[Unicode]

Call of Duty: Mobile ထွက်ရှိပြီး ပထမတစ်ပတ်အတွင်း download ပေါင်း သန်း ၁၀၀ ရရှိ စံချိန်တင်

 

Call of Duty ဂိမ်းစီးရီးဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက PC နဲ့ console ဂိမ်းလောကမှာ နာမည်ကျော်ကြား ရေပန်းစားလာခဲ့တဲ့ ဂိမ်းများဖြစ်ပါတယ်။ မိုဘိုင်းလ်ဂိမ်းလောကကို ခြေဆန့်ဖို့ ရည်ရွယ်ထားတဲ့ Activision ရဲ့ Call of Duty: Mobile ဟာလည်း ထွက်ရှိပြီး ပထမတစ်ပတ်အတွင်းမှာပဲ သန်း ၁၀၀ ကျော် download ပြုလုပ်ခြင်း ခံခဲ့ရပါတယ်။ ဒီအကြောင်းကို Sensor Tower ဝက်ဘ်ဆိုက်ကနေ အောက်တိုဘာလ ၈ ရက်နေ့မှာ အတည်ပြု ကြေညာခဲ့တာပါ။

Call of Duty: Mobile ရဲ့ ယခုအောင်မြင်မှုဟာ လက်ရှိခေတ်စားနေတဲ့ ဂိမ်းများဖြစ်တဲ့ PUBG, Fortnite နဲ့ Apex Legends တို့ကို ကျော်လွန်သွားတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ PUBG ဟာ ထွက်ရှိပြီး ပထမတစ်ပတ်အတွင်းမှာ download ပေါင်း ၂၆.၃ သန်းသာ ရရှိခဲ့သလို Fortnite နဲ့ Apex Legends တို့ဟာလည်း download ပေါင်း ၂၂.၅ သန်းနဲ့ ၂၅ သန်းတို့သာ အသီးအသီးရရှိခဲ့ကြတာပါ။

“Call of Duty: Mobile ရဲ့ ပထမတစ်ပတ်အတွင်း download ပမာဏနဲ့ ကစားသူအရေအတွက်ဟာ မိုဘိုင်းလ်ဂိမ်းသမိုင်းကြောင်းတစ်လျှောက်မှာ အများဆုံးဖြစ်ပါတယ်။” လို့ Sensor Tower ရဲ့ မိုဘိုင်းလ်အတွင်းရေးအချက်အလက်ဌာနမှူး Randy Nelson က ပြောပါတယ်။ ကစားသူအများစုဟာ Apple’s app Store နဲ့ Google Play တို့ကနေ download ပြုလုပ်ရယူကြတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Call of Duty မိုဘိုင်းလ်ဗားရှင်း ထွက်ရှိလာနိုင်ဖို့အတွက် တရုတ်ကုမ္ပဏီ Tencent က တာဝန်ယူ ပြုလုပ်ပေးခဲ့ပါတယ်။ Tencent ဟာ PUBG ရဲ့ ကုမ္ပဏီ Bluehole, Fornite ရဲ့ ကုမ္ပဏီ Epic Games တို့နဲ့လည်း ပူးပေါင်းထားပြီး battle-royale ဂိမ်းပုံစံများကို အောင်မြင်စွာ ထွက်ပေါ်လာအောင် စွမ်းဆောင်နိုင်တဲ့ ကုမ္ပဏီအဖြစ် လူသိများလှပါတယ်။

ပထမပတ်အတွင်း download ပြုလုပ်မှု အများဆုံးနိုင်ငံဟာ United States ဖြစ်ပြီး download စုစုပေါင်းရဲ့ ၁၇ ရာခိုင်နှုန်း ရှိပါတယ်။ ဒုတိယအများဆုံးနိုင်ငံကတော့ PUBG ဂိမ်းကစားသူအများစုရှိတဲ့ အိန္ဒိယပါ။ Tencent ဟာ Call of Duty: Mobile ကို တရုတ်နိုင်ငံတစ်ဝှမ်းမှာတော့ ဖြန့်ချိခြင်း မပြုလုပ်သေးပါဘူး။

မိုဘိုင်းလ်ဂိမ်းများ လူကြိုက်များလာလို့ ခေတ်ရေစီးကြောင်းအရ Call of Duty: Mobile ထွက်ပေါ်လာခဲ့ပေမယ့် console အတွက် ထုတ်လုပ်မှုကလည်း ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ Call of Duty ရဲ့ console edition အသစ်ကို လာမယ့် အောက်တိုဘာလ ၂၅ ရက်နေ့မှာ ဖြန့်ချိမယ်လို့ တရားဝင် ကြေညာထားပါတယ်။

Activision ဟာ ကုမ္ပဏီပိုင် အဓိကဂိမ်းများဖြစ်တဲ့ Call of Duty, Candy Crush, Overwatch, Warcraft, Hearthstone နဲ့ Diablo တို့ရဲ့ တိုးတက်မှုများအတွက် ဦးစားပေးဆောင်ရွက်မယ်လို့ ယခုနှစ် မေလအတွင်းမှာ ကြေညာခဲ့ပါတယ်။ Call of Duty: Mobile ရဲ့ အောင်မြင်မှုနဲ့အတူ မိုဘိုင်းလ်ဂိမ်းလောကဟာလည်း esports ဆန်စွာ ပိုမိုဖွံ့ဖြိုးတိုးတက်လာဦးမှာပဲဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

Source: thestar.com.my


[ZawGyi]

Call of Duty: Mobile ထြက္ရွိၿပီး ပထမတစ္ပတ္အတြင္း download ေပါင္း သန္း ၁၀၀ ရရွိ စံခ်ိန္တင္

 

 

Call of Duty ဂိမ္းစီးရီးဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာထဲက PC နဲ႔ console ဂိမ္းေလာကမွာ နာမည္ေက်ာ္ၾကား ေရပန္းစားလာခဲ့တဲ့ ဂိမ္းမ်ားျဖစ္ပါတယ္။ မိုဘိုင္းလ္ဂိမ္းေလာကကို ေျခဆန႔္ဖို႔ ရည္႐ြယ္ထားတဲ့ Activision ရဲ႕ Call of Duty: Mobile ဟာလည္း ထြက္ရွိၿပီး ပထမတစ္ပတ္အတြင္းမွာပဲ သန္း ၁၀၀ ေက်ာ္ download ျပဳလုပ္ျခင္း ခံခဲ့ရပါတယ္။ ဒီအေၾကာင္းကို Sensor Tower ဝက္ဘ္ဆိုက္ကေန ေအာက္တိုဘာလ ၈ ရက္ေန႔မွာ အတည္ျပဳ ေၾကညာခဲ့တာပါ။

Call of Duty: Mobile ရဲ႕ ယခုေအာင္ျမင္မႈဟာ လက္ရွိေခတ္စားေနတဲ့ ဂိမ္းမ်ားျဖစ္တဲ့ PUBG, Fortnite နဲ႔ Apex Legends တို႔ကို ေက်ာ္လြန္သြားတဲ့ အခ်က္တစ္ခုျဖစ္ပါတယ္။ PUBG ဟာ ထြက္ရွိၿပီး ပထမတစ္ပတ္အတြင္းမွာ download ေပါင္း ၂၆.၃ သန္းသာ ရရွိခဲ့သလို Fortnite နဲ႔ Apex Legends တို႔ဟာလည္း download ေပါင္း ၂၂.၅ သန္းနဲ႔ ၂၅ သန္းတို႔သာ အသီးအသီးရရွိခဲ့ၾကတာပါ။

“Call of Duty: Mobile ရဲ႕ ပထမတစ္ပတ္အတြင္း download ပမာဏနဲ႔ ကစားသူအေရအတြက္ဟာ မိုဘိုင္းလ္ဂိမ္းသမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ အမ်ားဆုံးျဖစ္ပါတယ္။” လို႔ Sensor Tower ရဲ႕ မိုဘိုင္းလ္အတြင္းေရးအခ်က္အလက္ဌာနမႉး Randy Nelson က ေျပာပါတယ္။ ကစားသူအမ်ားစုဟာ Apple’s app Store နဲ႔ Google Play တို႔ကေန download ျပဳလုပ္ရယူၾကတာျဖစ္တယ္လို႔လည္း ဆိုပါတယ္။

Call of Duty မိုဘိုင္းလ္ဗားရွင္း ထြက္ရွိလာႏိုင္ဖို႔အတြက္ တ႐ုတ္ကုမၸဏီ Tencent က တာဝန္ယူ ျပဳလုပ္ေပးခဲ့ပါတယ္။ Tencent ဟာ PUBG ရဲ႕ ကုမၸဏီ Bluehole, Fornite ရဲ႕ ကုမၸဏီ Epic Games တို႔နဲ႔လည္း ပူးေပါင္းထားၿပီး battle-royale ဂိမ္းပုံစံမ်ားကို ေအာင္ျမင္စြာ ထြက္ေပၚလာေအာင္ စြမ္းေဆာင္ႏိုင္တဲ့ ကုမၸဏီအျဖစ္ လူသိမ်ားလွပါတယ္။

ပထမပတ္အတြင္း download ျပဳလုပ္မႈ အမ်ားဆုံးႏိုင္ငံဟာ United States ျဖစ္ၿပီး download စုစုေပါင္းရဲ႕ ၁၇ ရာခိုင္ႏႈန္း ရွိပါတယ္။ ဒုတိယအမ်ားဆုံးႏိုင္ငံကေတာ့ PUBG ဂိမ္းကစားသူအမ်ားစုရွိတဲ့ အိႏၵိယပါ။ Tencent ဟာ Call of Duty: Mobile ကို တ႐ုတ္ႏိုင္ငံတစ္ဝွမ္းမွာေတာ့ ျဖန႔္ခ်ိျခင္း မျပဳလုပ္ေသးပါဘူး။

မိုဘိုင္းလ္ဂိမ္းမ်ား လူႀကိဳက္မ်ားလာလို႔ ေခတ္ေရစီးေၾကာင္းအရ Call of Duty: Mobile ထြက္ေပၚလာခဲ့ေပမယ့္ console အတြက္ ထုတ္လုပ္မႈကလည္း ရပ္တန႔္သြားမွာ မဟုတ္ပါဘူး။ Call of Duty ရဲ႕ console edition အသစ္ကို လာမယ့္ ေအာက္တိုဘာလ ၂၅ ရက္ေန႔မွာ ျဖန႔္ခ်ိမယ္လို႔ တရားဝင္ ေၾကညာထားပါတယ္။

Activision ဟာ ကုမၸဏီပိုင္ အဓိကဂိမ္းမ်ားျဖစ္တဲ့ Call of Duty, Candy Crush, Overwatch, Warcraft, Hearthstone နဲ႔ Diablo တို႔ရဲ႕ တိုးတက္မႈမ်ားအတြက္ ဦးစားေပးေဆာင္႐ြက္မယ္လို႔ ယခုႏွစ္ ေမလအတြင္းမွာ ေၾကညာခဲ့ပါတယ္။ Call of Duty: Mobile ရဲ႕ ေအာင္ျမင္မႈနဲ႔အတူ မိုဘိုင္းလ္ဂိမ္းေလာကဟာလည္း esports ဆန္စြာ ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာဦးမွာပဲျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: thestar.com.my