[ZawGyi]

ေဒၚလာ (3)သန္းေက်ာ္ ရရွိခဲ့တဲ့ အသက္ 16 ႏွစ္အရြယ္ Fortnite ကစားသမား

 

Bugha လို႔ လူသိမ်ားျပီး အသက္ ၁၆ ႏွစ္သာ ရွိေသးတဲ့ ကစားသမား Kyle Giersdorf ဟာ Fortnite World Cup ရဲ႕ ေနာက္ဆုံးေန႔ solo ပြဲစဥ္မ်ားကို အႏိုင္ရရွိလို႔ ဆုေၾကးေငြ ေဒၚလာ ၃ သန္း ေက်ာ္ ရရွိသြားခဲ့ျပီပဲျဖစ္ပါတယ္။ ကမၻာ့ esport သမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ ကစားသမားတစ္ေယာက္တည္းကို ေပးခဲ့တဲ့ အမ်ားဆုံးဆုေၾကး ပမာဏ အျဖစ္လည္း စံခ်ိန္တင္ခဲ့ပါတယ္။ Fortnite World Cup ျပိဳင္ပြဲၾကီးကို နယူးေယာက္ျမိဳ႕က Arthur Ashe Stadium မွာ ျပဳလုပ္ခဲ့တာျဖစ္ျပီး Bugha ဟာ ျပိဳင္ပြဲၾကီးရဲ႕ လူအမ်ားအာရုံစိုက္ခံရဆုံး တစ္ကိုယ္ေတာ္ ပြဲစဥ္မ်ားကို အႏိုင္ရျပီး ခ်န္ပီယံျဖစ္လာခဲ့တာပါ။

အႏိုင္ရရွိသူအျဖစ္ တရားဝင္ ထုတ္ျပန္လိုက္ခ်ိန္မွာေတာ့ Bugha ဟာ ေပ်ာ္ရႊင္စြာ ရယ္ေမာျပီး ေခါင္းကိုလည္း လႈပ္ခါေနခဲ့ပါတယ္။ “ေျပာျပလုိ႔ မတတ္ေလာက္ေအာင္ ဝမ္းသာပါတယ္။ ျပင္းျပင္းထန္ထန္ၾကိဳးစားလာခဲ့သမွ် အားလုံး အရာထင္ခဲ့ပါျပီ” လို႔ Bugha က ေျပာၾကားသြားခဲ့ပါတယ္။ ဆုဖလားၾကီးနဲ႔ ဆုေၾကးေငြေတြ အမ်ားၾကီး ရရွိခ်ိန္မွာ ဘာကို အရင္ဆုံးလိုခ်င္မိလဲလို႔ ေမးျမန္းခဲ့ရာမွာေတာ့ “ဒီ ဆုဖလားၾကီးကို ဝင့္ဝင့္ၾကြားၾကြားတင္ႏိုင္ဖုိ႔ အတြက္ စားပြဲအသစ္တစ္လုံးပဲ ေလာေလာဆယ္ လိုခ်င္မိပါတယ္” လုိ႔ လူငယ္ဆန္ဆန္ ရယ္ရယ္ေမာေမာပဲ ေျဖၾကားသြားခဲ့ပါတယ္။ သူ႔ရဲ႕ မိသားစုဟာလည္း သူေနထိုင္တဲ့ အေမရိကန္ျပည္ေထာင္စု Pennsylvania ျပည္နယ္ ကေန သူယွဥ္ျပိဳင္ကစားတာကို ၾကည့္ဖုိ႔ လိုက္ပါလာခဲ့တာပါ။

အႏိုင္ရရွိသူျဖစ္လာတဲ့ Bugha ဟာ ပြဲစဥ္ရဲ႕ ပထမဆုံးပြဲကို စတင္ အႏိုင္ရရွိထဲက ျပဳံးရယ္ျပီး ကစားေနခဲ့တာကို commentator မ်ားက သတိထားမိျပီး ေျပာၾကားေနခဲ့တာပါ။ ပထမဆုံးပြဲမွာထဲက kill ၉ ခါ တိတိ ရရွိခဲ့ျပီး ပြဲစဥ္ကို ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ယွဥ္ျပိဳင္ခဲ့ရတဲ့ ပြဲစဥ္မ်ားအျပီးမွာ 59 points နဲ႔ တျခားေသာ နာမည္ၾကီး ကစားသမားမ်ား နဲ႔ streamer မ်ား အားလုံးကို ျပတ္ျပတ္သားသားပဲ အႏိုင္ရခဲ့လို႔ ေနာက္ဆုံးမွာ ခ်န္ပီယံ ျဖစ္လာခဲ့ပါတယ္။ တစ္ကိုယ္ေတာ္ solo ပြဲစဥ္မ်ားမတိုင္မီ စေနေန႔က ျပဳလုပ္ခဲ့တဲ့ duo event မွာလည္း Aqua နဲ႔ Nyhrox တို႔က ပူးတြဲ ပထမေနရာရရွိခဲ့ၾကပါတယ္။ တနဂၤေႏြေန႔ ျပဳလုပ္တဲ့ ျပိဳင္ပြဲၾကီးရဲ႕ ေနာက္ဆုံးရက္ solo ပြဲစဥ္မ်ားကေတာ့ အျခားပြဲစဥ္မ်ားထက္ ပရိတ္သတ္မ်ား ၾကည့္ရႈအားေပးမႈ အမ်ားဆုံးျဖစ္ခဲ့ပါတယ္။

Jul 28, 2019; Flushing, NY, USA; Bugha celebrates his win as the first solo World Champion at the Fortnite World Cup Finals e-sports event at Arthur Ashe Stadium. Mandatory Credit: Dennis Schneidler-USA TODAY Sports

နံပါတ္ ငါးေနရာ ရရွိခဲ့တဲ့ အသက္ ၁၃ ႏွစ္ အရြယ္ King ဆိုသူ လူငယ္ကစားသမားတစ္ေယာက္သာ အာဂ်င္တီးနားကစားသမားျဖစ္ခဲ့ျပီး က်န္ထိပ္ဆုံး ၄ ေယာက္ကေတာ့ အေမရိကန္ ကစားသမားမ်ားျဖစ္ပါတယ္။ Fornite World Cup မွာ အသက္ ၁၃ ႏွစ္ အရြယ္ ကစားသမားမ်ားဟာ အသက္အငယ္ဆုံးျဖစ္ၾကျပီး ပွ်မ္းမွ် ၁၆ ႏွစ္သာ ရွိၾကလို႔ Fortnite ဂိမ္းဟာ လူငယ္ေတြ အတြက္ျဖစ္တယ္လို႔ေတာင္ ပရိတ္သတ္တေယာက္က အင္တာဗ်ဴးမွာ ေျပာၾကားသြားခဲ့ပါတယ္။ ၃ ရက္ၾကာျပဳလုပ္ခဲ့တဲ့ ဒီျပိဳင္ပြဲၾကီးမွာ အသက္ငယ္ရြယ္တဲ့ ကစားသမား အေျမာက္အမ်ား ပါဝင္ယွဥ္ျပိဳင္ခဲ့ၾကျပီး မိဘအုပ္ထိန္းသူမ်ား မိသားစုမ်ားနဲ႕ အတူ တေပ်ာ္တပါးၾကီး လာေရာက္ ဆင္ႏြွဲၾကည့္ရႈခဲ့ၾကတာပါ။

Bugha’s Twitch Channel

Fortnite World Cup Solo ခ်န္ပီယံဆိုတဲ့ ဂုဏ္ပုဒ္တစ္ခုထဲနဲ႔တင္ ဆုေၾကးေငြ ေဒၚလာ ၃ သန္းအထိ ပိုင္ဆိုင္သြားတဲ့ Bugha ဟာေတာ့ ခ်က္ျခင္းကိုပဲ ကမာၻ႔ ဆုေၾကးေငြအမ်ားဆံုး ပိုင္ဆိုင္ထားႏိုင္တဲ့ Esports ကစားသမားစာရင္းမွာ ၁၀ ေယာက္ေျမာက္အျဖစ္ ပါဝင္ခဲ့ပါၿပီ။ ေနာက္ထပ္ ထူးျခားခ်က္အေနနဲ႔ကေတာ့ Bugha ရဲ႕ ဆုေၾကးေငြ ရရွိမႈဟာ တ႐ုတ္ esports ကစားသမားေတြအားလံုးထက္ ပိုမ်ားေနတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆုေၾကး ေဒၚလာ သန္း ၃၁ သန္းေက်ာ္ အထိေပးၿပီး မၾကာခင္က်င္းပမယ့္ TI9 ၿပိဳင္ပြဲ အၿပီးမွာေတာ့ Bugha ဟာ ထိပ္သီး ၁၀ ေယာက္စာရင္းကေန လြင့္စင္ဖို႔ ရာခိုင္ႏႈန္း မ်ားေနပါတယ္။

https://www.esportsearnings.com/players

ကစားသမား အေယာက္ ၁၀၀ ပါဝင္ျပီး ကြ်န္းတစ္ကြ်န္းေပၚမွာ လက္နက္မ်ား ရွာေဖြ၊ အကာအကြယ္မ်ား တည္ေဆာက္ျပီး တိုက္ခိုက္ အသက္ရွင္က်န္ရစ္ရတဲ့ battle royale ဂိမ္း မ်ားဟာ ပရိတ္သတ္နဲ႔ မစိမ္းသလို Fortnite ဟာ လက္ရွိ battle royale မ်ားထဲမွာ လူၾကိဳက္အမ်ားဆုံးဂိမ္းျဖစ္ပါတယ္။ အသက္ငယ္ငယ္ esport မီလ်ံနာအေျမာက္အမ်ား ေမြးထုတ္ေပးႏိုင္ခဲ့တဲ့ ဒီပြဲၾကီးကို Epic Games က ျပဳလုပ္ခဲ့တာျဖစ္ျပီး ေရွ႕လာမယ့္ လမွာ ဒီပြဲၾကီးရဲ႕ စုစုေပါင္းဆုေၾကး ေဒၚလာသန္း ၃၀ ထက္မ်ားတဲ့ DotA2 ရဲ႕ TI9 ပြဲၾကီးကလည္း ေစာင့္ၾကိဳလို႔ေနပါတယ္။ ပါဝင္ယွဥ္ျပိဳင္ခြင့္ရသူမွန္သမွ် အနည္းဆုံး ေဒၚလာ ငါးေသာင္းေက်ာ္ ရရွိခဲ့တဲ့ Fortnite World Cup ၾကီးကေတာ့ ေအာင္ျမင္စြာျပီးဆုံးသြားခဲ့ပါျပီ။ Fornite သတင္းမ်ားႏွင့္ အျခားေသာ esport သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။


[Unicode]

ဒေါ်လာ (3)သန်းကျော် ရရှိခဲ့တဲ့ အသက် 16 နှစ်အရွယ် Fortnite ကစားသမား

 

Bugha လို့ လူသိများပြီး အသက် ၁၆ နှစ်သာ ရှိသေးတဲ့ ကစားသမား Kyle Giersdorf ဟာ Fortnite World Cup ရဲ့ နောက်ဆုံးနေ့ solo ပွဲစဉ်များကို အနိုင်ရရှိလို့ ဆုကြေးငွေ ဒေါ်လာ ၃ သန်း ကျော် ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။ ကမ္ဘာ့ esport သမိုင်းကြောင်းတစ်လျှောက်မှာ ကစားသမားတစ်ယောက်တည်းကို ပေးခဲ့တဲ့ အများဆုံးဆုကြေး ပမာဏ အဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။ Fortnite World Cup ပြိုင်ပွဲကြီးကို နယူးယောက်မြို့က Arthur Ashe Stadium မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး Bugha ဟာ ပြိုင်ပွဲကြီးရဲ့ လူအများအာရုံစိုက်ခံရဆုံး တစ်ကိုယ်တော် ပွဲစဉ်များကို အနိုင်ရပြီး ချန်ပီယံဖြစ်လာခဲ့တာပါ။

အနိုင်ရရှိသူအဖြစ် တရားဝင် ထုတ်ပြန်လိုက်ချိန်မှာတော့ Bugha ဟာ ပျော်ရွှင်စွာ ရယ်မောပြီး ခေါင်းကိုလည်း လှုပ်ခါနေခဲ့ပါတယ်။ “ပြောပြလို့ မတတ်လောက်အောင် ဝမ်းသာပါတယ်။ ပြင်းပြင်းထန်ထန်ကြိုးစားလာခဲ့သမျှ အားလုံး အရာထင်ခဲ့ပါပြီ” လို့ Bugha က ပြောကြားသွားခဲ့ပါတယ်။ ဆုဖလားကြီးနဲ့ ဆုကြေးငွေတွေ အများကြီး ရရှိချိန်မှာ ဘာကို အရင်ဆုံးလိုချင်မိလဲလို့ မေးမြန်းခဲ့ရာမှာတော့ “ဒီ ဆုဖလားကြီးကို ဝင့်ဝင့်ကြွားကြွားတင်နိုင်ဖို့ အတွက် စားပွဲအသစ်တစ်လုံးပဲ လောလောဆယ် လိုချင်မိပါတယ်” လို့ လူငယ်ဆန်ဆန် ရယ်ရယ်မောမောပဲ ဖြေကြားသွားခဲ့ပါတယ်။ သူ့ရဲ့ မိသားစုဟာလည်း သူနေထိုင်တဲ့ အမေရိကန်ပြည်ထောင်စု Pennsylvania ပြည်နယ် ကနေ သူယှဉ်ပြိုင်ကစားတာကို ကြည့်ဖို့ လိုက်ပါလာခဲ့တာပါ။

အနိုင်ရရှိသူဖြစ်လာတဲ့ Bugha ဟာ ပွဲစဉ်ရဲ့ ပထမဆုံးပွဲကို စတင် အနိုင်ရရှိထဲက ပြုံးရယ်ပြီး ကစားနေခဲ့တာကို commentator များက သတိထားမိပြီး ပြောကြားနေခဲ့တာပါ။ ပထမဆုံးပွဲမှာထဲက kill ၉ ခါ တိတိ ရရှိခဲ့ပြီး ပွဲစဉ်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်များအပြီးမှာ 59 points နဲ့ တခြားသော နာမည်ကြီး ကစားသမားများ နဲ့ streamer များ အားလုံးကို ပြတ်ပြတ်သားသားပဲ အနိုင်ရခဲ့လို့ နောက်ဆုံးမှာ ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ တစ်ကိုယ်တော် solo ပွဲစဉ်များမတိုင်မီ စနေနေ့က ပြုလုပ်ခဲ့တဲ့ duo event မှာလည်း Aqua နဲ့ Nyhrox တို့က ပူးတွဲ ပထမနေရာရရှိခဲ့ကြပါတယ်။ တနင်္ဂနွေနေ့ ပြုလုပ်တဲ့ ပြိုင်ပွဲကြီးရဲ့ နောက်ဆုံးရက် solo ပွဲစဉ်များကတော့ အခြားပွဲစဉ်များထက် ပရိတ်သတ်များ ကြည့်ရှုအားပေးမှု အများဆုံးဖြစ်ခဲ့ပါတယ်။

Jul 28, 2019; Flushing, NY, USA; Bugha celebrates his win as the first solo World Champion at the Fortnite World Cup Finals e-sports event at Arthur Ashe Stadium. Mandatory Credit: Dennis Schneidler-USA TODAY Sports

နံပါတ် ငါးနေရာ ရရှိခဲ့တဲ့ အသက် ၁၃ နှစ် အရွယ် King ဆိုသူ လူငယ်ကစားသမားတစ်ယောက်သာ အာဂျင်တီးနားကစားသမားဖြစ်ခဲ့ပြီး ကျန်ထိပ်ဆုံး ၄ ယောက်ကတော့ အမေရိကန် ကစားသမားများဖြစ်ပါတယ်။ Fornite World Cup မှာ အသက် ၁၃ နှစ် အရွယ် ကစားသမားများဟာ အသက်အငယ်ဆုံးဖြစ်ကြပြီး ပျှမ်းမျှ ၁၆ နှစ်သာ ရှိကြလို့ Fortnite ဂိမ်းဟာ လူငယ်တွေ အတွက်ဖြစ်တယ်လို့တောင် ပရိတ်သတ်တယောက်က အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။ ၃ ရက်ကြာပြုလုပ်ခဲ့တဲ့ ဒီပြိုင်ပွဲကြီးမှာ အသက်ငယ်ရွယ်တဲ့ ကစားသမား အမြောက်အများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မိဘအုပ်ထိန်းသူများ မိသားစုများနဲ့ အတူ တပျော်တပါးကြီး လာရောက် ဆင်နွှဲကြည့်ရှုခဲ့ကြတာပါ။

Bugha’s Twitch Channel

Fortnite World Cup Solo ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုထဲနဲ့တင် ဆုကြေးငွေ ဒေါ်လာ ၃ သန်းအထိ ပိုင်ဆိုင်သွားတဲ့ Bugha ဟာတော့ ချက်ခြင်းကိုပဲ ကမ္ဘာ့ ဆုကြေးငွေအများဆုံး ပိုင်ဆိုင်ထားနိုင်တဲ့ Esports ကစားသမားစာရင်းမှာ ၁၀ ယောက်မြောက်အဖြစ် ပါဝင်ခဲ့ပါပြီ။ နောက်ထပ် ထူးခြားချက်အနေနဲ့ကတော့ Bugha ရဲ့ ဆုကြေးငွေ ရရှိမှုဟာ တရုတ် esports ကစားသမားတွေအားလုံးထက် ပိုများနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆုကြေး ဒေါ်လာ သန်း ၃၁ သန်းကျော် အထိပေးပြီး မကြာခင်ကျင်းပမယ့် TI9 ပြိုင်ပွဲ အပြီးမှာတော့ Bugha ဟာ ထိပ်သီး ၁၀ ယောက်စာရင်းကနေ လွင့်စင်ဖို့ ရာခိုင်နှုန်း များနေပါတယ်။

https://www.esportsearnings.com/players

ကစားသမား အယောက် ၁၀၀ ပါဝင်ပြီး ကျွန်းတစ်ကျွန်းပေါ်မှာ လက်နက်များ ရှာဖွေ၊ အကာအကွယ်များ တည်ဆောက်ပြီး တိုက်ခိုက် အသက်ရှင်ကျန်ရစ်ရတဲ့ battle royale ဂိမ်း များဟာ ပရိတ်သတ်နဲ့ မစိမ်းသလို Fortnite ဟာ လက်ရှိ battle royale များထဲမှာ လူကြိုက်အများဆုံးဂိမ်းဖြစ်ပါတယ်။ အသက်ငယ်ငယ် esport မီလျံနာအမြောက်အများ မွေးထုတ်ပေးနိုင်ခဲ့တဲ့ ဒီပွဲကြီးကို Epic Games က ပြုလုပ်ခဲ့တာဖြစ်ပြီး ရှေ့လာမယ့် လမှာ ဒီပွဲကြီးရဲ့ စုစုပေါင်းဆုကြေး ဒေါ်လာသန်း ၃၀ ထက်များတဲ့ DotA2 ရဲ့ TI9 ပွဲကြီးကလည်း စောင့်ကြိုလို့နေပါတယ်။ ပါဝင်ယှဉ်ပြိုင်ခွင့်ရသူမှန်သမျှ အနည်းဆုံး ဒေါ်လာ ငါးသောင်းကျော် ရရှိခဲ့တဲ့ Fortnite World Cup ကြီးကတော့ အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ။ Fornite သတင်းများနှင့် အခြားသော esport သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။