[Unicode]

Valve ကနေ ၁၈ နှစ်စီ ban ခဲ့တဲ့ SEA က Dota2 Pro ၃ ယောက်

 

ယခုလ ၂၂ ရက်နေ့က Valve ဟာ အချို့ Dota 2 အကောင့်များကို ban ပြီး ကာလကြာရှည်စွာ ဂိမ်းကစားခွင့် ပိတ်ပင်ခဲ့ပါတယ်။ ယင်းသို့ ban ခံခဲ့ရတဲ့ထဲမှာ နာမည်ကြီး SEA pro ကစားသမားများဖြစ်ကြတဲ့ Fnatic အသင်းရဲ့ 23savage, TNC အသင်းရဲ့ Gabbi နဲ့ Tims တို့ ပါဝင်ခဲ့လို့ ပရိသတ်များကြားမှာ ဟိုးလေးတစ်ကျော်ဖြစ်လျက်ရှိပါတယ်။

ယင်း pro ကစားသမားများရဲ့ အကောင့်များဟာ ၁၈ နှစ်စီ ကစားခွင့် ပိတ်ပင်ခံခဲ့ရတာပါ။ 23savage ရဲ့ အကောင့်ကို ban သွားကြောင်း Fnatic အသင်းရဲ့ နည်းပြဖြစ်သူ SunBhie က Twitter ပေါ်မှာ တင်ခဲ့သလို Gabbi နဲ့ Tims တို့ဟာလည်း မိမိတို့ရဲ့ အကောင့်များအကြောင်းကို ကိုယ်တိုင် တင်ခဲ့ကြပါတယ်။

ယင်းပို့စ်များထဲမှာတော့ သူတို့ရဲ့ အကောင့်များဟာ ၂၀၃၈ ဇန်နဝါရီလ ၁၉ ရက်နေ့အထိ ကစားခွင့်ပိတ်ပင်ခံရကြောင်း ညွှန်ပြလျက်ရှိပါတယ်။ SunBhie တင်ခဲ့ပို့စ်ထဲမှာ 23savage ရဲ့ အကောင့်ဟာ global top 1,000 အတွင်းဝင်နေခဲ့တာဖြစ်ပေမယ့် ban ခံလိုက်ရတဲ့အချိန်မှာတော့ Immortal rank medal နံပါတ်ကို Dota 2 က ဖယ်ရှားသွားကြောင်း တွေ့ရပါတယ်။

Valve ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက စ လို့ Dota 2 အတွင်းမှာ ကာလကြာရှည်စွာ ကစားခွင့်ပိတ်ပင်ခြင်းကို ပထမဆုံးအကြိမ်ထည့်သွင်းခဲ့တာပါ။ ထိုစဉ်က behavior score အလွန်နိမ့်တဲ့အကောင့်များ၊ ဝယ်ယူခြင်းခံထားရတဲ့ အကောင့်များနဲ့ မသမာတဲ့နည်းလမ်းများအသုံးပြုပြီးကစားကြောင်း ထင်ရှားတဲ့အကောင့်များကို ၁၈ နှစ်စီ ကစားခွင့်ပိတ်ပင်ခြင်းအားဖြင့် ပြစ်ဒဏ်ပေးခဲ့ပါတယ်။

Pro အကောင့်များကို ban ခြင်းဟာ Valve ကိုယ်တိုင် ကြီးမှူးကျင်းပတဲ့ Leipzig Major ပြိုင်ပွဲအတွင်းမှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ယခုအချိန်မှာတော့ ကစားခွင့်ပိတ်ပင်ခြင်းများ ပျက်ပြယ်သွားကြပါပြီ။ မှားယွင်း ban ခဲ့တာဖြစ်ပေမယ့် toxic ဖြစ်ကြောင်း နာမည်ကြီးလှတဲ့ SEA ဒေသရဲ့ pro ကစားသမားများ ပါဝင်ခဲ့တာမို့ Dota 2 ပရိသတ်များကြားမှာ ရယ်မောဖွယ်တစ်ခုဖြစ်လျက်ရှိပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

source: dotesports


[ZawGyi]

Valve ကေန ၁၈ ႏွစ္စီ ban ခဲ့တဲ့ SEA က Dota2 Pro ၃ ေယာက္

 

ယခုလ ၂၂ ရက္ေန႔က Valve ဟာ အခ်ိဳ႕ Dota 2 အေကာင့္မ်ားကို ban ျပီး ကာလၾကာရွည္စြာ ဂိမ္းကစားခြင့္ ပိတ္ပင္ခဲ့ပါတယ္။ ယင္းသို႔ ban ခံခဲ့ရတဲ့ထဲမွာ နာမည္ၾကီး SEA pro ကစားသမားမ်ားျဖစ္ၾကတဲ့ Fnatic အသင္းရဲ႕ 23savage, TNC အသင္းရဲ႕ Gabbi နဲ႔ Tims တို႔ ပါဝင္ခဲ့လို့ ပရိသတ္မ်ားၾကားမွာ ဟိုးေလးတစ္ေက်ာ္ျဖစ္လ်က္ရွိပါတယ္။

ယင္း pro ကစားသမားမ်ားရဲ႕ အေကာင့္မ်ားဟာ ၁၈ ႏွစ္စီ ကစားခြင့္ ပိတ္ပင္ခံခဲ့ရတာပါ။ 23savage ရဲ႕ အေကာင့္ကို ban သြားေၾကာင္း Fnatic အသင္းရဲ႕ နည္းျပျဖစ္သူ SunBhie က Twitter ေပၚမွာ တင္ခဲ့သလို Gabbi နဲ႔ Tims တို႔ဟာလည္း မိမိတုိ႔ရဲ႕ အေကာင့္မ်ားအေၾကာင္းကို ကိုယ္တိုင္ တင္ခဲ့ၾကပါတယ္။

ယင္းပို႔စ္မ်ားထဲမွာေတာ့ သူတို႔ရဲ႕ အေကာင့္မ်ားဟာ ၂၀၃၈ ဇန္နဝါရီလ ၁၉ ရက္ေန႔အထိ ကစားခြင့္ပိတ္ပင္ခံရေၾကာင္း ညႊန္ျပလ်က္ရွိပါတယ္။ SunBhie တင္ခဲ့ပို႔စ္ထဲမွာ 23savage ရဲ႕ အေကာင့္ဟာ global top 1,000 အတြင္းဝင္ေနခဲ့တာျဖစ္ေပမယ့္ ban ခံလိုက္ရတဲ့အခ်ိန္မွာေတာ့ Immortal rank medal နံပါတ္ကို Dota 2 က ဖယ္ရွားသြားေၾကာင္း ေတြ႕ရပါတယ္။

Valve ဟာ ျပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလက စ လို့ Dota 2 အတြင္းမွာ ကာလၾကာရွည္စြာ ကစားခြင့္ပိတ္ပင္ျခင္းကို ပထမဆုံးအၾကိမ္ထည့္သြင္းခဲ့တာပါ။ ထိုစဥ္က behavior score အလြန္နိမ့္တဲ့အေကာင့္မ်ား၊ ဝယ္ယူျခင္းခံထားရတဲ့ အေကာင့္မ်ားနဲ႔ မသမာတဲ့နည္းလမ္းမ်ားအသုံးျပဳျပီးကစားေၾကာင္း ထင္ရွားတဲ့အေကာင့္မ်ားကို ၁၈ ႏွစ္စီ ကစားခြင့္ပိတ္ပင္ျခင္းအားျဖင့္ ျပစ္ဒဏ္ေပးခဲ့ပါတယ္။

Pro အေကာင့္မ်ားကို ban ျခင္းဟာ Valve ကိုယ္တိုင္ ၾကီးမွဴးက်င္းပတဲ့ Leipzig Major ျပိဳင္ပြဲအတြင္းမွာ ျဖစ္ေပၚခဲ့တာျဖစ္ျပီး ယခုအခ်ိန္မွာေတာ့ ကစားခြင့္ပိတ္ပင္ျခင္းမ်ား ပ်က္ျပယ္သြားၾကပါျပီ။ မွားယြင္း ban ခဲ့တာျဖစ္ေပမယ့္ toxic ျဖစ္ေၾကာင္း နာမည္ၾကီးလွတဲ့ SEA ေဒသရဲ႕ pro ကစားသမားမ်ား ပါဝင္ခဲ့တာမို႔ Dota 2 ပရိသတ္မ်ားၾကားမွာ ရယ္ေမာဖြယ္တစ္ခုျဖစ္လ်က္ရွိပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

source: dotesports