စိတ်ဝင်စားဖွယ်ရာများနှင့် ၂၀၂၀ ဒီဇင်ဘာ CoC ဆောင်းရာသီ Update

 

Clash of clan ဆိုတာ mobile gamer တွေနဲ့ မစိမ်းတဲ့ Game တစ်ခုပါ။ ယနေ့ထိတိုင်လဲ သူ့ရဲ့ ကစားသူများကို စိတ်ဝင်စားဖွယ်ရာ update များ bug fix များ နဲ့အတူ community ရဲ့အသံကို အမြဲနားထောင်ပြီး လိုအပ်ရင် လိုအပ်သလို update တွေ ထုတ်ပေးနေဆဲပါ။

အခုလည်း ဒီဇင်ဘာလ ရဲ့ clan war league အပြီး မှာ winter update ကို ထုတ်ပေးခဲ့ပါတယ်။ Hero level အသစ်, spell အသစ်, Troop အသစ်တွေ အများကြီး ပါဝင်ပြီးတော့ in game graphic ကိုလဲ December နဲ့ အညီ winter theme လေး ပြောင်းပေးထားပါတယ်။

ပထမဦးဆုံးအနေနဲ့ကတော့ invisibility spell ပါ။ Townhall 11 မှာ စရပါမယ်။ အသုံးပြုလိုက်တဲ့ နေရာမှာ မိမိရဲ့ troop တွေသာမက ရန်သူရဲ့ building တွေကိုပါ invisible ဖြစ်စေမှာပါ။ (walls and siege troops မပါပါဘူး။) Housing space ကတော့ ၁ ပဲယူပါမယ်။ နှစ်ဖက်လုံးကို invisible ဖြစ်စေတဲ့ အတွက် သုံးတတ်ရင်ဆေးဖြစ်ပြီး မသုံးတတ်ရင် ဘေးဖြစ်နိုင်ပါတယ်။ ဒီ invisible spell လေးကိုတော့ level 4 အထိ တင်နိုင်မှာဖြစ်ပါတယ်။

Siege Machine အသစ်: Log launcher. Wall wrecker နဲ့ ပုံစံချင်းဆင်ပါတယ်။ Townhall ဆီ တိုက်ရိုက်သွားမယ်၊ အနားရောက်ရင် troop တွေကို ထုတ်ပေးမယ်။ ဒါပေမယ့် သူက range သဘောမျိုးပါ။ သူလဲ level 4 အထိ တင်လို့ရပါမယ်။

New “SUPER” wizard: သူကတော့ dark elixir နဲ့ unlock လို့ရမယ့် super troop အသစ်ပါ။ Wizard အတွက် ဖြစ်ပါတယ်။ သဘောတရား ကတော့ electrodragon နဲ့ နည်းနည်းဆင်ပါတယ်။ ပုံမှန် wizard က ပစ်လိုက်တဲ့ projectile က ဘေးနားက structure တွေကိုပါ ဓါတ်ကူးသွားမှာပါ။ ဆယ်ကြိမ်အထိ ကူးမှာဖြစ်ပါတယ်။ Housing space ကတော့ 10 ယူမှာပါ။

New “SUPER” Ice hound: သူလည်းပဲ dark elixir နဲ့ unlock ရမှာပါ။ Ice golem လိုမျိုး ချနေတဲ့ defence ကို slow စေမှာ ဖြစ်ပြီး သေသွားတဲ့ အခါမှာလည်း freeze ဖြစ်စေမှာပါ။ အရင် lava hound လိုပဲ air defence ကို target မှာပါ။ Housing space ကတော့ 40 ပါ။

Xbow level 8, giant bomb 7, air bomb 8 နဲ့ royal champion level 25 အထိလဲ တိုးပေးထားပါသေးတယ်။
Game play changes တွေအနေနဲ့ ကတော့ friendly war ရှာမယ်ဆိုရင် attack တစ်ခု (သို့မဟုတ်) ၂ ခုဆိုပြီး ရွေးချယ်လို့ ရပါမယ်။

Super potion ဆိုပြီး potion အသစ်တစ်ခု ပါလာမှာ ဖြစ်ပါတယ်။ သူကတော့ မိမိကြိုက်နှစ်သက်ရာ troop တစ်ခုကို super troop အဖြစ် boost ပေးမှာပါ။

Super troop တွေဟာလဲ အရင်လို တစ်ပါတ်မဟုတ်တော့ဘဲ ၃ ရက်သာ ခံတော့မှာ ဖြစ်ပါတယ်။ ဈေးကိုလဲ dark elixir 25000 အထိ လျှော့ချပေးထားပါတယ်။ Super troop boost ထားပေးမယ့်လည်း နဂို ရိုးရိုး troop တွေကိုလဲ train နိုင်တော့မှာပါ။

Scattered shot ကိုတော့ attack speed နဲ့ hit point တင်ပေးပြီး Damage ကိုတော့လျှော့ထားပါတယ်။

Raidတစ်ခုပြီးလို့ hero ရဲ့ ability တွေ မသုံးဘဲကျန်နေခဲ့ရင် auto သုံးပေးပြီး Heal ပေးမှာ ဖြစ်ပါတယ်။

Base edit လုပ်တဲ့ အခါမှာ wall တွေကို segment အလိုက် swap လုပ်လို့ရမှာ ဖြစ်ပါတယ်။

Cannon cart တွေဟာ နေရာရွေ့သွားခဲ့ရင် target အသစ်ကိုပြန်ရှာမှာ ဖြစ်ပါတယ်။

Unit တွေဟာ target ရွေးတဲ့အခါ ပိုမိုတိကျလာမှာ ဖြစ်ပါတယ်။ အရင်ကလို queen ကြီးက wall ကို ထိုင်ပစ်နေတာမျိုးတွေ လျော့နည်းလာမှာပါ။

Lightning spell ဟာ clan castle ကို damage မထိတော့ပါဘူး။
#iNtAnGibL3