[Unicode]

ရှုံးပွဲ (၁၁) ပွဲအထိ ဆက်လာနေတဲ့ Dendi ရဲ့ B8 အသင်း

 

ယခုနှစ်အစောပိုင်းကမှ စတင်ဖွဲ့စည်းထားခဲ့တဲ့ Dendi ရဲ့ B8 အသင်းဟာ လက်ရှိ Dota 2 ပြိုင်ပွဲများ အတွင်းမှာ ဆိုးရွားတဲ့အခြေအနေများကို ရင်ဆိုင်နေရပါတယ်။ စတင်ဖွဲ့စည်းချိန်ထဲက ယခုအချိန်ထိ အသင်းသားတစ်ဦးသာ အပြောင်းအလဲလုပ်ခဲ့ဖူးတဲ့ B8 အသင်းရဲ့ လက်ရှိကစားသမားစာရင်းကတော့ Excalibur, Dendi, Ghostik, KingR နဲ့ LeBronDota တို့ပဲ ဖြစ်ကြပါတယ်။

LeBronDota & Dendi

B8 အသင်းအပြောင်းအလဲလုပ်ခဲ့တာကတော့ ယခင်က ကစားသမားဟောင်း pio65 နေရာမှာ Excalibur ကို ထည့်သွင်းလိုက်တာပါ။ ဒါပေမယ့် မတ်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ယင်းအပြောင်းအလဲဟာ အသင်းရဲ့ အခြေအနေကို ပိုကောင်းလာစေပုံ မရခဲ့ပါဘူး။ B8 ဟာ မကြာသေးမီက ယှဉ်ပြိုင်ကစားခဲ့တဲ့ Epic Prime League Season 1 နဲ့ WePlay! Pushka League S1: Division 1 တို့ရဲ့ BO3 ပွဲစဉ်များမှာ ၂ ပွဲပြတ် အရှုံးပေါင်းများစွာ ရင်ဆိုင်ခဲ့ရပြီး ယခုဆိုရင် ရှုံးပွဲပေါင်း ၁၁ ပွဲဆက်တိုက်အထိရှိလာခဲ့ပါပြီ။

ယခုနှစ်အတွင်းမှာ B8 ဟာ Dendi ရဲ့အသင်းဟောင်း Na’Vi နဲ့ ၄ ပွဲ တွေ့ဆုံယှဉ်ပြိုင်ကစားခဲ့ပြီး ၄ ပွဲလုံး ရှုံးနိမ့်ခဲ့ပါတယ်။ Nigma နဲ့ ၄ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရမှာလည်း ၄ ပွဲလုံး ရှုံးနိမ့်ခဲ့သလို Team Secret နဲ့ တွေ့ဆုံခဲ့တဲ့ ၂ ပွဲလုံးလည်း ရှုံးနိမ့်ခဲ့ပါတယ်။ တည်ထောင်ချိန်တည်းက ယခုအချိန်ထိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်အများစုမှာ B8 ဟာ ရှုံးနိမ့်မှုများကိုသာ ရင်ဆိုင်နေခဲ့ရပါတယ်။

B8 Matches in April

Dota 2 လောကအတွင်းမှာ ရှုံးပွဲများစွာဆက်ခြင်းဟာ အသင်းရဲ့ရပ်တည်ရေးအတွက် အနှောင့်အယှက်အဟန့်အတားဖြစ်လာစေပါတယ်။ ယခုနှစ်ဖေဖော်ဝါရီလကမှ ပြန်လည်ထူထောင်ထားခဲ့တဲ့ EternalEnvy ပါဝင်တဲ့ Cloud9 Dota 2 အသင်းဟာ ရလဒ်ဆိုးများ ဆက်တိုက်ကြုံတွေ့ခဲ့ပြီးနောက် ယခု အချိန်မှာတော့ အသင်းပြန်လည်ဖျက်သိမ်းသွားခဲ့ပြီဖြစ်ပြီး ဒါဟာ ရှုံးပွဲဆက်အသင်းများနဲ့ ပတ်သက်တဲ့ ဥပမာတစ်ခုပဲဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေ B8 တို့ ယှဉ်ပြိုင်နေခဲ့ကြတဲ့ Epic Prime League Season 1 ရဲ့ အုပ်စုပွဲစဉ်များဟာ ပြီးဆုံးသွားခဲ့ပြီဖြစ်လို့ playoff ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားကြရဦးမှာပါ။ Dendi ကို ခေတ်ဟောင်းထဲက အားပေးလာခဲ့ကြတဲ့ ပရိသတ်များကတော့ B8 အသင်းအခြေအနေကောင်းလာစေဖို့ မျှော်လင့်လျက်ရှိကြပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: afkgaming


[ZawGyi]

ရႈံးပြဲ (၁၁) ပြဲအထိ ဆက္လာေနတဲ့ Dendi ရဲ႕ B8 အသင္း

 

ယခုႏွစ္အေစာပိုင္းကမွ စတင္ဖြဲ႕စည္းထားခဲ့တဲ့ Dendi ရဲ႕ B8 အသင္းဟာ လက္ရွိ Dota 2 ၿပိဳင္ပြဲမ်ား အတြင္းမွာ ဆိုး႐ြားတဲ့အေျခအေနမ်ားကို ရင္ဆိုင္ေနရပါတယ္။ စတင္ဖြဲ႕စည္းခ်ိန္ထဲက ယခုအခ်ိန္ထိ အသင္းသားတစ္ဦးသာ အေျပာင္းအလဲလုပ္ခဲ့ဖူးတဲ့ B8 အသင္းရဲ႕ လက္ရွိကစားသမားစာရင္းကေတာ့ Excalibur, Dendi, Ghostik, KingR နဲ႔ LeBronDota တို႔ပဲ ျဖစ္ၾကပါတယ္။

LeBronDota & Dendi

B8 အသင္းအေျပာင္းအလဲလုပ္ခဲ့တာကေတာ့ ယခင္က ကစားသမားေဟာင္း pio65 ေနရာမွာ Excalibur ကို ထည့္သြင္းလိုက္တာပါ။ ဒါေပမယ့္ မတ္လ ၂၇ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ ယင္းအေျပာင္းအလဲဟာ အသင္းရဲ႕ အေျခအေနကို ပိုေကာင္းလာေစပုံ မရခဲ့ပါဘူး။ B8 ဟာ မၾကာေသးမီက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ Epic Prime League Season 1 နဲ႔ WePlay! Pushka League S1: Division 1 တို႔ရဲ႕ BO3 ပြဲစဥ္မ်ားမွာ ၂ ပြဲျပတ္ အရႈံးေပါင္းမ်ားစြာ ရင္ဆိုင္ခဲ့ရၿပီး ယခုဆိုရင္ ရႈံးပြဲေပါင္း ၁၁ ပြဲဆက္တိုက္အထိရွိလာခဲ့ပါၿပီ။

ယခုႏွစ္အတြင္းမွာ B8 ဟာ Dendi ရဲ႕အသင္းေဟာင္း Na’Vi နဲ႔ ၄ ပြဲ ေတြ႕ဆုံယွဥ္ၿပိဳင္ကစားခဲ့ၿပီး ၄ ပြဲလုံး ရႈံးနိမ့္ခဲ့ပါတယ္။ Nigma နဲ႔ ၄ ပြဲ ယွဥ္ၿပိဳင္ကစားခဲ့ရမွာလည္း ၄ ပြဲလုံး ရႈံးနိမ့္ခဲ့သလို Team Secret နဲ႔ ေတြ႕ဆုံခဲ့တဲ့ ၂ ပြဲလုံးလည္း ရႈံးနိမ့္ခဲ့ပါတယ္။ တည္ေထာင္ခ်ိန္တည္းက ယခုအခ်ိန္ထိ ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့တဲ့ ပြဲစဥ္အမ်ားစုမွာ B8 ဟာ ရႈံးနိမ့္မႈမ်ားကိုသာ ရင္ဆိုင္ေနခဲ့ရပါတယ္။

B8 Matches in April

Dota 2 ေလာကအတြင္းမွာ ရႈံးပြဲမ်ားစြာဆက္ျခင္းဟာ အသင္းရဲ႕ရပ္တည္ေရးအတြက္ အေႏွာင့္အယွက္အဟန႔္အတားျဖစ္လာေစပါတယ္။ ယခုႏွစ္ေဖေဖာ္ဝါရီလကမွ ျပန္လည္ထူေထာင္ထားခဲ့တဲ့ EternalEnvy ပါဝင္တဲ့ Cloud9 Dota 2 အသင္းဟာ ရလဒ္ဆိုးမ်ား ဆက္တိုက္ႀကဳံေတြ႕ခဲ့ၿပီးေနာက္ ယခု အခ်ိန္မွာေတာ့ အသင္းျပန္လည္ဖ်က္သိမ္းသြားခဲ့ၿပီျဖစ္ၿပီး ဒါဟာ ရႈံးပြဲဆက္အသင္းမ်ားနဲ႔ ပတ္သက္တဲ့ ဥပမာတစ္ခုပဲျဖစ္ပါတယ္။

မည္သို႔ပင္ျဖစ္ေစ B8 တို႔ ယွဥ္ၿပိဳင္ေနခဲ့ၾကတဲ့ Epic Prime League Season 1 ရဲ႕ အုပ္စုပြဲစဥ္မ်ားဟာ ၿပီးဆုံးသြားခဲ့ၿပီျဖစ္လို႔ playoff ပြဲစဥ္မ်ားကို ဆက္လက္ယွဥ္ၿပိဳင္ကစားၾကရဦးမွာပါ။ Dendi ကို ေခတ္ေဟာင္းထဲက အားေပးလာခဲ့ၾကတဲ့ ပရိသတ္မ်ားကေတာ့ B8 အသင္းအေျခအေနေကာင္းလာေစဖို႔ ေမွ်ာ္လင့္လ်က္ရွိၾကပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: afkgaming