[ZawGyi]

၂၀၁၉ အတြင္း ထြက္ရွိလာဦးမည့္ ေကာင္းႏုိးရာရာ PC game မ်ား (Part-1)

 

၂၀၁၉ ခုႏွစ္ဟာ မၾကာေသးမီက ႏွစ္တစ္ဝက္ ကုန္ဆုံးခဲ့ျပီ ျဖစ္ျပီး ဒီႏွစ္အတြင္း ထြက္ရွိမယ္လုိ့ ေၾကျငာထားခဲ့တဲဲ့ ဂိမ္းမ်ားကေတာ့ က်န္ရွိဆဲပါ။ ထိုဂိမ္းမ်ားထဲမွာမွ PC game မ်ားဟာ console သက္သက္ဝယ္ယူရန္ မလိုဘဲ အဆင္ေျပစြာ ကစားႏိုင္ျခင္း၊ online ခ်ိတ္ဆက္ ကစားရန္ လြယ္ကူျခင္း၊ အမ်ားစုမွာ free ျဖစ္ျပီး ဝယ္ယူကစားရသည့္ ဂိမ္းမ်ားမွာလည္း ေစ်းႏွုန္းသက္သာေလ့ရွိျခင္း စတဲ့ အားသာခ်က္ေၾကာင့္ gamer အမ်ားက သေဘာက်ႏွစ္ျခိဳက္ၾကပါတယ္။ ယခုဂိမ္းမ်ားကေတာ့ ထြက္ရွိလာမယ့္အထဲက PC gamer ေတြရဲ႕ စိတ္ဝင္စားမႈကို အမ်ားဆုံးခံရတဲ့ ဂိမ္းေတြပါ။

“Doom Eternal”

 

FPS game တစ္ခုျဖစ္တဲ့ “Doom Eternal” ကို Bethesda Softworks က ထုတ္လုပ္ဖုိ႔ ျပင္ဆင္ေနျပီး ၂၀၁၆ က ေနာက္ဆုံးထုတ္လုပ္ခဲ့တဲ့ Doom franchise စာရင္းဝင္ဂိမ္းကေတာ့ ေအာင္ျမင္မႈမ်ားရရွိခဲ့ပါတယ္။ ထုတ္လုပ္ခဲ့ျပီးသား ဂိမ္းရဲ႕ အခန္းဆက္ sequel အျဖစ္ ဒီဂိမ္းကို ထုတ္လုပ္မွာ ျဖစ္ျပီး teaser ကို ၂၀၁၈ ထဲက ထုတ္ေဖာ္ျပသျပီးသားျဖစ္ပါတယ္။ ႏိုဝင္ဘာ ၂၂ မွာ စတင္ထြက္ရွိမယ့္ ဒီဂိမ္းထဲမွာေတာ့ ကစားသူဟာ ေရွးက်တဲ့ တိုက္ပြဲဝင္ doom slayer တစ္ေယာက္ရဲ႕ေနရာကေန ကစားရမွာျဖစ္ျပီး ငရဲကေနတက္လာတဲ့ demon မ်ား doom မိစၦာမ်ားကို ႏိွမ္နင္းရမယ့္ ပုံစံေဆာ့ကစားရမွာျဖစ္ပါတယ္။

ဒီဂိမ္းရဲ႕ multiplayer mode ကေတာ့ စိတ္ဝင္စားဖြယ္ေကာင္းလွပါတယ္။ Invasion လုိ႔ အမည္တပ္ထားတဲ့ multiplayer mode ကို ကစားမယ့္ ကစားသမားမ်ားဟာ အျခား single player တစ္ေယာက္ရဲ႕ campaign မွာ demon ေတြအျဖစ္ သြားေရာက္တိုက္ခိုက္ရမွာျဖစ္ပါတယ္္။ ဒါေပမယ့္ single player အျဖစ္သာ ကစားခ်င္တဲ့သူေတြကေတာ့ ဒီ mode နဲ႔ ကစားတဲ့သူေတြ မဝင္လာေအာင္ ပိတ္ထားလုိ႔ ရပါတယ္။ အျခား multiplayer mode မ်ားလည္း ပါဝင္ပါေသးတယ္။ ေရွးက်တဲ့ တိုက္ပြဲပုံစံအေနအထား ျဖစ္ေပမယ့္ Combat Shotgun မ်ား၊ Super Shotgun မ်ား၊ အေျမာက္မ်ား၊ ဒုံးက်ည္မ်ားနဲ႕ Plasma ရိုင္ဖယ္မ်ားေတာင္ ပါဝင္ပါတယ္္လို႔ ဆိုထားတဲ့ ဒီဂိမ္းကေတာ့ ပရိတ္သတ္ရဲ႕ စိတ္ဝင္စားမႈကို ရရွိထားတဲ့ ဂိမ္းတစ္ခုပဲ ျဖစ္ပါတယ္။

 

“Call of Duty: Modern Warfare”

 

Call of Duty series ဟာ gamer မ်ားၾကားမွာ အၾကီးအက်ယ္ေအာင္ျမင္မႈရရွိထားတဲ့ game မ်ားပဲျဖစ္ပါတယ္။ “Call of Duty: Modern Warfare” ဟာ ဒီႏွစ္ ေအာက္တိုဘာ ၂၅ ရက္ေန႔မွာ ထြက္ရွိလာမယ္လုိ႔ ေၾကျငာထားတယ္္။ ၂၀၀၇ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Call of Duty Modern 4: Modern Warfare ကို ျပန္လည္စိတ္ကူးပုံေဖာ္မွာျဖစ္ျပီး ဂိမ္းဇာတ္ေကာင္အသစ္မ်ားနဲ႔ setting အသစ္မ်ား ပါဝင္လာမွာျဖစ္သလို အရင္က နာမည္ေက်ာ္ခဲ့ျပီးသား ဇာတ္ေကာင္မ်ားကိုလည္း ျပန္လည္ျမင္ေတြ႔ရမွျဖစ္ပါတယ္။ main character တစ္ေယာက္ကိုေတာ့ အေရွ႕အလယ္ပိုင္းေဒသမွာ ေနထိုင္တဲ့ အမ်ိဳးသမီး သူပုန္ fighter တစ္ဦးရဲ႕ပုံစံကို ထည့္သြင္းမွာပါ။

၂၀၁၁ မွာ ထုတ္လုပ္ခဲ့တဲ့ Modern Warfare 3 ရဲ႕ ဇာတ္ကြက္ထဲမွာေတာ့ nukes မ်ား ေပါက္ကြဲခဲ့ျပီးေနာက္ Russians ေတြ ထိုးေဖာက္ဝင္ေရာက္လာခဲ့ျပီ တိုက္ပြဲအေျခအေနေတြ မွုန္ဝါးေနခဲ့ပါတယ္။ Modern Warfare ထုတ္လုပ္မႈရဲ႕ တာဝန္ရွိသူတစ္ဦးျဖစ္သူ Taylor Kurosaki ကေတာ့ ဒီဂိမ္းကို ထုတ္လုပ္ရာမွာ ေရွ႕က ထုတ္လုပ္ျပီးသား Modern Warfare series က ဇာတ္လမ္းဇာတ္ကြက္မ်ားကို ျပန္လည္သုံးသပ္ထားတာျဖစ္ေၾကာင္း၊ ယေန႔ေခတ္ဟာ တင့္ကားေတြ uniform ဝတ္ စစ္သားေတြနဲ႕ ေပၚေပၚထင္ထင္ၾကီး စစ္တိုက္တာ မဟုတ္ေတာ့ပဲ uniform မဝတ္ထားတဲ့မည္သူမဆိုဟာ ရန္သူမ်ား ျဖစ္လာႏိုင္တဲ့ စစ္ေရးအေျခအေနမ်ိဳးရွိျပီး ယင္းကို modern warfare မွာ ပုံေဖာ္မွာ ျဖစ္ေၾကာင္းနဲ႔ gamer မ်ားေရာ fan မ်ားပါ သိျပီးသား ႏွစ္သက္ျပီးသား ဇာတ္ေကာင္မ်ား ျပန္လည္ပါဝင္လာမွာ ေသခ်ာေၾကာင္း ေျပာၾကားခဲ့ပါတယ္။

 

“Control”

 

သဘာဝလြန္ action-adventure ပုံစံနဲ႔ third-person အမ်ိဳးအစား game “Control” ကို Remedy Entertainment က ျပဳလုပ္ေနျပီး 505 games ကေန ဒီႏွစ္ ၾသဂုတ္လ ၂၇ ရက္ေန႔မွာ ထြက္ရွိလာမယ္လို႔ေၾကျငာထားပါတယ္။ ကစားသူမ်ားဟာ ဂိမ္းထဲမွာ နယူးေယာက္ျမိဳ႕မွ လွ်ိဳ႕ဝွက္ေအဂ်င္စီ တစ္ခုနဲ႔ ဆက္သြယ္ျပီး ဒီေလာကမဟုတ္တဲ့ အျခားေနရာတစ္ခုမွ အႏၱရာယ္က်ေရာက္လာမႈကို ကာကြယ္ရမွာပဲ ျဖစ္ပါတယ္္။ တာဝန္ဝတၱရားမ်ားကို ေက်ပြန္စြာ ထမ္းေဆာင္ရင္း လူအမ်ားကိုကယ္တင္ကာ ယင္းေအဂ်င္စီရဲ႕ ဒါရိုက္တာေနရာျဖစ္လာေအာင္ ကစားရမယ့္ ဂိမ္းဇာတ္ကြက္မ်ား ပါဝင္ပါတယ္။

ဂိမ္းထဲက ပတ္ဝန္းက်င္အေနအထားဟာ အႏၱရာယ္မ်ားက်ေရာက္ေနတဲ့ ကမၻာကို ပီပီျပင္ျပင္ ပုံေဖာ္ထားျပီး ဇာတ္ေကာင္မ်ားရဲ႕ ပုံပန္းသြင္ျပင္ဟာလည္း အသက္ဝင္လွတယ္လုိ႔ ဂိမ္းရဲ႕ teaser ကိုၾကည့္ျပီး လူအမ်ားက မွတ္ခ်က္ခ်ၾကပါတယ္္။ ဂိမ္းထဲမွာ ကစားရမယ့္ ဇာတ္ေကာင္ဟာ supernatural power မ်ား ပါ၀င္မွာ ျဖစ္ျပီး telekinesis, levitation နဲ႔ ရန္သူမ်ားကို စိတ္ညိွ႕ထိန္းခ်ဳပ္ျခင္းမ်ားကို ျပဳလုပ္ႏိုင္မွာပါ။ စြန္႔စြန္႔စားစား လႈပ္လႈပ္ရွားရွား single-player mode ဂိမ္းအမ်ိဳးအစားကို ဝါသနာပါ ကစားခ်င္သူေတြအတြက္ ဒီဂိမ္းက အသည္းစြဲျဖစ္လာမလားဆိုတာကို ထြက္ရွိျပီးခ်ိန္ထိ ေစာင့္ၾကည့္ၾကရမွာပါ။

Reference: Trilby Beresford of HollywoodReporter


[Unicode]

၂၀၁၉ အတွင်း ထွက်ရှိလာဦးမည့် ကောင်းနိုးရာရာ PC game များ (Part-1)

 

၂၀၁၉ ခုနှစ်ဟာ မကြာသေးမီက နှစ်တစ်ဝက် ကုန်ဆုံးခဲ့ပြီ ဖြစ်ပြီး ဒီနှစ်အတွင်း ထွက်ရှိမယ်လို့ ကြေငြာထားခဲ့တဲ့ ဂိမ်းများကတော့ ကျန်ရှိဆဲပါ။ ထိုဂိမ်းများထဲမှာမှ PC game များဟာ console သက်သက်ဝယ်ယူရန် မလိုဘဲ အဆင်ပြေစွာ ကစားနိုင်ခြင်း၊ online ချိတ်ဆက် ကစားရန် လွယ်ကူခြင်း၊ အများစုမှာ free ဖြစ်ပြီး ဝယ်ယူကစားရသည့် ဂိမ်းများမှာလည်း ဈေးနှုန်းသက်သာလေ့ရှိခြင်း စတဲ့ အားသာချက်ကြောင့် gamer အများက သဘောကျနှစ်ခြိုက်ကြပါတယ်။ ယခုဂိမ်းများကတော့ ထွက်ရှိလာမယ့်အထဲက PC gamer တွေရဲ့ စိတ်ဝင်စားမှုကို အများဆုံးခံရတဲ့ ဂိမ်းတွေပါ။

“Doom Eternal”

 

FPS game တစ်ခုဖြစ်တဲ့ “Doom Eternal” ကို Bethesda Softworks က ထုတ်လုပ်ဖို့ ပြင်ဆင်နေပြီး ၂၀၁၆ က နောက်ဆုံးထုတ်လုပ်ခဲ့တဲ့ Doom franchise စာရင်းဝင်ဂိမ်းကတော့ အောင်မြင်မှုများရရှိခဲ့ပါတယ်။ ထုတ်လုပ်ခဲ့ပြီးသား ဂိမ်းရဲ့ အခန်းဆက် sequel အဖြစ် ဒီဂိမ်းကို ထုတ်လုပ်မှာ ဖြစ်ပြီး teaser ကို ၂၀၁၈ ထဲက ထုတ်ဖော်ပြသပြီးသားဖြစ်ပါတယ်။ နိုဝင်ဘာ ၂၂ မှာ စတင်ထွက်ရှိမယ့် ဒီဂိမ်းထဲမှာတော့ ကစားသူဟာ ရှေးကျတဲ့ တိုက်ပွဲဝင် doom slayer တစ်ယောက်ရဲ့နေရာကနေ ကစားရမှာဖြစ်ပြီး ငရဲကနေတက်လာတဲ့ demon များ doom မိစ္ဆာများကို နှိမ်နင်းရမယ့် ပုံစံဆော့ကစားရမှာဖြစ်ပါတယ်။

ဒီဂိမ်းရဲ့ multiplayer mode ကတော့ စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ Invasion လို့ အမည်တပ်ထားတဲ့ multiplayer mode ကို ကစားမယ့် ကစားသမားများဟာ အခြား single player တစ်ယောက်ရဲ့ campaign မှာ demon တွေအဖြစ် သွားရောက်တိုက်ခိုက်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် single player အဖြစ်သာ ကစားချင်တဲ့သူတွေကတော့ ဒီ mode နဲ့ ကစားတဲ့သူတွေ မဝင်လာအောင် ပိတ်ထားလို့ ရပါတယ်။ အခြား multiplayer mode များလည်း ပါဝင်ပါသေးတယ်။ ရှေးကျတဲ့ တိုက်ပွဲပုံစံအနေအထား ဖြစ်ပေမယ့် Combat Shotgun များ၊ Super Shotgun များ၊ အမြောက်များ၊ ဒုံးကျည်များနဲ့ Plasma ရိုင်ဖယ်များတောင် ပါဝင်ပါတယ်လို့ ဆိုထားတဲ့ ဒီဂိမ်းကတော့ ပရိတ်သတ်ရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။

 

“Call of Duty: Modern Warfare”

 

Call of Duty series ဟာ gamer များကြားမှာ အကြီးအကျယ်အောင်မြင်မှုရရှိထားတဲ့ game များပဲဖြစ်ပါတယ်။ “Call of Duty: Modern Warfare” ဟာ ဒီနှစ် အောက်တိုဘာ ၂၅ ရက်နေ့မှာ ထွက်ရှိလာမယ်လို့ ကြေငြာထားတယ်။ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Call of Duty Modern 4: Modern Warfare ကို ပြန်လည်စိတ်ကူးပုံဖော်မှာဖြစ်ပြီး ဂိမ်းဇာတ်ကောင်အသစ်များနဲ့ setting အသစ်များ ပါဝင်လာမှာဖြစ်သလို အရင်က နာမည်ကျော်ခဲ့ပြီးသား ဇာတ်ကောင်များကိုလည်း ပြန်လည်မြင်တွေ့ရမှဖြစ်ပါတယ်။ main character တစ်ယောက်ကိုတော့ အရှေ့အလယ်ပိုင်းဒေသမှာ နေထိုင်တဲ့ အမျိုးသမီး သူပုန် fighter တစ်ဦးရဲ့ပုံစံကို ထည့်သွင်းမှာပါ။

၂၀၁၁ မှာ ထုတ်လုပ်ခဲ့တဲ့ Modern Warfare 3 ရဲ့ ဇာတ်ကွက်ထဲမှာတော့ nukes များ ပေါက်ကွဲခဲ့ပြီးနောက် Russians တွေ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီ တိုက်ပွဲအခြေအနေတွေ မှုန်ဝါးနေခဲ့ပါတယ်။ Modern Warfare ထုတ်လုပ်မှုရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သူ Taylor Kurosaki ကတော့ ဒီဂိမ်းကို ထုတ်လုပ်ရာမှာ ရှေ့က ထုတ်လုပ်ပြီးသား Modern Warfare series က ဇာတ်လမ်းဇာတ်ကွက်များကို ပြန်လည်သုံးသပ်ထားတာဖြစ်ကြောင်း၊ ယနေ့ခေတ်ဟာ တင့်ကားတွေ uniform ဝတ် စစ်သားတွေနဲ့ ပေါ်ပေါ်ထင်ထင်ကြီး စစ်တိုက်တာ မဟုတ်တော့ပဲ uniform မဝတ်ထားတဲ့မည်သူမဆိုဟာ ရန်သူများ ဖြစ်လာနိုင်တဲ့ စစ်ရေးအခြေအနေမျိုးရှိပြီး ယင်းကို modern warfare မှာ ပုံဖော်မှာ ဖြစ်ကြောင်းနဲ့ gamer များရော fan များပါ သိပြီးသား နှစ်သက်ပြီးသား ဇာတ်ကောင်များ ပြန်လည်ပါဝင်လာမှာ သေချာကြောင်း ပြောကြားခဲ့ပါတယ်။

 

“Control”

 

သဘာဝလွန် action-adventure ပုံစံနဲ့ third-person အမျိုးအစား game “Control” ကို Remedy Entertainment က ပြုလုပ်နေပြီး 505 games ကနေ ဒီနှစ် သြဂုတ်လ ၂၇ ရက်နေ့မှာ ထွက်ရှိလာမယ်လို့ကြေငြာထားပါတယ်။ ကစားသူများဟာ ဂိမ်းထဲမှာ နယူးယောက်မြို့မှ လျှို့ဝှက်အေဂျင်စီ တစ်ခုနဲ့ ဆက်သွယ်ပြီး ဒီလောကမဟုတ်တဲ့ အခြားနေရာတစ်ခုမှ အန္တရာယ်ကျရောက်လာမှုကို ကာကွယ်ရမှာပဲ ဖြစ်ပါတယ်။ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ရင်း လူအများကိုကယ်တင်ကာ ယင်းအေဂျင်စီရဲ့ ဒါရိုက်တာနေရာဖြစ်လာအောင် ကစားရမယ့် ဂိမ်းဇာတ်ကွက်များ ပါဝင်ပါတယ်။

ဂိမ်းထဲက ပတ်ဝန်းကျင်အနေအထားဟာ အန္တရာယ်များကျရောက်နေတဲ့ ကမ္ဘာကို ပီပီပြင်ပြင် ပုံဖော်ထားပြီး ဇာတ်ကောင်များရဲ့ ပုံပန်းသွင်ပြင်ဟာလည်း အသက်ဝင်လှတယ်လို့ ဂိမ်းရဲ့ teaser ကိုကြည့်ပြီး လူအများက မှတ်ချက်ချကြပါတယ်။ ဂိမ်းထဲမှာ ကစားရမယ့် ဇာတ်ကောင်ဟာ supernatural power များ ပါဝင်မှာ ဖြစ်ပြီး telekinesis, levitation နဲ့ ရန်သူများကို စိတ်ညှိ့ထိန်းချုပ်ခြင်းများကို ပြုလုပ်နိုင်မှာပါ။ စွန့်စွန့်စားစား လှုပ်လှုပ်ရှားရှား single-player mode ဂိမ်းအမျိုးအစားကို ဝါသနာပါ ကစားချင်သူတွေအတွက် ဒီဂိမ်းက အသည်းစွဲဖြစ်လာမလားဆိုတာကို ထွက်ရှိပြီးချိန်ထိ စောင့်ကြည့်ကြရမှာပါ။

Reference: Trilby Beresford of HollywoodReporter