[ZawGyi]

၂၀၁၉ အတြင္း ထြက္ရွိလာဦးမည့္ ေကာင္းႏုိးရာရာ PC game မ်ား (part-2)

 

“FIFA 20”

၂၀၁၉ မွာ အသစ္ထြက္ရွိမယ့္ “FIFA 20” ကိုေတာ့ စက္တင္ဘာ ၂၇ ေလာက္မွာ ျမင္ေတြ႔ၾကရမွာ ျဖစ္ပါတယ္။ ေဘာလုံးအားကစား simulation ဂိမ္းျဖစ္တဲ့ FIFA series ဟာ PC မွာသာမက PS4, Xbox One နဲ႔ Switch တုိ႔မွာပါ ေအာင္ျမင္လွတဲ့ EA sports ရဲ႕ ထုတ္လုပ္မႈပါ။ Ball physics လုိ႔ ေခၚတဲ့ ေဘာလုံးဂိမ္းမ်ားထဲမွ ေဘာလုံးရဲ႕အေလးခ်ိန္၊ ျမန္ႏႈန္း၊ ေဘာလုံးကို ထိန္းခ်ဳပ္ထားစဥ္ ကစားသမားအေပၚသက္ေရာက္မႈ စတဲ့ အခ်က္အလက္မ်ား၊ ပင္နယ္တီ နဲ႔ ဖရီးကစ္ mechanics မ်ားကို အရင္ထြက္ရွိခဲ့တဲ့ FIFA 19 ထက္ ပိုမိုေကာင္းမြန္ေအာင္ ျပဳျပင္ထားတယ္လုိ႔ဆုိပါတယ္။ Fusal mode နဲ႕ အျခားပါဝင္ေနက် mode မ်ားလည္း ျပန္လည္ပါဝင္လာကာ setting မ်ားကိုလည္း အဆင့္ျမွင့္ ျပဳျပင္ထားတယ္လုိ႔ ဆိုခဲ့ပါေသးတယ္။ အရင္ဂိမ္းမ်ားအတိုင္း single-playerေရာ multiplayer mode ႏွစ္ခုလုံးပါ၀င္မွာပါ။

ထူးျခားခ်က္ကေတာ့ Volta Football လုိ႔ အမည္တပ္ထားတဲ့ mode အသစ္တစ္ခု ပါဝင္လာခဲ့တာျဖစ္ျပီး ေပၚတူဂီဘာသာစကားနဲ႔ volta ဆိုတာ return လုိ႔ အဓိပၸာယ္ရပါတယ္။ ၂၀၀၅ မွာ ထြက္ရွိခဲ့တဲ့ FIFA Street ပုံစံမ်ိဳး ျပန္လာတာျဖစ္ျပီး အေရာင္အေသြး စုံလင္ေနတဲ့လမ္းေဘးေနရာေတြမွာ 11v11 ကစားရမွာပဲျဖစ္ပါတယ္္။ ကစားသူမ်ားဟာ အဝတ္အစားမ်ား၊ ဦးထုပ္မ်ား၊ ဖိနပ္မ်ားကို အမ်ိဳးစုံေအာင္ စိတ္ၾကိဳက္ေရြးခ်ယ္ႏိုင္မွာျဖစ္ျပီး tattoo မ်ားေတာင္ ေရြးခ်ယ္ေပးလုိ႔ ရမွာပါ။ ‘The Journey’ လုိ႔ ေခၚတဲ့ storyline ပုံစံတစ္ခုမွာေတာ့ ကစားသူဟာ ကိုယ္ပိုင္ ဇာတ္ေကာင္နဲ႔ေဆာ့ကစားႏိုင္မွာပါ။ PS3 နဲ႔ Xbox 360 တို႔ အတြက္ ယခု FIFA 20 က စလုိ႔ မထြက္ရွိေတာ့မယ့္ ဒီေဘာလုံးဂိမ္းကေတာ့ PC gamer ေတြ လက္ထဲ ဆိုက္ဆိုက္ျမိဳက္ျမိဳက္ေရာက္ရွိလာဦးမွာပါ။

 

“Gears 5”

၂၀၁၆ မွာ ထြက္ရွိခဲ့ျပီး Xbox မွာ copy ေပါင္း ႏွစ္သန္းခြဲေက်ာ္ ေရာင္းအားရွိခဲ့တဲ့ Gears of War 4 ရဲ႕ sequel ျဖစ္တဲ့ “Gears 5” ကေတာ့ စက္တင္ဘာ ၁၀ ရက္ေန႔မွာ ထြက္လာေတာ့မွာပါ။ ဒီ Third-person shooter (TPS) ဂိမ္းမွာေတာ့ main character တစ္ဦးျဖစ္တဲ့ Kait Diaz အျဖစ္ အေမရိကန္ အမ်ိဳးသမီး အသံသရုပ္ေဆာင္ Laura Bailey ကို ထည့္သြင္းထားပါတယ္။ Single player mode မွာ ကစားႏိုင္သလို online ခ်ိတ္ျပီး multiplayerလည္း ကစားႏိုင္မယ့္ ဒီဂိမ္းထဲကေတာ့ Xbox One က PC အတြက္ ထုတ္လုပ္မယ့္ Coalition ရဲ႕လက္ရာပဲျဖစ္ပါတယ္။

ဂိမ္းထဲမွာေတာ့ ရန္သူမ်ားျဖစ္တဲ့ The Swarm တို့ဟာ Coalition ရဲ႕ စက္ရုပ္တပ္မေတာ္ကို အႏိုင္ရရွိခဲ့ျပီျဖစ္ျပီး လူသားေတြရဲ႕ ျမိဳ႕မ်ားဆီ ဦးတည္လာၾကျပီပဲျဖစ္ပါတယ္။ Kait Diaz ဟာ ဒီအေျခအေနမွ လြတ္ေအာင္ေျပးျပီး Sera ျဂိဳလ္ေပၚမွာ အႏၱရာယ္မ်ားကို ေရွာင္ရွားကာ ရန္သူမ်ားကို တိုက္ခိုက္ရမွာပဲျဖစ္ပါတယ္။

ဒီဂိမ္းမွာ နာမည္ၾကီးခဲ့တဲ့ အရင္ဂိမ္းမွ ဇာတ္ေကာင္မ်ားျဖစ္တဲ့ JD Fenix, Marcus Fenix, Delmont Walker တို႔နဲ႕ အျခားလူသိမ်ားတဲ့ ဇာတ္ေကာင္မ်ား ျပန္လည္ပါ၀င္လာမွာ ျဖစ္ျပီး ဂိမ္းရဲ႕ trailer ကေတာ့ အနည္းငယ္ေသြးဆာၾကမ္းတမ္းတဲ့ အေျခအေနရွိပါတယ္။ ဇာတ္ေကာင္တစ္ေယာက္ခ်င္းစီမွာလည္း ကိုယ္ပိုင္ role မ်ား၊ လက္နက္မ်ား၊ ultimate နဲ႔ passive ability မ်ား ရွိၾကပါတယ္္။ 17+ mature content လုိ႔ သတ္မွတ္ထားတဲ့ ဒီဂိမ္းဟာ TPS gameကို ၾကိဳက္ႏွစ္သက္သူေတြအတြက္ေတာ့ ဂိမ္းေကာင္းတစ္ခုျဖစ္လာႏိုင္ပါတယ္။

 

“The Outer Worlds”

ဒီႏွစ္ ဇြန္လအတြင္းမွာပဲျပဳလုပ္ခဲ့တဲ့ Electronic Entertainment Expo (E3) မွာ ျပသခဲ့တဲ့ ဂိမ္း trailer မ်ားထဲမွ အေကာင္းဆုံးတစ္ခုလုိ႔ သတ္မွတ္ေနၾကတဲ့ “The Outer Worlds” ကေတာ့ Obsidian Entertainment ကေန ေအာက္တိုဘာ ၂၅ ရက္ေန႔မွာ ထြက္ရွိလာမွာပါ။ Sci-fi role-playing ဂိမ္းအမ်ိဳးအစားျဖစ္ျပီး တိုက္ခိုက္မႈမ်ား ျပဳလုပ္ရမွာျဖစ္သလို နယ္ေျမမ်ားကို စူးစမ္းရွာေဖြရင္းလည္း ကစားရမယ့္ gameplay ျဖစ္ပါတယ္။ first-person persective နဲ႔ ေဆာ့ကစားရမယ့္ ဒီဂိမ္းကေတာ့ Single-player ဂိမ္းတစ္ခုပဲျဖစ္ပါတယ္။

တစ္ကမၻာလုံးက ႏိုင္ငံေတြနဲ႔ ဖြဲ႔စည္းထားတဲ့ megacorporations ဟာ အျခားသက္ရွိျဂိဳလ္သားတို႔ ေနထိုင္ရာ ျဂိဳလ္မ်ားကို လိုက္လံသိမ္းပိုက္ေနတဲ့ အနာဂတ္ဆန္ဆန္ ဂိမ္းဇာတ္ကြက္ကို ေတြ႔ရပါတယ္။ ဂလက္ဆီအတြင္းမွာ အာကာသယယာဥ္သြားလာေနစဥ္ ယာဥ္ေပၚမွာ အိပ္ေပ်ာ္လိုက္ပါႏိုင္ေအာင္ cryosleep ျပဳလုပ္ထားတဲ့ အေျခအေနကေန ကစားသူရဲ႕ ဇာတ္ေကာင္ဟာ တစ္ေယာက္တည္းႏို္းလာတာကေန စတင္မွာပါ။ ထုိမွတဆင့္ ကိုလိုနီခ်ဲ႕မႈမ်ားကို သိေအာင္ စုံစမ္းျခင္း အပါအ၀င္ စြန္႔စားခန္းမ်ားကို ကစားရမွာျဖစ္ပါတယ္္။

ဂိမ္းရဲ႕ ဇာတ္လမ္းဇာတ္ကြက္မ်ားဟာ ကစားသူရဲ႕ေရြးခ်ယ္မႈအရ ေျပာင္းလဲသြားမွာ ျဖစ္ျပီး မတူညီတဲ့ ဇာတ္ကြက္မ်ားကို ကစားႏိုင္မွာျဖစ္ပါတယ္။ ရိုးရိုး bullet weapon, energy weapon, အနီးကပ္ combat အတြက္ weapon မ်ားနဲ႔ science weapon မ်ားကို သုံးႏိုင္ျပီး လမ္းတစ္ေလွ်ာက္ crew မ်ားလည္း စုေဆာင္းကာဦးေဆာင္ႏို္င္မွာပါ။ fun ဂိမ္းတစ္ခုကို အနည္းငယ္ေမွာင္တဲ့ အလင္းေရာင္အေနအထားနဲ႔ ပီပီျပင္ျပင္ ပုံေဖာ္ထားတဲ့ ဒီဂိမ္းက gaming experience သစ္မ်ားကို ေပးစြမ္းႏိုင္မွာပါ။

Reference: Trilby Beresford of HollywoodReporter


[Unicode]

၂၀၁၉ အတွင်း ထွက်ရှိလာဦးမည့် ကောင်းနိုးရာရာ PC game များ (part-2)

 

“FIFA 20”

၂၀၁၉ မှာ အသစ်ထွက်ရှိမယ့် “FIFA 20” ကိုတော့ စက်တင်ဘာ ၂၇ လောက်မှာ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဘောလုံးအားကစား simulation ဂိမ်းဖြစ်တဲ့ FIFA series ဟာ PC မှာသာမက PS4, Xbox One နဲ့ Switch တို့မှာပါ အောင်မြင်လှတဲ့ EA sports ရဲ့ ထုတ်လုပ်မှုပါ။ Ball physics လို့ ခေါ်တဲ့ ဘောလုံးဂိမ်းများထဲမှ ဘောလုံးရဲ့အလေးချိန်၊ မြန်နှုန်း၊ ဘောလုံးကို ထိန်းချုပ်ထားစဉ် ကစားသမားအပေါ်သက်ရောက်မှု စတဲ့ အချက်အလက်များ၊ ပင်နယ်တီ နဲ့ ဖရီးကစ် mechanics များကို အရင်ထွက်ရှိခဲ့တဲ့ FIFA 19 ထက် ပိုမိုကောင်းမွန်အောင် ပြုပြင်ထားတယ်လို့ဆိုပါတယ်။ Fusal mode နဲ့ အခြားပါဝင်နေကျ mode များလည်း ပြန်လည်ပါဝင်လာကာ setting များကိုလည်း အဆင့်မြှင့် ပြုပြင်ထားတယ်လို့ ဆိုခဲ့ပါသေးတယ်။ အရင်ဂိမ်းများအတိုင်း single-playerရော multiplayer mode နှစ်ခုလုံးပါဝင်မှာပါ။

ထူးခြားချက်ကတော့ Volta Football လို့ အမည်တပ်ထားတဲ့ mode အသစ်တစ်ခု ပါဝင်လာခဲ့တာဖြစ်ပြီး ပေါ်တူဂီဘာသာစကားနဲ့ volta ဆိုတာ return လို့ အဓိပ္ပာယ်ရပါတယ်။ ၂၀၀၅ မှာ ထွက်ရှိခဲ့တဲ့ FIFA Street ပုံစံမျိုး ပြန်လာတာဖြစ်ပြီး အရောင်အသွေး စုံလင်နေတဲ့လမ်းဘေးနေရာတွေမှာ 11v11 ကစားရမှာပဲဖြစ်ပါတယ်။ ကစားသူများဟာ အဝတ်အစားများ၊ ဦးထုပ်များ၊ ဖိနပ်များကို အမျိုးစုံအောင် စိတ်ကြိုက်ရွေးချယ်နိုင်မှာဖြစ်ပြီး tattoo များတောင် ရွေးချယ်ပေးလို့ ရမှာပါ။ ‘The Journey’ လို့ ခေါ်တဲ့ storyline ပုံစံတစ်ခုမှာတော့ ကစားသူဟာ ကိုယ်ပိုင် ဇာတ်ကောင်နဲ့ဆော့ကစားနိုင်မှာပါ။ PS3 နဲ့ Xbox 360 တို့ အတွက် ယခု FIFA 20 က စလို့ မထွက်ရှိတော့မယ့် ဒီဘောလုံးဂိမ်းကတော့ PC gamer တွေ လက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာဦးမှာပါ။

 

“Gears 5”

၂၀၁၆ မှာ ထွက်ရှိခဲ့ပြီး Xbox မှာ copy ပေါင်း နှစ်သန်းခွဲကျော် ရောင်းအားရှိခဲ့တဲ့ Gears of War 4 ရဲ့ sequel ဖြစ်တဲ့ “Gears 5” ကတော့ စက်တင်ဘာ ၁၀ ရက်နေ့မှာ ထွက်လာတော့မှာပါ။ ဒီ Third-person shooter (TPS) ဂိမ်းမှာတော့ main character တစ်ဦးဖြစ်တဲ့ Kait Diaz အဖြစ် အမေရိကန် အမျိုးသမီး အသံသရုပ်ဆောင် Laura Bailey ကို ထည့်သွင်းထားပါတယ်။ Single player mode မှာ ကစားနိုင်သလို online ချိတ်ပြီး multiplayerလည်း ကစားနိုင်မယ့် ဒီဂိမ်းထဲကတော့ Xbox One က PC အတွက် ထုတ်လုပ်မယ့် Coalition ရဲ့လက်ရာပဲဖြစ်ပါတယ်။

ဂိမ်းထဲမှာတော့ ရန်သူများဖြစ်တဲ့ The Swarm တို့ဟာ Coalition ရဲ့ စက်ရုပ်တပ်မတော်ကို အနိုင်ရရှိခဲ့ပြီဖြစ်ပြီး လူသားတွေရဲ့ မြို့များဆီ ဦးတည်လာကြပြီပဲဖြစ်ပါတယ်။ Kait Diaz ဟာ ဒီအခြေအနေမှ လွတ်အောင်ပြေးပြီး Sera ဂြိုလ်ပေါ်မှာ အန္တရာယ်များကို ရှောင်ရှားကာ ရန်သူများကို တိုက်ခိုက်ရမှာပဲဖြစ်ပါတယ်။

ဒီဂိမ်းမှာ နာမည်ကြီးခဲ့တဲ့ အရင်ဂိမ်းမှ ဇာတ်ကောင်များဖြစ်တဲ့ JD Fenix, Marcus Fenix, Delmont Walker တို့နဲ့ အခြားလူသိများတဲ့ ဇာတ်ကောင်များ ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီး ဂိမ်းရဲ့ trailer ကတော့ အနည်းငယ်သွေးဆာကြမ်းတမ်းတဲ့ အခြေအနေရှိပါတယ်။ ဇာတ်ကောင်တစ်ယောက်ချင်းစီမှာလည်း ကိုယ်ပိုင် role များ၊ လက်နက်များ၊ ultimate နဲ့ passive ability များ ရှိကြပါတယ်။ 17+ mature content လို့ သတ်မှတ်ထားတဲ့ ဒီဂိမ်းဟာ TPS gameကို ကြိုက်နှစ်သက်သူတွေအတွက်တော့ ဂိမ်းကောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။

 

“The Outer Worlds”

ဒီနှစ် ဇွန်လအတွင်းမှာပဲပြုလုပ်ခဲ့တဲ့ Electronic Entertainment Expo (E3) မှာ ပြသခဲ့တဲ့ ဂိမ်း trailer များထဲမှ အကောင်းဆုံးတစ်ခုလို့ သတ်မှတ်နေကြတဲ့ “The Outer Worlds” ကတော့ Obsidian Entertainment ကနေ အောက်တိုဘာ ၂၅ ရက်နေ့မှာ ထွက်ရှိလာမှာပါ။ Sci-fi role-playing ဂိမ်းအမျိုးအစားဖြစ်ပြီး တိုက်ခိုက်မှုများ ပြုလုပ်ရမှာဖြစ်သလို နယ်မြေများကို စူးစမ်းရှာဖွေရင်းလည်း ကစားရမယ့် gameplay ဖြစ်ပါတယ်။ first-person persective နဲ့ ဆော့ကစားရမယ့် ဒီဂိမ်းကတော့ Single-player ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးက နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတဲ့ megacorporations ဟာ အခြားသက်ရှိဂြိုလ်သားတို့ နေထိုင်ရာ ဂြိုလ်များကို လိုက်လံသိမ်းပိုက်နေတဲ့ အနာဂတ်ဆန်ဆန် ဂိမ်းဇာတ်ကွက်ကို တွေ့ရပါတယ်။ ဂလက်ဆီအတွင်းမှာ အာကာသယယာဉ်သွားလာနေစဉ် ယာဉ်ပေါ်မှာ အိပ်ပျော်လိုက်ပါနိုင်အောင် cryosleep ပြုလုပ်ထားတဲ့ အခြေအနေကနေ ကစားသူရဲ့ ဇာတ်ကောင်ဟာ တစ်ယောက်တည်းနိုးလာတာကနေ စတင်မှာပါ။ ထိုမှတဆင့် ကိုလိုနီချဲ့မှုများကို သိအောင် စုံစမ်းခြင်း အပါအဝင် စွန့်စားခန်းများကို ကစားရမှာဖြစ်ပါတယ်။

ဂိမ်းရဲ့ ဇာတ်လမ်းဇာတ်ကွက်များဟာ ကစားသူရဲ့ရွေးချယ်မှုအရ ပြောင်းလဲသွားမှာ ဖြစ်ပြီး မတူညီတဲ့ ဇာတ်ကွက်များကို ကစားနိုင်မှာဖြစ်ပါတယ်။ ရိုးရိုး bullet weapon, energy weapon, အနီးကပ် combat အတွက် weapon များနဲ့ science weapon များကို သုံးနိုင်ပြီး လမ်းတစ်လျှောက် crew များလည်း စုဆောင်းကာဦးဆောင်နိုင်မှာပါ။ fun ဂိမ်းတစ်ခုကို အနည်းငယ်မှောင်တဲ့ အလင်းရောင်အနေအထားနဲ့ ပီပီပြင်ပြင် ပုံဖော်ထားတဲ့ ဒီဂိမ်းက gaming experience သစ်များကို ပေးစွမ်းနိုင်မှာပါ။

Reference: Trilby Beresford of HollywoodReporter