ကမၻာေက်ာ္ Sony ကုမၸဏီဟာ PS4 ဂိမ္းစက္မ်ား စတင္ထုတ္လုပ္စဥ္ထဲက ယခုအခ်ိန္ထိ စက္အလုံးေရ သန္း ၁၀၀ ေက်ာ္ ေရာင္းခ်ႏိုင္ခဲ့ျပီ ျဖစ္ေၾကာင္း မၾကာေသးမီက ေၾကညာခဲ့ပါတယ္။ ထုတ္လုပ္ခဲ့ျပီး ၅ ႏွစ္နဲ႔ ၇ လ မွာတင္ ေရာင္းခ်ႏိုင္ခဲ့တာျဖစ္လို႔ အလုံးေရ သန္း ၁၀၀ ေရာင္းကုန္တဲ့ အျမန္ဆုံး console ဂိမ္းစက္အျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။ ဂိမ္းမ်ားကို အျပင္မွာ disc အေခြနဲ႔ ေရာင္းခ်ရတဲ့ ေရာင္းအားထက္ အြန္လိုင္းေပၚက Digital Copy ေရာင္းရတဲ့ ေရာင္းအားကလည္း ပိုမ်ားလာေၾကာင္း ထုတ္ျပန္ခဲ့ပါေသးတယ္။

PC နဲ႔ mobile ဂိမ္းမ်ား တဟုန္ထိုး ေခတ္စားလာမႈေၾကာင့္ console ဂိမ္းစက္မ်ားရဲ႕ ေရာင္းအားႏႈန္းဟာ အနည္းငယ္ေႏွးေကြးသြားတယ္ဆိုေပမယ့္ PS4 ရဲ႕ ေရာင္းအားႏႈန္းဟာ PlayStation 2 နဲ႔ Nintendo ရဲ႕ Wii တို႔ထက္ ပိုျမန္တယ္လို႔ ဆိုရမွာပါ။ အရင္က ေရာင္းအားအေကာင္းဆုံးျဖစ္ခဲ့တဲ့ PS2 ဟာ အလုံးေရ သန္း ၁၀၀ ျပည့္ေအာင္ ေရာင္းခ်ဖုိ႔ အခ်ိန္ ၅ ႏွစ္နဲ႔ ၉ လ ယူခဲ့ရျပီး PS4 ထက္ ၂ လခန္႔ အခ်ိန္ပိုယူခဲ့တာပါ။ ဒါေပမယ့္ PS2 ဟာ လက္ရွိအထိ အလုံးေရ ၁၅၉ သန္းေက်ာ္ ေရာင္းထြက္ထားျပီး အလုံးေရအမ်ားဆုံးေရာင္းကုန္တဲ့ေနရာမွာ ရပ္တည္ေနဆဲပါ။


ဂိမ္းကုမၸဏီအမ်ားအျပားဟာ console အတြက္ ဂိမ္းမ်ားကို ထုတ္လုပ္ဖုိ႔ ျပန္လည္ အာရုံစိုက္လာၾကသလို ရွိျပီးသား ဂိမ္းမ်ားကိုလည္း update မ်ား ျပဳလုပ္ျခင္း နဲ႔ အဆင့္ျမွင့္တင္ျခင္းမ်ား ျပဳလုပ္လာၾကပါတယ္။ Dragon Quest XI, Injustice 2 နဲ႔ Madden တို႔လို ပရိတ္သတ္ သည္းေျခၾကိဳက္ဂိမ္းမ်ား ထြက္ေပၚလာျခင္းေၾကာင့္ PS4 မ်ားဟာ ၂၀၁၇ ေနာက္ပိုင္းမွာ တဖန္ျပန္လည္ ေခတ္စားလာခဲ့ပါတယ္။ PS4 ဂိမ္းမ်ားဟာ ဂိမ္းအတြင္း အျခားသူမ်ားနဲ႔ online multi-player ေဆာ့ကစားျခင္းနဲ႔ အျခားသူမ်ားရဲ႕ကစားပြဲမ်ားကို ဝင္ေရာက္ၾကည့္ရႈျခင္းတို႔လို social element ေတြကို အသားေပး အဆင့္ျမွင့္တင္လာၾကတာကလည္း လူၾကိဳက္မ်ားလာေစတဲ့ အခ်က္တစ္ခ်က္ပါ။

Sony ဟာ လာမယ့္ႏွစ္ထဲမွာ PlayStation 5 ကို ထုတ္လုပ္ဖုိ႔ရွိေနျပီး ဒီ generation အသစ္ ဂိမ္းစက္မ်ား အရင္စက္ေတြထက္ ပိုေကာင္းျပီး ထူးျခားတဲ့ feature မ်ား ပါဝင္လာမယ္လို႔ ဆိုပါတယ္။ PS5 မွာ 8k graphics အေကာင္းစား ပါဝင္မွာျဖစ္သလို ခိုင္မာတဲ့ SSD storage နဲ႔ 3D audio စနစ္တို႔ ပါဝင္ဝင္ဦးမွာပါ။ core ၈ ခုပါတဲ့ CPU နဲ႔ အတူ ray-tracing graphic မ်ား ကို ေထာက္ပံ့ေပးႏိုင္တဲ့ GPU ကို ထည့္သြင္းထားမယ့္ PS5 ရဲ႕ ထြက္ရွိမယ့္ ရက္အတိအက်ကို မထုတ္ျပန္ေသးေပမယ့့္ gamer အမ်ား အလြန္ပဲ စိတ္ဝင္စားေနၾကပါတယ္။

Sony ဟာ generation သစ္ ဂိမ္းစက္မ်ား ထုတ္လုပ္ဖုိ႔ ျပင္ဆင္ေနျပီး အရင္ကဂိမ္းစက္မ်ားနဲ႔ ဂိမ္းမ်ားကို အဆင့္ျမွင့္တင္ဖုိ႔ ၾကိဳးစားေနသလို Microsoft လုိ အျခားကုမၸဏီေတြကလည္း Xbox Project Scarlett ကဲ့သုိ႔ အရင္ထက္ပိုျပီးအဆင့္ျမင့္တဲ့ console ဂိမ္းစက္မ်ားကို ထုတ္လုပ္ေတာ့မယ္လို႔ ေၾကညာထားပါတယ္။ PS4 ရဲ႕ ျမန္ဆန္လွတဲ့ ေရာင္းအားႏႈန္းနဲ႔ အတူ generation အသစ္ထြက္လာမယ့္ ဂိမ္းစက္မ်ားနဲ႔ ဂိမ္းအသစ္မ်ားဟာ အျပိဳင္အဆိုင္ ကစားလို႔ေကာင္းေနၾကေတာ့မွာမို႔ ဂိမ္းခ်စ္သူမ်ား အတြက္ ရင္ခုန္စရာ ျဖစ္ေနပါေတာ့တယ္။ Console ဂိမ္းသတင္းမ်ားႏွင့္ အျခားေသာ esport သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္လ်က္ရွိပါတယ္။

#GamingNoodle #PlayStation4 #News #ComBo


“PS4 ဂိမ်းစက် အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချပြီးဖြစ်”

ကမ္ဘာကျော် Sony ကုမ္ပဏီဟာ PS4 ဂိမ်းစက်များ စတင်ထုတ်လုပ်စဉ်ထဲက ယခုအချိန်ထိ စက်အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီ ဖြစ်ကြောင်း မကြာသေးမီက ကြေညာခဲ့ပါတယ်။ ထုတ်လုပ်ခဲ့ပြီး ၅ နှစ်နဲ့ ၇ လ မှာတင် ရောင်းချနိုင်ခဲ့တာဖြစ်လို့ အလုံးရေ သန်း ၁၀၀ ရောင်းကုန်တဲ့ အမြန်ဆုံး console ဂိမ်းစက်အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဂိမ်းများကို အပြင်မှာ disc အခွေနဲ့ ရောင်းချရတဲ့ ရောင်းအားထက် အွန်လိုင်းပေါ်က Digital Copy ရောင်းရတဲ့ ရောင်းအားကလည်း ပိုများလာကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။

PC နဲ့ mobile ဂိမ်းများ တဟုန်ထိုး ခေတ်စားလာမှုကြောင့် console ဂိမ်းစက်များရဲ့ ရောင်းအားနှုန်းဟာ အနည်းငယ်နှေးကွေးသွားတယ်ဆိုပေမယ့် PS4 ရဲ့ ရောင်းအားနှုန်းဟာ PlayStation 2 နဲ့ Nintendo ရဲ့ Wii တို့ထက် ပိုမြန်တယ်လို့ ဆိုရမှာပါ။ အရင်က ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တဲ့ PS2 ဟာ အလုံးရေ သန်း ၁၀၀ ပြည့်အောင် ရောင်းချဖို့ အချိန် ၅ နှစ်နဲ့ ၉ လ ယူခဲ့ရပြီး PS4 ထက် ၂ လခန့် အချိန်ပိုယူခဲ့တာပါ။ ဒါပေမယ့် PS2 ဟာ လက်ရှိအထိ အလုံးရေ ၁၅၉ သန်းကျော် ရောင်းထွက်ထားပြီး အလုံးရေအများဆုံးရောင်းကုန်တဲ့နေရာမှာ ရပ်တည်နေဆဲပါ။

ဂိမ်းကုမ္ပဏီအများအပြားဟာ console အတွက် ဂိမ်းများကို ထုတ်လုပ်ဖို့ ပြန်လည် အာရုံစိုက်လာကြသလို ရှိပြီးသား ဂိမ်းများကိုလည်း update များ ပြုလုပ်ခြင်း နဲ့ အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်လာကြပါတယ်။ Dragon Quest XI, Injustice 2 နဲ့ Madden တို့လို ပရိတ်သတ် သည်းခြေကြိုက်ဂိမ်းများ ထွက်ပေါ်လာခြင်းကြောင့် PS4 များဟာ ၂၀၁၇ နောက်ပိုင်းမှာ တဖန်ပြန်လည် ခေတ်စားလာခဲ့ပါတယ်။ PS4 ဂိမ်းများဟာ ဂိမ်းအတွင်း အခြားသူများနဲ့ online multi-player ဆော့ကစားခြင်းနဲ့ အခြားသူများရဲ့ကစားပွဲများကို ဝင်ရောက်ကြည့်ရှုခြင်းတို့လို social element တွေကို အသားပေး အဆင့်မြှင့်တင်လာကြတာကလည်း လူကြိုက်များလာစေတဲ့ အချက်တစ်ချက်ပါ။

Sony ဟာ လာမယ့်နှစ်ထဲမှာ PlayStation 5 ကို ထုတ်လုပ်ဖို့ရှိနေပြီး ဒီ generation အသစ် ဂိမ်းစက်များ အရင်စက်တွေထက် ပိုကောင်းပြီး ထူးခြားတဲ့ feature များ ပါဝင်လာမယ်လို့ ဆိုပါတယ်။ PS5 မှာ 8k graphics အကောင်းစား ပါဝင်မှာဖြစ်သလို ခိုင်မာတဲ့ SSD storage နဲ့ 3D audio စနစ်တို့ ပါဝင်ဝင်ဦးမှာပါ။ core ၈ ခုပါတဲ့ CPU နဲ့ အတူ ray-tracing graphic များ ကို ထောက်ပံ့ပေးနိုင်တဲ့ GPU ကို ထည့်သွင်းထားမယ့် PS5 ရဲ့ ထွက်ရှိမယ့် ရက်အတိအကျကို မထုတ်ပြန်သေးပေမယ့် gamer အများ အလွန်ပဲ စိတ်ဝင်စားနေကြပါတယ်။

Sony ဟာ generation သစ် ဂိမ်းစက်များ ထုတ်လုပ်ဖို့ ပြင်ဆင်နေပြီး အရင်ကဂိမ်းစက်များနဲ့ ဂိမ်းများကို အဆင့်မြှင့်တင်ဖို့ ကြိုးစားနေသလို Microsoft လို အခြားကုမ္ပဏီတွေကလည်း Xbox Project Scarlett ကဲ့သို့ အရင်ထက်ပိုပြီးအဆင့်မြင့်တဲ့ console ဂိမ်းစက်များကို ထုတ်လုပ်တော့မယ်လို့ ကြေညာထားပါတယ်။ PS4 ရဲ့ မြန်ဆန်လှတဲ့ ရောင်းအားနှုန်းနဲ့ အတူ generation အသစ်ထွက်လာမယ့် ဂိမ်းစက်များနဲ့ ဂိမ်းအသစ်များဟာ အပြိုင်အဆိုင် ကစားလို့ကောင်းနေကြတော့မှာမို့ ဂိမ်းချစ်သူများ အတွက် ရင်ခုန်စရာ ဖြစ်နေပါတော့တယ်။ Console ဂိမ်းသတင်းများနှင့် အခြားသော esport သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်လျက်ရှိပါတယ်။

#GamingNoodle #PlayStation4 #News #ComBo