[Unicode]

2020 League of Legends World Championship ကို ရွှေ့ဆိုင်းရန် အစီအစဉ်မရှိဟုဆို

 

နှစ်စဉ်နှစ်တိုင်းကျင်းပနေကျဖြစ်တဲ့ League of Legends World Championship ပြိုင်ပွဲများဟာ ကြီးကျယ် ခန်းနားလှတဲ့ ကမ္ဘာ့ကြည့်ရှုသူအများဆုံး Esports ပွဲကြီးများဖြစ်ကြပါတယ်။ လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကစားသူအများဆုံး MOBA ဂိမ်းအဖြစ်ရပ်တည်နေတဲ့ League of Legends ရဲ့ ယင်းပြိုင်ပွဲများမှာ အနိုင်ရရှိသူများကို Riot Games က ဆုကြေးငွေ ဒေါ်လာသန်းချီ ချီးမြှင့်ပေးနေခဲ့တာဟာလည်း နှစ်အတော်ကြာမြင့်ခဲ့ပါပြီ။

Riot Games ဟာ ယခုနှစ်မှာလည်း 2020 League of Legends World Championship ပြိုင်ပွဲကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ကျင်းပမှာဖြစ်ကြောင်း လွန်ခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ 2019 League of Legends World Championship အပြီးမှာတည်းက ကြေညာထားခဲ့တာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာဖြစ်ပေါ်နေတဲ့ Covid-19 ပြဿနာကြောင့် ဒီပြိုင်ပွဲဟာ အခြားသော Esports ပြိုင်ပွဲကြီးများ နည်းတူ အချိန်ရွှေ့ဆိုင်းသွားမလားဆိုတာကို လူအများက သိချင်နေခဲ့ကြပါတယ်။

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ China Digital Entertainment Expo & Conference (ChinaJoy) ရဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာတော့ ရှန်ဟိုင်းမြို့ ပူဒေါင်းခရိုင်ရဲ့ ဒုညွှန်ကြားရေးမှူးဖြစ်သူ Wei Huang က ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။ Wei Huang ရဲ့ ပြောကြားချက်အရတော့ 2020 League of Legends World Championship ပြိုင်ပွဲကို ရွှေ့ဆိုင်းခြင်း ဖျက်သိမ်းခြင်းမရှိပဲ ယခုနှစ်အောက်တိုဘာလအတွင်း ရှန်ဟိုင်းမြို့ ပူဒေါင်းခရိုင်မှာ ယခင်အစီအစဉ်များအတိုင်း ကျင်းပသွားမယ်လို့ ဆိုပါတယ်။

Wei Huang, vice director of Shanghai Pudong District Propaganda

လက်ရှိအချိန်မှာ အခြားသော Esports ပြိုင်ပွဲကြီးကတော့ အချိန်ရွှေ့ဆိုင်းနေကြရပါတယ်။ ထင်ရှားတဲ့ သာဓကများအနေနဲ့ ယခုနှစ်အတွင်း စတော့ဟုမ်းမြို့မှာ ကျင်းပဖို့ စီစဉ်ထားခဲ့တဲ့ The International 10 ကို နောက်ဆုတ်ရွှေ့ဆိုင်းလိုက်ကြောင်း Valve က တရားဝင်ကြေညာထားခဲ့ပြီးဖြစ်သလို Epic Games ကလည်း Fortnite World Cup 2020 ကို ကျင်းပဖို့ အစီအစဉ်မရှိကြောင်း ယင်းတို့ရဲ့ တရားဝင်တွစ်တာစာမျက်နှာပေါ်မှာ ရေးသားထားခဲ့ပြီးပါပြီ။

ဒါကြောင့် ယခုလိုအချိန်မှာ ထွက်ပေါ်လာတဲ့ 2020 League of Legends World Championship အကြောင်း တရုတ်တာဝန်ရှိသူ Wei Huang ရဲ့ ကြေညာချက်ကို ပရိသတ်အများ အံ့အားသင့်နေကြပါတယ်။ မည်သို့ပင်ဖြစ်စေ ပိုမိုတိကျတဲ့အသေးစိတ်အချက်အလက်များကို သိရှိနိုင်ဖို့အတွက်ကတော့ Riot Games ရဲ့ တရားဝင်ကြေညာချက်များ ထွက်ပေါ်လာချိန်အထိ ဆက်လက်စောင့်မျှော်ကြရဦးမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: invenglobal, esportsobserver


[ZawGyi]

2020 League of Legends World Championship ကို ေ႐ႊ႕ဆိုင္းရန္ အစီအစဥ္မရွိဟုဆို

 

ႏွစ္စဥ္ႏွစ္တိုင္းက်င္းပေနက်ျဖစ္တဲ့ League of Legends World Championship ၿပိဳင္ပြဲမ်ားဟာ ႀကီးက်ယ္ ခန္းနားလွတဲ့ ကမာၻ႔ၾကည့္ရႈသူအမ်ားဆုံး Esports ပြဲႀကီးမ်ားျဖစ္ၾကပါတယ္။ လက္ရွိအခ်ိန္မွာ တစ္ကမာၻလုံး အတိုင္းအတာနဲ႔ ကစားသူအမ်ားဆုံး MOBA ဂိမ္းအျဖစ္ရပ္တည္ေနတဲ့ League of Legends ရဲ႕ ယင္းၿပိဳင္ပြဲမ်ားမွာ အႏိုင္ရရွိသူမ်ားကို Riot Games က ဆုေၾကးေငြ ေဒၚလာသန္းခ်ီ ခ်ီးျမႇင့္ေပးေနခဲ့တာဟာလည္း ႏွစ္အေတာ္ၾကာျမင့္ခဲ့ပါၿပီ။

Riot Games ဟာ ယခုႏွစ္မွာလည္း 2020 League of Legends World Championship ၿပိဳင္ပြဲကို တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းၿမိဳ႕မွာ က်င္းပမွာျဖစ္ေၾကာင္း လြန္ခဲ့တဲ့ႏွစ္က က်င္းပခဲ့တဲ့ 2019 League of Legends World Championship အၿပီးမွာတည္းက ေၾကညာထားခဲ့တာပါ။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာျဖစ္ေပၚေနတဲ့ Covid-19 ျပႆနာေၾကာင့္ ဒီၿပိဳင္ပြဲဟာ အျခားေသာ Esports ၿပိဳင္ပြဲႀကီးမ်ား နည္းတူ အခ်ိန္ေ႐ႊ႕ဆိုင္းသြားမလားဆိုတာကို လူအမ်ားက သိခ်င္ေနခဲ့ၾကပါတယ္။

မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ China Digital Entertainment Expo & Conference (ChinaJoy) ရဲ႕ သတင္းစာရွင္းလင္းပြဲတစ္ခုမွာေတာ့ ရွန္ဟိုင္းၿမိဳ႕ ပူေဒါင္းခ႐ိုင္ရဲ႕ ဒုၫႊန္ၾကားေရးမႉးျဖစ္သူ Wei Huang က ဒီကိစၥနဲ႔ ပတ္သက္ၿပီး ရွင္းလင္းေျပာၾကားသြားခဲ့ပါတယ္။ Wei Huang ရဲ႕ ေျပာၾကားခ်က္အရေတာ့ 2020 League of Legends World Championship ၿပိဳင္ပြဲကို ေ႐ႊ႕ဆိုင္းျခင္း ဖ်က္သိမ္းျခင္းမရွိပဲ ယခုႏွစ္ေအာက္တိုဘာလအတြင္း ရွန္ဟိုင္းၿမိဳ႕ ပူေဒါင္းခ႐ိုင္မွာ ယခင္အစီအစဥ္မ်ားအတိုင္း က်င္းပသြားမယ္လို႔ ဆိုပါတယ္။

Wei Huang, vice director of Shanghai Pudong District Propaganda

လက္ရွိအခ်ိန္မွာ အျခားေသာ Esports ၿပိဳင္ပြဲႀကီးကေတာ့ အခ်ိန္ေ႐ႊ႕ဆိုင္းေနၾကရပါတယ္။ ထင္ရွားတဲ့ သာဓကမ်ားအေနနဲ႔ ယခုႏွစ္အတြင္း စေတာ့ဟုမ္းၿမိဳ႕မွာ က်င္းပဖို႔ စီစဥ္ထားခဲ့တဲ့ The International 10 ကို ေနာက္ဆုတ္ေ႐ႊ႕ဆိုင္းလိုက္ေၾကာင္း Valve က တရားဝင္ေၾကညာထားခဲ့ၿပီးျဖစ္သလို Epic Games ကလည္း Fortnite World Cup 2020 ကို က်င္းပဖို႔ အစီအစဥ္မရွိေၾကာင္း ယင္းတို႔ရဲ႕ တရားဝင္တြစ္တာစာမ်က္ႏွာေပၚမွာ ေရးသားထားခဲ့ၿပီးပါၿပီ။

ဒါေၾကာင့္ ယခုလိုအခ်ိန္မွာ ထြက္ေပၚလာတဲ့ 2020 League of Legends World Championship အေၾကာင္း တ႐ုတ္တာဝန္ရွိသူ Wei Huang ရဲ႕ ေၾကညာခ်က္ကို ပရိသတ္အမ်ား အံ့အားသင့္ေနၾကပါတယ္။ မည္သို႔ပင္ျဖစ္ေစ ပိုမိုတိက်တဲ့အေသးစိတ္အခ်က္အလက္မ်ားကို သိရွိႏိုင္ဖို႔အတြက္ကေတာ့ Riot Games ရဲ႕ တရားဝင္ေၾကညာခ်က္မ်ား ထြက္ေပၚလာခ်ိန္အထိ ဆက္လက္ေစာင့္ေမွ်ာ္ၾကရဦးမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: invenglobal, esportsobserver