Esports

LPL (တ႐ုတ္) Top Esports, JD Gaming, Suning, TBD

VCS (ဗီယက္နမ္) Team Flash, TBD

CBLOL (ဘရာဇီး) TBD

LCL (႐ုရွား) TBD

LJL (ဂ်ပန္) TBD

LLA (လက္တင္အေမရိက) Rainbow7

OPL (အိုရွန္းနီးယား) Legacy Esports

TCL (တူရကီ) TBD

Tencent Esports ရဲ႕ ေၾကညာခ်က္အရ ရွန္ဟိုင္းမွာ က်င္းပမယ့္ ဒီ Worlds 2020 ၿပိဳင္ပြဲႀကီးဟာ စက္တင္ဘာလ ၂၅ ရက္ကေန ေအာက္တိုဘာလ ၃၁ ရက္ေန႔အထိ ၾကာျမင့္မွာျဖစ္ၿပီး Summoner’s Cup ဖလား ဖိုင္နယ္ပြဲမ်ားကိုေတာ့ ပူေဒါင္းေဘာလုံးအားကစား႐ုံအတြင္းက်င္းပသြားမယ္လို႔ ဆိုပါတယ္။
2020 League of Legends World Championship ရဲ႕ အခ်ိန္စာရင္းကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

Pudong Football Arena

Play-in Stage: စက္တင္ဘာ ၂၅ ရက္ေန႔မွ ၃၀ ရက္ေန႔အထိ

Group Stage Round 1: ေအာက္တိုဘာ ၃ ရက္ေန႔မွ ၆ ရက္ေန႔အထိ

Group Stage Round 2: ေအာက္တိုဘာ ၈ ရက္ေန႔မွ ၁၁ ရက္ေန႔အထိ

Quarterfinals: ေအာက္တိုဘာ ၁၅ ရက္ေန႔မွ ၁၈ ရက္ေန႔အထိ

Semifinals: ေအာက္တိုဘာ ၂၄ ရက္ေန႔မွ ၂၅ ရက္ေန႔အထိ

Summoner’s Cup Finals: ေအာက္တိုဘာ ၃၁ ရက္ေန႔

ESPN ရဲ႕ ေဖာ္ျပခ်က္အရေတာ့ Riot Games ဟာ Worlds 2020 ကို NBA ၿပိဳင္ပြဲရဲ႕ပုံစံအတိုင္း က်င္းပလာႏိုင္တယ္လို႔ ဆိုပါတယ္။ Covid-19 ကူးစက္မႈမရွိေစေရးအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ အသင္းမ်ားဟာ သတ္မွတ္ထားတဲ့ေနရာကို ရက္သတၱပါတ္အနည္းငယ္ခန႔္ ႀကိဳတင္ေရာက္ရွိၿပီး ကြာရန္တိုင္းဝင္ေနၾကရမွာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ ယင္းၿပိဳင္ပြဲႀကီးမွာ ပရိသတ္မ်ားကို ဝင္ေရာက္ခြင့္ျပဳမလားဆိုတာကိုေတာ့ ယခုအခ်ိန္အထိ ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေသးပါဘူး။ League of Legends World Championship ၿပိဳင္ပြဲႀကီးမ်ားဟာ Dota 2 ရဲ႕ အႀကီးဆုံးၿပိဳင္ပြဲႀကီးျဖစ္တဲ့ The International မ်ားထက္ေတာင္ လာေရာက္ၾကည့္ရႈသူ မ်ားျပားေလ့ရွိတာမို႔ Esports ပရိသတ္မ်ားရင္ခုန္စိတ္လႈပ္ရွားလ်က္ရွိေနၾကပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။
source: dotesports, esportsobserver