[Unicode]

The International (TI) ကို ၂၀၂၁ အထိ ရွှေ့ဆိုင်းပြီး Battle Pass မကြာခင် ထွက်မည်

 

Dota2 ရဲ့ အကြီးမားဆုံးနဲ့ အခမ်းနားဆုံး ပြိုင်ပွဲဖြစ်တဲ့ ဆယ်ကြိမ်မြောက် The International (TI) ကိုတော့ ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်းလိုက်ကြောင်းကို Valve က ကြေညာခဲ့ပါတယ်။

လွန်ခဲ့တဲ့ နာရီပိုင်းလောက်က ထုတ်ပြန်ခဲ့တဲ့ Valve ရဲ့ ကြေညာချက်မှာ TI ကို နောက်ဆုတ်ရတဲ့ အကြောင်းရင်းကိုတော့ တကမ္ဘာလုံးမှာဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါ ပြန့်ပွားနေတာကြောင့်လို့ ဖော်ပြထားပါတယ်။ Valve ဟာ တခြားဖြစ်နိုင်ခြေရှိတဲ့ ရက်တွေ ရှာဖွေခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှသာ ပြန်လည် ကျင်းပနိုင်လိမ့်မယ်လို့ ရေးသားထားပါတယ်။

COVID-19 ကပ်ရောဂါရဲ့ အလားအလာ၊ လူအများစုဝေးလို့ မရခြင်း၊ ခရီးသွားလာမှု ကန့်သတ်ခြင်း အစရှိသည်တို့ကြောင့် ပွဲကျင်းပဖို့ ရက်အတိအကျကိုတော့ သတ်မှတ်ဖို့ အချိန်ယူရဦးမှာပါ။ ယခုအချိန်မှာတော့ လာမယ့် ဆောင်းဦးရာသီ (စက်တင်ဘာ – နိုဝင်ဘာ) အတွက် Dota Pro Circuit (DPC) Season ကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းနေပြီး မကြာခင် သတင်းအတိအကျကို ထုတ်ပြန်ကြေညာမယ်လို့ ဖော်ပြထားပါတယ်။

သတင်းကောင်းတစ်ခုကတော့ TI ကို ရက်ရွှေ့ခဲ့ပေမယ့်လည်း အားလုံးမျှော်လင့်နေတဲ့ Battle Pass ကိုတော့ မကြာခင် ထုတ်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ထို့အပြင် ၂၀၂၁ မှာ ကျင်းပမယ့် ၁၀ ကြိမ်မြောက် TI မှာလည်း Battle Pass ရောင်းရငွေရဲ့ ၂၅% ကို ထည့်သွင်း ချီးမြင့်သွားမှာပါ။

Valve ရဲ့ အဖွဲ့သားတွေဟာ COVID-19 ကြောင့် အိမ်ကနေပဲ အလုပ်လုပ်နေရတဲ့အတွက် နှောင့်နှေးမှုတွေ ရှိနေပါတယ်။ ထို့အတွက် Battle Pass ထုတ်ပေးမယ့်ရက်ကိုလည်း ပုံမှန်ထက် အနည်းဆုံး (၂) ပါတ်ခန့် နောက်ဆုတ်သွားမယ်လို့ ကြေညာထားပါတယ်။

Valve ဟာ 2017, 2018 နဲ့ 2019 ခုနှစ်တို့မှာ သူတို့ရဲ့ Battle Pass ကို မေလ (၄) ရက်၊ မေလ (၈) ရက်နဲ့ မေလ (၇) ရက်နေ့တွေမှာ အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။ ထို့အတွက် ယခု ၂၀၂၀ အတွက် Battle Pass ကိုတော့ အစောဆုံး မေလ တတိယအပါတ်မှသာ မြင်တွေ့နိုင်မယ်လို့ ယူဆရပါတယ်။

အနည်း (၂) ပါတ် နောက်ဆုတ်မယ် ဆိုတဲ့အတွက် ဇွန်လအထိလည်း နောက်ကျသွားနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ Valve ကတော့ Dota2 Community ကလူတွေကို လုံခြုံဘေးကင်းစွာနေထိုင်နိုင်ပြီး The International ကို ပြန်လည် ခံစားနိုင်ဖို့ မျှော်လင့်စောင့်စားကြပါလို့ ရေးသားထားပါတယ်။

Last TI Champion “OG”

လူတွေမျှော်လင့်မထားတဲ့ COVID-19 ကပ်ရောဂါကတော့ Dota2 ပရိသတ်တွေရဲ့ TI ကမ္ဘာ့ဖလားကြီးကို (၁၀) နှစ်အတွင်း ပထမဆုံးအကြိမ် နောက်ဆုတ် ကျင်းပစေခဲ့ပါပြီ။ အဆိုးထဲက အကောင်းအနေနဲ့ Battle Pass ကတော့ ထွက်ရှိလာမှာမလို့ အတတ်နိုင်ဆုံး အိမ်မှာပဲ ဂိမ်းဆော့ပြီး ပျော်ရွှင်မှုကို ရှာဖွေကြဖို့ တိုက်တွန်းလိုက်ရပါတယ်။


[ZawGyi]

The International (TI) ကို ၂၀၂၁ အထိ ေ႐ႊ႕ဆိုင္းၿပီး Battle Pass မၾကာခင္ ထြက္မည္

 

Dota2 ရဲ႕ အႀကီးမားဆုံးနဲ႔ အခမ္းနားဆုံး ၿပိဳင္ပြဲျဖစ္တဲ့ ဆယ္ႀကိမ္ေျမာက္ The International (TI) ကိုေတာ့ ၂၀၂၁ ခုႏွစ္အထိ ေ႐ႊ႕ဆိုင္းလိုက္ေၾကာင္းကို Valve က ေၾကညာခဲ့ပါတယ္။

လြန္ခဲ့တဲ့ နာရီပိုင္းေလာက္က ထုတ္ျပန္ခဲ့တဲ့ Valve ရဲ႕ ေၾကညာခ်က္မွာ TI ကို ေနာက္ဆုတ္ရတဲ့ အေၾကာင္းရင္းကိုေတာ့ တကမာၻလုံးမွာျဖစ္ပြားေနတဲ့ COVID-19 ကပ္ေရာဂါ ျပန႔္ပြားေနတာေၾကာင့္လို႔ ေဖာ္ျပထားပါတယ္။ Valve ဟာ တျခားျဖစ္ႏိုင္ေျခရွိတဲ့ ရက္ေတြ ရွာေဖြခဲ့ေပမယ့္ ၂၀၂၁ ခုႏွစ္မွသာ ျပန္လည္ က်င္းပႏိုင္လိမ့္မယ္လို႔ ေရးသားထားပါတယ္။

COVID-19 ကပ္ေရာဂါရဲ႕ အလားအလာ၊ လူအမ်ားစုေဝးလို႔ မရျခင္း၊ ခရီးသြားလာမႈ ကန႔္သတ္ျခင္း အစရွိသည္တို႔ေၾကာင့္ ပြဲက်င္းပဖို႔ ရက္အတိအက်ကိုေတာ့ သတ္မွတ္ဖို႔ အခ်ိန္ယူရဦးမွာပါ။ ယခုအခ်ိန္မွာေတာ့ လာမယ့္ ေဆာင္းဦးရာသီ (စက္တင္ဘာ – ႏိုဝင္ဘာ) အတြက္ Dota Pro Circuit (DPC) Season ကို ျပန္လည္တည္ေဆာက္ဖို႔ ႀကိဳးပမ္းေနၿပီး မၾကာခင္ သတင္းအတိအက်ကို ထုတ္ျပန္ေၾကညာမယ္လို႔ ေဖာ္ျပထားပါတယ္။

သတင္းေကာင္းတစ္ခုကေတာ့ TI ကို ရက္ေ႐ႊ႕ခဲ့ေပမယ့္လည္း အားလုံးေမွ်ာ္လင့္ေနတဲ့ Battle Pass ကိုေတာ့ မၾကာခင္ ထုတ္ေပးသြားမွာပဲ ျဖစ္ပါတယ္။ ထို႔အျပင္ ၂၀၂၁ မွာ က်င္းပမယ့္ ၁၀ ႀကိမ္ေျမာက္ TI မွာလည္း Battle Pass ေရာင္းရေငြရဲ႕ ၂၅% ကို ထည့္သြင္း ခ်ီးျမင့္သြားမွာပါ။

Valve ရဲ႕ အဖြဲ႕သားေတြဟာ COVID-19 ေၾကာင့္ အိမ္ကေနပဲ အလုပ္လုပ္ေနရတဲ့အတြက္ ေႏွာင့္ေႏွးမႈေတြ ရွိေနပါတယ္။ ထို႔အတြက္ Battle Pass ထုတ္ေပးမယ့္ရက္ကိုလည္း ပုံမွန္ထက္ အနည္းဆုံး (၂) ပါတ္ခန႔္ ေနာက္ဆုတ္သြားမယ္လို႔ ေၾကညာထားပါတယ္။

Valve ဟာ 2017, 2018 နဲ႔ 2019 ခုႏွစ္တို႔မွာ သူတို႔ရဲ႕ Battle Pass ကို ေမလ (၄) ရက္၊ ေမလ (၈) ရက္နဲ႔ ေမလ (၇) ရက္ေန႔ေတြမွာ အသီးသီး ထုတ္ျပန္ခဲ့ပါတယ္။ ထို႔အတြက္ ယခု ၂၀၂၀ အတြက္ Battle Pass ကိုေတာ့ အေစာဆုံး ေမလ တတိယအပါတ္မွသာ ျမင္ေတြ႕ႏိုင္မယ္လို႔ ယူဆရပါတယ္။

အနည္း (၂) ပါတ္ ေနာက္ဆုတ္မယ္ ဆိုတဲ့အတြက္ ဇြန္လအထိလည္း ေနာက္က်သြားႏိုင္ပါတယ္။ ေနာက္ဆုံးအေနနဲ႔ Valve ကေတာ့ Dota2 Community ကလူေတြကို လုံၿခဳံေဘးကင္းစြာေနထိုင္ႏိုင္ၿပီး The International ကို ျပန္လည္ ခံစားႏိုင္ဖို႔ ေမွ်ာ္လင့္ေစာင့္စားၾကပါလို႔ ေရးသားထားပါတယ္။

Last TI Champion “OG”

လူေတြေမွ်ာ္လင့္မထားတဲ့ COVID-19 ကပ္ေရာဂါကေတာ့ Dota2 ပရိသတ္ေတြရဲ႕ TI ကမာၻ႔ဖလားႀကီးကို (၁၀) ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ေနာက္ဆုတ္ က်င္းပေစခဲ့ပါၿပီ။ အဆိုးထဲက အေကာင္းအေနနဲ႔ Battle Pass ကေတာ့ ထြက္ရွိလာမွာမလို႔ အတတ္ႏိုင္ဆုံး အိမ္မွာပဲ ဂိမ္းေဆာ့ၿပီး ေပ်ာ္႐ႊင္မႈကို ရွာေဖြၾကဖို႔ တိုက္တြန္းလိုက္ရပါတယ္။