[Zawgyi]

၂၀၁၉ အတြင္း ထြက္ရွိလာဦးမည့္ ေကာင္းႏုိးရာရာ PC game မ်ား (part-3)

 

“World of Warcraft Classic”

Blizzard ကေန ၂၀၁၉ ၾသဂုတ္လ ၂၇ မွာ ထြက္ရွိလာမယ့္ “World of Warcraft Classic” ဂိမ္းဟာ old-school gamer ေတြအတြက္ေတာ့ ဘယ္လိုမွ အျမင္မစိမ္းႏိုင္ပါဘူး။ ထြက္ရွိလာမယ့္ ဒီဂိမ္းဟာ လက္ရွိမွာ ေအာင္ျမင္ေနတဲ့ World of Warcraft (WoW) ဂိမ္း ရဲ႕ စတင္ထြက္ရွိခဲ့စဥ္က မူလအေျခအေနကို ျပန္လည္ခံစားႏိုင္ေအာင္ classic version နဲ႔ ျပန္ထုတ္မယ့္ သေဘာပါပဲ။ ၂၀၀၄ ခုႏွစ္က စလုိ့ အလြန္ေအာင္ျမင္ေက်ာ္ၾကားခဲ့ျပီး ေတာက္ပခဲ့တဲ့ အတိတ္ကို Blizzard က ျပန္လည္ ပုံေဖာ္ခ်င္တာပါ။

လြန္ခဲ့တဲ့ ၁၅ ႏွစ္ေလာက္တုန္းက WoW ရဲ႕ အရသာကို WoW classic မွာ ျပန္လည္ ျမည္းစမ္းႏိုင္မွာျဖစ္ျပီး update ေတြ၊ ျဖည့္စြက္မႈေတြနဲ႔ ထုတ္ႏႈတ္မႈေတြ ဘာမွ မလုပ္ရေသးခင္ပုံစံအတိုင္းလာမွာပါ။ Beta version ကိုေတာ့ အခုခ်ိန္ထဲက register ျပဳလုပ္ ကစားႏိုင္ေနျပီ ျဖစ္ျပီး WoW စထြက္ခ်ိန္က ျဖစ္ခဲ့တဲ့ bug ျပႆနာေတြနဲ႔ server ေတြနဲ႔ server ျပႆနာေတြ အားလုံးကို ျပဳျပင္ထားတယ္လုိ႔ ဆိုပါတယ္္။

WoW classic မွာ WoW ကဲ့သုိ႔ပင္ character မ်ားကို စိတ္ၾကိဳက္ classမ်ား၊ raceမ်ားႏွင့္ ေရြးခ်ယ္ဖန္တီးကာ က်ယ္ေျပာလွတဲ့ ေျမပုံတစ္ေလွ်ာက္ quest မ်ား ျပဳလုပ္ကစားရမွာပါ။ MMO game အေတြ႔အၾကံဳ ရင့္ေနျပီ ျဖစ္တဲ့ Blizzard ဟာ ကစားသမားေဟာင္းမ်ားကိုေရာ ကစားသမားသစ္မ်ားကိုပါ ဆြဲေဆာင္ဖုိ႔ ျပဳလုပ္မယ့္ WoW classic ရဲ႕အနာဂတ္ကေတာ့ စိတ္ဝင္စားစရာေကာင္းလွပါတယ္။

 

“Borderlands 3”

2k Games ကေန ထြက္ရွိမယ့္ “Borderlands 3” ဟာ role-playing FPS အပစ္အခတ္ ဂိမ္းအမ်ိဳးအစားျဖစ္ျပီး ထြက္ရွိခဲ့ျပီးသား Borderlands 2 ရဲ႕ တိုက္ရိုက္ sequel ဂိမ္းလည္းျဖစ္ပါတယ္။ စက္တင္ဘာလ ၁၃ ရက္ေန႔မွာ ထြက္ရွိမယ့္ ဒီဂိမ္းကို Gearbox Software က တာဝန္ယူျပဳလုပ္ျပီး 2k games ကေန ထုတ္မွာပါ။ Borderlands franchise ထဲက character အေျမာက္အမ်ား ျပန္လည္ပါဝင္မွာျဖစ္ျပီး single player mode ေရာ multiple player mode ပါ ကစားႏိုင္မွာပါ။

ကစားသမား ေလးေယာက္ထိ တစ္ျပိဳင္တည္း အသင္းဖြဲ႔ျပီး ဝင္ေရာက္ကစားႏိုင္မယ့္ ဒီဂိမ္းမွာ ရန္သူမ်ားကို အႏိုင္ရရွိရာမွ experience မ်ား နဲ႔ reward မ်ား ရႏိုင္သလို NPCs (non-playable characters) ေတြဆီကေနလည္း ရႏိုင္ပါတယ္။ မတူညီတဲ့ ဂိမ္းဇာတ္ေကာင္ character မ်ား ေရြးခ်ယ္ကစားႏိုင္ျပီး တစ္ေယာက္ခ်င္းစီမွာ ထူးျခားတဲ့ skill မ်ား ရွိပါတယ္။ ပါဝင္တဲ့လက္နက္မ်ားဟာလည္း damage, range, ammo capacity ေတြ ကြာျခားမွာျဖစ္ျပီး မီး၊ ေရခဲ၊ လွ်ပ္စစ္ေတြနဲ႔ ရန္သူကို ေခ်မႈန္းတာေတြလည္း ပါဝင္မွာပါ။ Borderlands 3 ဟာ ေရပန္းစားတဲ့ FPS ဂိမ္းတစ္ခုျဖစ္လာႏိုင္ပါတယ္္။

 

“Star Wars Jedi: Fallen Order”

နာမည္ၾကီး ဂိမ္းကုမၸဏီ Electronic Arts (EA) ကေန ထြက္ရွိလာမယ့္ဂိမ္းျဖစ္ျပီး Respawn entertainment က တာဝန္ယူျပဳလုပ္ေနတဲ့ဂိမ္းဟာ ႏိုဝင္ဘာ ၁၅ ရက္ေန့မွာ ထြက္ရွိလာမွာပါ။ ဒီဂိမ္းဟာ Star Wars universe ၾကီးကို အေျခခံျပဳလုပ္ထားတာျဖစ္ျပီး Rogue One: A Star Wars Story က ပရိတ္သတ္သိျပီးသား ဇာတ္ေကာင္ေတြ အမ်ားၾကီးပါဝင္မွာပါ။

ကစားသူဟာ ဂိမ္းထဲမွာ ေနာက္ဆုံးရွင္သန္က်န္ရစ္တဲ့ Jedi ျဖစ္သူ Padawan Cal Kestis ေနရာကေန ဝင္ေရာက္ကစားရမွာပါ။ Galactic Empire နဲ႔ Second Sister Inquisitor တို႔ရဲ႕ ရန္စြယ္ကေန လြတ္ေအာင္ ကစားရမယ့္ ဂိမ္းဇာတ္ကြက္မ်ား ပါဝင္ျပီး Saw Gerrera နဲ႔ Jedi master ျဖစ္သူ Cere တုိ႔ရဲ႕ အကူအညီနဲ႔ Kashyyyk တို႔လို ျဂိဳလ္ကမၻာသစ္မ်ားဆီကို သြားေရာက္ရမွာေတြလည္း ပါဝင္ပါတယ္။ စြန္႔စြန္႔စားစား နဲ႔ အက္ရွင္ပုံစံေလး ေဆာ့ကစားႏိုင္မယ့္ single player mode ဂိမ္းတစ္ခုပါ။

ယခု ေဖာ္ျပခဲ့တဲ့ဂိမ္းမ်ား အျပင္ gamer မ်ား သေဘာေတြ႔ႏိုင္မယ့္ အေျခအေနမ်ားနဲ႔ အတူ အျခားဂိမ္းေပါင္းမ်ားစြာလည္း ထြက္ရွိလာႏိုင္ပါေသးတယ္။ ၂၀၁၉ ဟာ ထြက္ရွိျပီးသား ဂိမ္းေပါင္းမ်ားစြားရဲ႕ အျပိဳင္အဆိုင္ ျပိဳင္ပြဲမ်ားနဲ႔ ျပည့္ႏွက္ေနတဲ့ ႏွစ္တစ္ႏွစ္ျဖစ္သလို ေနာင္တစ္ခ်ိန္မွာ အားလုံးအမွတ္ရေနၾကမယ့္ ဂိမ္းမ်ားကို ေမြးဖြားေပးခဲ့တဲ့ႏွစ္လည္း ျဖစ္ႏိုင္ေနပါေတာ့တယ္။ ထြက္ရွိလာမယ့္ ဂိမ္းမ်ားသတင္းနဲ႔ အျခား esport သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

Reference: Trilby Beresford of HollywoodReporter


[Unicode]

၂၀၁၉ အတွင်း ထွက်ရှိလာဦးမည့် ကောင်းနိုးရာရာ PC game များ (part-3)

 

“World of Warcraft Classic”

Blizzard ကနေ ၂၀၁၉ သြဂုတ်လ ၂၇ မှာ ထွက်ရှိလာမယ့် “World of Warcraft Classic” ဂိမ်းဟာ old-school gamer တွေအတွက်တော့ ဘယ်လိုမှ အမြင်မစိမ်းနိုင်ပါဘူး။ ထွက်ရှိလာမယ့် ဒီဂိမ်းဟာ လက်ရှိမှာ အောင်မြင်နေတဲ့ World of Warcraft (WoW) ဂိမ်း ရဲ့ စတင်ထွက်ရှိခဲ့စဉ်က မူလအခြေအနေကို ပြန်လည်ခံစားနိုင်အောင် classic version နဲ့ ပြန်ထုတ်မယ့် သဘောပါပဲ။ ၂၀၀၄ ခုနှစ်က စလို့ အလွန်အောင်မြင်ကျော်ကြားခဲ့ပြီး တောက်ပခဲ့တဲ့ အတိတ်ကို Blizzard က ပြန်လည် ပုံဖော်ချင်တာပါ။

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်တုန်းက WoW ရဲ့ အရသာကို WoW classic မှာ ပြန်လည် မြည်းစမ်းနိုင်မှာဖြစ်ပြီး update တွေ၊ ဖြည့်စွက်မှုတွေနဲ့ ထုတ်နှုတ်မှုတွေ ဘာမှ မလုပ်ရသေးခင်ပုံစံအတိုင်းလာမှာပါ။ Beta version ကိုတော့ အခုချိန်ထဲက register ပြုလုပ် ကစားနိုင်နေပြီ ဖြစ်ပြီး WoW စထွက်ချိန်က ဖြစ်ခဲ့တဲ့ bug ပြဿနာတွေနဲ့ server တွေနဲ့ server ပြဿနာတွေ အားလုံးကို ပြုပြင်ထားတယ်လို့ ဆိုပါတယ်။

WoW classic မှာ WoW ကဲ့သို့ပင် character များကို စိတ်ကြိုက် classများ၊ raceများနှင့် ရွေးချယ်ဖန်တီးကာ ကျယ်ပြောလှတဲ့ မြေပုံတစ်လျှောက် quest များ ပြုလုပ်ကစားရမှာပါ။ MMO game အတွေ့အကြုံ ရင့်နေပြီ ဖြစ်တဲ့ Blizzard ဟာ ကစားသမားဟောင်းများကိုရော ကစားသမားသစ်များကိုပါ ဆွဲဆောင်ဖို့ ပြုလုပ်မယ့် WoW classic ရဲ့အနာဂတ်ကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။

 

“Borderlands 3”

2k Games ကနေ ထွက်ရှိမယ့် “Borderlands 3” ဟာ role-playing FPS အပစ်အခတ် ဂိမ်းအမျိုးအစားဖြစ်ပြီး ထွက်ရှိခဲ့ပြီးသား Borderlands 2 ရဲ့ တိုက်ရိုက် sequel ဂိမ်းလည်းဖြစ်ပါတယ်။ စက်တင်ဘာလ ၁၃ ရက်နေ့မှာ ထွက်ရှိမယ့် ဒီဂိမ်းကို Gearbox Software က တာဝန်ယူပြုလုပ်ပြီး 2k games ကနေ ထုတ်မှာပါ။ Borderlands franchise ထဲက character အမြောက်အများ ပြန်လည်ပါဝင်မှာဖြစ်ပြီး single player mode ရော multiple player mode ပါ ကစားနိုင်မှာပါ။

ကစားသမား လေးယောက်ထိ တစ်ပြိုင်တည်း အသင်းဖွဲ့ပြီး ဝင်ရောက်ကစားနိုင်မယ့် ဒီဂိမ်းမှာ ရန်သူများကို အနိုင်ရရှိရာမှ experience များ နဲ့ reward များ ရနိုင်သလို NPCs (non-playable characters) တွေဆီကနေလည်း ရနိုင်ပါတယ်။ မတူညီတဲ့ ဂိမ်းဇာတ်ကောင် character များ ရွေးချယ်ကစားနိုင်ပြီး တစ်ယောက်ချင်းစီမှာ ထူးခြားတဲ့ skill များ ရှိပါတယ်။ ပါဝင်တဲ့လက်နက်များဟာလည်း damage, range, ammo capacity တွေ ကွာခြားမှာဖြစ်ပြီး မီး၊ ရေခဲ၊ လျှပ်စစ်တွေနဲ့ ရန်သူကို ချေမှုန်းတာတွေလည်း ပါဝင်မှာပါ။ Borderlands 3 ဟာ ရေပန်းစားတဲ့ FPS ဂိမ်းတစ်ခုဖြစ်လာနိုင်ပါတယ်။

 

“Star Wars Jedi: Fallen Order”

နာမည်ကြီး ဂိမ်းကုမ္ပဏီ Electronic Arts (EA) ကနေ ထွက်ရှိလာမယ့်ဂိမ်းဖြစ်ပြီး Respawn entertainment က တာဝန်ယူပြုလုပ်နေတဲ့ဂိမ်းဟာ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ထွက်ရှိလာမှာပါ။ ဒီဂိမ်းဟာ Star Wars universe ကြီးကို အခြေခံပြုလုပ်ထားတာဖြစ်ပြီး Rogue One: A Star Wars Story က ပရိတ်သတ်သိပြီးသား ဇာတ်ကောင်တွေ အများကြီးပါဝင်မှာပါ။

ကစားသူဟာ ဂိမ်းထဲမှာ နောက်ဆုံးရှင်သန်ကျန်ရစ်တဲ့ Jedi ဖြစ်သူ Padawan Cal Kestis နေရာကနေ ဝင်ရောက်ကစားရမှာပါ။ Galactic Empire နဲ့ Second Sister Inquisitor တို့ရဲ့ ရန်စွယ်ကနေ လွတ်အောင် ကစားရမယ့် ဂိမ်းဇာတ်ကွက်များ ပါဝင်ပြီး Saw Gerrera နဲ့ Jedi master ဖြစ်သူ Cere တို့ရဲ့ အကူအညီနဲ့ Kashyyyk တို့လို ဂြိုလ်ကမ္ဘာသစ်များဆီကို သွားရောက်ရမှာတွေလည်း ပါဝင်ပါတယ်။ စွန့်စွန့်စားစား နဲ့ အက်ရှင်ပုံစံလေး ဆော့ကစားနိုင်မယ့် single player mode ဂိမ်းတစ်ခုပါ။

ယခု ဖော်ပြခဲ့တဲ့ဂိမ်းများ အပြင် gamer များ သဘောတွေ့နိုင်မယ့် အခြေအနေများနဲ့ အတူ အခြားဂိမ်းပေါင်းများစွာလည်း ထွက်ရှိလာနိုင်ပါသေးတယ်။ ၂၀၁၉ ဟာ ထွက်ရှိပြီးသား ဂိမ်းပေါင်းများစွားရဲ့ အပြိုင်အဆိုင် ပြိုင်ပွဲများနဲ့ ပြည့်နှက်နေတဲ့ နှစ်တစ်နှစ်ဖြစ်သလို နောင်တစ်ချိန်မှာ အားလုံးအမှတ်ရနေကြမယ့် ဂိမ်းများကို မွေးဖွားပေးခဲ့တဲ့နှစ်လည်း ဖြစ်နိုင်နေပါတော့တယ်။ ထွက်ရှိလာမယ့် ဂိမ်းများသတင်းနဲ့ အခြား esport သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

Reference: Trilby Beresford of HollywoodReporter