Unicode

၂၀၁၉ ခုနှစ်ဟာ Esports ပြိုင်ပွဲများ လွန်စွာထွန်းကားခဲ့တဲ့ နှစ်တစ်နှစ်ပါ။ ၂၀၁၉ တစ်နှစ်ထဲမှာတင် ပြိုင်ပွဲပေါင်း ၄၄၉၀ ကျင်းပခဲ့ပြီး ဆုကြေးငွေ စုစုပေါင်း ဒေါ်လာ ၂၁၁ သန်းကျော် ချီးမြှင့်ခဲ့ကြောင်း စစ်တမ်းများအရ သိရပါတယ်။ ဒါကြောင့်လည်း အချို့ပြိုင်ပွဲဝင်အသင်းများဟာ ဆုကြေးငွေအမြောက်အများ ရရှိခဲ့ကြပြီး မီလျံနာကစားသမားသစ်ပေါင်း များစွာလည်း ပေါ်ထွန်းလာခဲ့ပါတယ်။

ထင်ရှားတဲ့ပြိုင်ပွဲများအဖြစ် Epic Games ရဲ့ Fortnite World Cup 2019 မှာ ဆုကြေးငွေစုစုပေါင်း ဒေါ်လာသန်း ၃၀ ကျော် ချီးမြှင့်ခဲ့ပြီး Valve ရဲ့ TI9 ပြိုင်ပွဲမှာ ဒေါ်လာ ၃၄ သန်းကျော် ချီးမြှင့်ခဲ့ပါတယ်။ Fortnite နဲ့ Dota 2 တို့ရဲ့ ပြိုင်ဆိုင်ခြင်းဟာ ၂၀၁၉ Esports ဆုကြေးငွေများ မြှင့်တက်လာရခြင်းရဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။ တစ်နှစ်တာအတွင်း ဆုကြေးငွေအများဆုံး ဆွတ်ခူးနိုင်ခဲ့တဲ့အသင်း ၁၀ သင်း ကို တင်ဆက်လိုက်ပါတယ်။

၁၀။ FaZe Clan – ဒေါ်လာ ၃.၁၆၆ သန်း (၂၀၁၈ – အဆင့် ၁၀)

Call of Duty နဲ့ CS: GO အသင်းများကြောင့် လူသိများတဲ့ FaZe Clan ဟာ battle royale ဂိမ်းအသင်းများရဲ့ အကူအညီနဲ့ ၂၀၁၉ အတွင်း ဆုကြေးငွေဒေါ်လာ ၃.၁၆၆ သန်း ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ PUBG အသင်းက ရှာဖွေပေးတဲ့ ဆုကြေးငွေဟာ ဒေါ်လာ ၁.၁ သန်း ရှိပြီး Fornite အသင်းကလည်း ဒေါ်လာ ၁ သန်းနီးပါး ရှာဖွေနိုင်ခဲ့ပါတယ်။

FaZe Clan ရဲ့ အဓိကအသင်းများဖြစ်ကြတဲ့ Call of Duty နဲ့ CS: GO ၂ သင်းပေါင်း ရရှိခဲ့တဲ့ ဆုကြေးငွေကတော့ ဒေါ်လာ ၈ သိန်း ၆ သောင်းကျော်သာ ရှိခဲ့လို့ battle royale က ရတဲ့ ဆုကြေးငွေထက် နည်းပါးနေခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၀ အစပိုင်းမှာ ဒေါ်လာ ၆ သန်းလောက်ထိ ဆွတ်ခူးနိုင်မယ့် Call of Duty ပြိုင်ပွဲရှိတာမို့ FaZe Clan ရဲ့ ဆုကြေးငွေဟာ လာမယ့်နှစ်မှာ ပိုမိုများပြားလာလိမ့်မယ်လို့ ယူဆရပါတယ်။

၉။ Sentinels – ဒေါ်လာ ၃.၂၆ သန်း (၂၀၁၈ – အဆင့် ၂၃၇)

Fortnite World Cup 2019 ရဲ့ Solo ပြိုင်ပွဲမှာ ပထမရရှိခဲ့တဲ့ Bugha ဟာ ဒေါ်လာ ၃ သန်းကျော်ကို တစ်ကိုယ်တော် ရယူနိုင်ခဲ့သူပါ။ ဒါကြောင့်လည်း Bugha ရဲ့ အသင်း Sentinels ဟာ ယခုနှစ်မှာ အဆင့် ၉ နေရာထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၁၈ တုန်းက Sentinels ရရှိခဲ့တဲ့ ဆုကြေးငွေဟာ ဒေါ်လာ ၃ သောင်းကျော်သာ ရှိခဲ့ပါတယ်။

Bugha နဲ့ ယင်းရဲ့ အသင်း Sentinels တို့ဟာ Fortnite ရဲ့ Esports ပြိုင်ပွဲဆုကြေးငွေများပြားမှုကို သိသာစေသူများပါ။ Prize Pool များတဲ့ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းဟာ လွန်စွာအကျိုးရှိကြောင်းကိုလည်း ညွှန်ပြလျက် ရှိပါတယ်။

၈။ Team Secret – ဒေါ်လာ ၃.၃၁ သန်း (၂၀၁၈ – အဆင့် ၁၁)

Dota 2 အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ Team Secret ဟာ ၂၀၁၈-၂၀၁၉ DPC season တစ်လျှောက် အောင်မြင်ခဲ့တဲ့အသင်းတစ်သင်းဖြစ်သလို TI9 မှာလည်း စတုတ္ထနေရာရရှိခဲ့ပြီး ဒေါ်လာ ၂ သန်းကျော် ဆွတ်ခူးနိုင်ခဲ့လို့ အဆင့် ၈ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

Team Secret ဟာ CS: GO အပါအဝင် အခြားဂိမ်းအသင်းများလည်း ထူထောင်ထားပြီး ဖြစ်ပါတယ်။ လက်ရှိမှာ အရှိန်ယူနေဆဲဖြစ်တဲ့ Team Secret ရဲ့ Rainbow 6, Apex Legends, Age of Empires, PUBG Mobile, Age of Empires II စတဲ့ အသင်းများဟာ စုစုပေါင်းဒေါ်လာ ၂ သိန်း ၁ သောင်းကျော် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

၇။ Gen.G – ဒေါ်လာ ၃.၄၅ သန်း (၂၀၁၈ – အဆင့် ၁၇)

Gen.G Esports အသင်းကတော့ PUBG လောကမှာ ဦးဆောင်နိုင်ခဲ့သူများပါ။ PUBG Global Championship 2019 အပါအဝင် ပြိုင်ပွဲကြီး ၃ ခုကို အနိုင်ရရှိခဲ့ပြီး ဒေါ်လာ ၂.၂၈ သန်းကျော် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ Gen.G ရရှိခဲ့တဲ့ တစ်နှစ်တာ ဆုကြေးငွေရဲ့ ၉၄ ရာခိုင်နှုန်းဟာ battle royale ဂိမ်းပြိုင်ပွဲများကနေ ရရှိခဲ့တာပါ။

Overwatch နဲ့ League of Legends အသင်းများဟာလည်း Gen.G အတွက် ပုံမှန်ဝင်ငွေ ရှာဖွေပေးလျက်ရှိပါတယ်။ လက်ရှိမှာ Cloud9 အသင်းသားဟောင်းများကို ခေါ်ယူပြီး CS: GO အသင်း ထူထောင်ပြီးဖြစ်လို့ ၂၀၂၀ မှာ Gen.G ရဲ့ ဆုကြေးငွေရရှိမှုဟာ ပိုများလာနိုင်ပါတယ်။

၆။ Cooler Esport – ဒေါ်လာ ၃.၅၁ သန်း (၂၀၁၈ – အဆင့် ၂၉၇)

Cooler Esport ဟာ ယခင်က လူသိနည်းခဲ့တဲ့ Esport အသင်းငယ်တစ်ခုပါ။ Fortnite World Cup အပြီးမှာတော့ Duo ပြိုင်ပွဲကို အနိုင်ရခဲ့တဲ့ nyhrox နဲ့ aqua တို့ဟာ ဆုကြေးငွေ ဒေါ်လာ ၃ သန်းကျော် အိမ်ပြန်သယ်နိုင်ခဲ့ပြီး သူတို့ရဲ့ Cooler Esport ကိုလည်း လူသိများတဲ့အသင်းတစ်သင်းဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဆုကြေးငွေ များများရရှိနိုင်ဖို့အတွက် ကြီးမားတဲ့အသင်းအဖွဲ့များကို ဝင်ရောက်နေစရာမလိုအပ်ကြောင်း Cooler Esport က သက်သေပြနေပါတယ်။ Esports လောကရဲ့ ဆုကြေးငွေချီးမြှင့်မှု များပြားလာခြင်းဟာ အသင်းငယ်များကို ဆက်လက်ရှင်သန်ရပ်တည်ချင်လာအောင် အားပေးလျက်ရှိနေဦးမှာပါ။

၅။ PSG.LGD Esports – ဒေါ်လာ ၃.၅၄ သန်း (၂၀၁၈ – အဆင့် ၃)

PSG.LGD ရဲ့ Dota 2 အသင်းဟာ တစ်နှစ်တာအတွင်းမှာ ဆုကြေးငွေဒေါ်လာ ၃.၄ သန်းအထိ ရှာဖွေပေးနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်က TI8 မှာ ဒုတိယရရှိခဲ့ပြီး ယခုနှစ် TI9 မှာတော့ တတိယသာရရှိခဲ့လို့ အဆင့် ၃ ကနေ ကျဆင်းသွားရခြင်း ဖြစ်ပါတယ်။

PSG.LGD ရဲ့ FIFA အသင်းကတော့ ဒေါ်လာ ၃ သောင်း ၇ ထောင် ရှာဖွေပေးနိုင်ခဲ့ပါတယ်။ PSG.LGD ဟာ The International ပြိုင်ပွဲကြီးရဲ့ ဆုကြေးငွေများပြားမှုကို သိသာစေမယ့် ဥပမာကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

၄။ Lazarus – ဒေါ်လာ ၄.၂၂ သန်း (၂၀၁၈ – အဆင့် ၆၅)

မူလက SetToDestroyX လို့ အမည်ရတဲ့ Lazarus အသင်းဟာ နာမည်ပြောင်းခဲ့ပြီးနောက်ပိုင်းမှာ အုပ်ချုပ်သူအချို့လည်း အသစ်ပြောင်းလဲခဲ့ပါတယ်။ မူလက ဂိမ်းပြိုင်ပွဲငယ်များကိုသာ အာရုံစိုက်နေခဲ့ရတဲ့ Lazarus ဟာ ၂၀၁၉ မှာ အောင်မြင်လာတယ်လို့ ဆိုရမှာပါ။ Lazarus ရဲ့အသင်းဝင်ကစားသမား ၆ ယောက်ဟာ Fortnite World Cup 2019 ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၂.၃၅ သန်းအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အခြား Fortnite ပြိုင်ပွဲများကနေ ရရှိတဲ့ ဆုကြေးငွေဟာလည်း ဒေါ်လာ ၁.၃ သန်းတောင် ရှိခဲ့တာပါ။ Lazarus ဟာ ယခုအချိန်မှာ CS: GO, Hearthstone, PUBG နဲ့ အခြားအသင်းများကိုလည်း ဖွဲ့စည်းပြီး ဖြစ်ပါတယ်။ ဒါကြောင့် Fortnite မှာ ဆက်လက်အောင်မြင်ဦးမယ်ဆိုရင် ဒီထက်တိုးတက်လာဖို့ အလားအလာကောင်းများရှိတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။

၃။ NRG Esports – ဒေါ်လာ ၅.၂၈ သန်း

NRG Esports အသင်းကတော့ ဂိမ်းအမြောက်အများမှာ အောင်မြင်ခဲ့တဲ့အတွက် ဆုကြေးငွေရရှိမှု များပြားလာခဲ့တာပါ။ Overwatch မှာ ဒေါ်လာ ၁.၅ သန်း၊ Fortnite မှာ ဒေါ်လာ ၂.၈၅ သန်း၊ Rocket League မှာ ဒေါ်လာ ၃ သိန်း ၇ သောင်းကျော်၊ Apex Legends မှာ ဒေါ်လာ ၁ သိန်း ၂ သောင်းကျော် စသဖြင့် ရရှိခဲ့ပါတယ်။

NRG ရဲ့ ထူးခြားတဲ့ အပြောင်းအလဲကတော့ CS: GO တစ်သင်းလုံးကို Evil Geniuses ထံ လွှဲပြောင်းပေးလိုက်တာပါ။ CS: GO အသင်း မရှိတော့ပေမယ့် ၂၀၂၀ အတွင်း အခြား FPS နဲ့ battle royale ဂိမ်းပြိုင်ပွဲများ ပိုမိုခေတ်စားလာဦးမှာမို့ NRG ရဲ့ အောင်မြင်မှုဟာလည်း ပိုမိုမြင့်တက်လာနိုင်ပါတယ်။

၂။ Team Liquid – ဒေါ်လာ ၉.၄ သန်း (၂၀၁၈ အဆင့် ၂)

Team Liquid ဟာ Dota 2 မှာသာမက CS: GO, League of Legends, Fornite တို့မှာပါ အောင်မြင်နေတဲ့အသင်းပါ။ Team Liquid ရဲ့ CSGO အသင်းဟာလည်း HLTV အဆင့်သတ်မှတ်ချက်အရ ကမ္ဘာ့ နံပါတ် ၁ နေရာကို အချိန်အတန်ကြာ အရယူထားနိုင်ပါတယ်။Team Liquid ရဲ့ Dota 2 အသင်းဟောင်းဟာ ဆုကြေးငွေ ဒေါ်လာ ၅.၀၈ သန်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

CS: GO မှာ ဒေါ်လာ ၂.၃၁ သန်းနဲ့ League of Legends မှာ ဒေါ်လာ ၄ သိန်း ၅ သောင်းကျော် ရရှိထားခဲ့တဲ့ Team Liquid ရဲ့ Dota 2 အသင်းဟောင်းဟာ TI9 မှာသာ ပထမရရှိခဲ့ရင် ယခုစာရင်းရဲ့ ထိပ်ဆုံးကို ရောက်ရှိနေမှာပါ။ ယခုအချိန်မှာတော့ Dota 2 အသင်းသားဟောင်းများလည်း ထွက်ခွာသွားခဲ့ပြီဖြစ်လို့ လာမယ့်နှစ်မှာ ဆုကြေးငွေအများဆုံးအသင်းနေရာကို မျှော်မှန်းဖို့လည်း ပိုမိုခက်ခဲသွားခဲ့ပါတယ်။

၁။ OG – ဒေါ်လာ ၁၅.၈၄ သန်း (၂၀၁၈ – အဆင့် ၁)

TI8 နဲ့ TI9 ကို ၂ နှစ်ဆက် အနိုင်ရရှိခဲ့တဲ့ OG အသင်းကတော့ ဆုကြေးငွေအများဆုံး ရရှိတဲ့အသင်းအဖြစ်လည်း ၂ နှစ်ဆက် ရပ်တည်နိုင်ခဲ့ပါတယ်။ OG အသင်းရဲ့ Dota 2 အပြင် အခြားဆုကြေးငွေဟာ Super Smash Bros ပြိုင်ပွဲက ရတဲ့ ဒေါ်လာ ၉၀၀ သာ ရှိပါတယ်။ ဒါကြောင့်လည်း လက်ရှိအချိန်အထိ The International ပြိုင်ပွဲဟာ ဆုကြေးငွေ များများ မျှော်မှန်းသူများရဲ့ ပစ်မှတ်တစ်ခုအဖြစ် ရှိနေဆဲပဲ ဖြစ်ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

Source: EsportsObserver


Zawgyi

၂၀၁၉ ခုႏွစ္ဟာ Esports ျပိဳင္ပြဲမ်ား လြန္စြာထြန္းကားခဲ့တဲ့ ႏွစ္တစ္ႏွစ္ပါ။ ၂၀၁၉ တစ္ႏွစ္ထဲမွာတင္ ျပိဳင္ပြဲေပါင္း ၄၄၉၀ က်င္းပခဲ့ျပီး ဆုေၾကးေငြ စုစုေပါင္း ေဒၚလာ ၂၁၁ သန္းေက်ာ္ ခ်ီးျမွင့္ခဲ့ေၾကာင္း စစ္တမ္းမ်ားအရ သိရပါတယ္။ ဒါေၾကာင့္လည္း အခ်ိဳ႕ျပိဳင္ပြဲဝင္အသင္းမ်ားဟာ ဆုေၾကးေငြအေျမာက္အမ်ား ရရွိခဲ့ၾကျပီး မီလ်ံနာကစားသမားသစ္ေပါင္း မ်ားစြာလည္း ေပၚထြန္းလာခဲ့ပါတယ္။

ထင္ရွားတဲ့ျပိဳင္ပြဲမ်ားအျဖစ္ Epic Games ရဲ႕ Fortnite World Cup 2019 မွာ ဆုေၾကးေငြစုစုေပါင္း ေဒၚလာသန္း ၃၀ ေက်ာ္ ခ်ီးျမွင့္ခဲ့ျပီး Valve ရဲ႕ TI9 ျပိဳင္ပြဲမွာ ေဒၚလာ ၃၄ သန္းေက်ာ္ ခ်ီးျမွင့္ခဲ့ပါတယ္။ Fortnite နဲ႔ Dota 2 တို႔ရဲ႕ ျပိဳင္ဆိုင္ျခင္းဟာ ၂၀၁၉ Esports ဆုေၾကးေငြမ်ား ျမွင့္တက္လာရျခင္းရဲ႕ အေၾကာင္းရင္းတစ္ခုလည္း ျဖစ္ပါတယ္။ တစ္ႏွစ္တာအတြင္း ဆုေၾကးေငြအမ်ားဆုံး ဆြတ္ခူးႏိုင္ခဲ့တဲ့အသင္း ၁၀ သင္း ကို တင္ဆက္လိုက္ပါတယ္။

၁၀။ FaZe Clan – ေဒၚလာ ၃.၁၆၆ သန္း (၂၀၁၈ – အဆင့္ ၁၀)

Call of Duty နဲ႔ CS: GO အသင္းမ်ားေၾကာင့္ လူသိမ်ားတဲ့ FaZe Clan ဟာ battle royale ဂိမ္းအသင္းမ်ားရဲ႕ အကူအညီနဲ႔ ၂၀၁၉ အတြင္း ဆုေၾကးေငြေဒၚလာ ၃.၁၆၆ သန္း ဆြတ္ခူးထားႏိုင္ခဲ့ပါတယ္။ PUBG အသင္းက ရွာေဖြေပးတဲ့ ဆုေၾကးေငြဟာ ေဒၚလာ ၁.၁ သန္း ရွိျပီး Fornite အသင္းကလည္း ေဒၚလာ ၁ သန္းနီးပါး ရွာေဖြႏိုင္ခဲ့ပါတယ္။

FaZe Clan ရဲ႕ အဓိကအသင္းမ်ားျဖစ္ၾကတဲ့ Call of Duty နဲ႔ CS: GO ၂ သင္းေပါင္း ရရွိခဲ့တဲ့ ဆုေၾကးေငြကေတာ့ ေဒၚလာ ၈ သိန္း ၆ ေသာင္းေက်ာ္သာ ရွိခဲ့လို႔ battle royale က ရတဲ့ ဆုေၾကးေငြထက္ နည္းပါးေနခဲ့ပါတယ္။ ဒါေပမယ့္ ၂၀၂၀ အစပိုင္းမွာ ေဒၚလာ ၆ သန္းေလာက္ထိ ဆြတ္ခူးႏိုင္မယ့္ Call of Duty ျပိဳင္ပြဲရွိတာမို႔ FaZe Clan ရဲ႕ ဆုေၾကးေငြဟာ လာမယ့္ႏွစ္မွာ ပိုမိုမ်ားျပားလာလိမ့္မယ္လို႔ ယူဆရပါတယ္။

၉။ Sentinels – ေဒၚလာ ၃.၂၆ သန္း (၂၀၁၈ – အဆင့္ ၂၃၇)

Fortnite World Cup 2019 ရဲ႕ Solo ျပိဳင္ပြဲမွာ ပထမရရွိခဲ့တဲ့ Bugha ဟာ ေဒၚလာ ၃ သန္းေက်ာ္ကို တစ္ကိုယ္ေတာ္ ရယူႏိုင္ခဲ့သူပါ။ ဒါေၾကာင့္လည္း Bugha ရဲ႕ အသင္း Sentinels ဟာ ယခုႏွစ္မွာ အဆင့္ ၉ ေနရာထိ ေရာက္ရိွလာခဲ့ျခင္း ျဖစ္ပါတယ္။ ၂၀၁၈ တုန္းက Sentinels ရရွိခဲ့တဲ့ ဆုေၾကးေငြဟာ ေဒၚလာ ၃ ေသာင္းေက်ာ္သာ ရွိခဲ့ပါတယ္။

Bugha နဲ႔ ယင္းရဲ႕ အသင္း Sentinels တို႔ဟာ Fortnite ရဲ႕ Esports ျပိဳင္ပြဲဆုေၾကးေငြမ်ားျပားမႈကို သိသာေစသူမ်ားပါ။ Prize Pool မ်ားတဲ့ ျပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ျပိဳင္ႏိုင္ျခင္းဟာ လြန္စြာအက်ိဳးရွိေၾကာင္းကိုလည္း ညႊန္ျပလ်က္ ရွိပါတယ္။

၈။ Team Secret – ေဒၚလာ ၃.၃၁ သန္း (၂၀၁၈ – အဆင့္ ၁၁)

Dota 2 အင္အားၾကီးအသင္းတစ္သင္းျဖစ္တဲ့ Team Secret ဟာ ၂၀၁၈-၂၀၁၉ DPC season တစ္ေလွ်ာက္ ေအာင္ျမင္ခဲ့တဲ့အသင္းတစ္သင္းျဖစ္သလို TI9 မွာလည္း စတုတၳေနရာရရွိခဲ့ျပီး ေဒၚလာ ၂ သန္းေက်ာ္ ဆြတ္ခူးႏိုင္ခဲ့လို႔ အဆင့္ ၈ ေနရာမွာ ရပ္တည္ခဲ့ပါတယ္။

Team Secret ဟာ CS: GO အပါအဝင္ အျခားဂိမ္းအသင္းမ်ားလည္း ထူေထာင္ထားျပီး ျဖစ္ပါတယ္။ လက္ရွိမွာ အရွိန္ယူေနဆဲျဖစ္တဲ့ Team Secret ရဲ႕ Rainbow 6, Apex Legends, Age of Empires, PUBG Mobile, Age of Empires II စတဲ့ အသင္းမ်ားဟာ စုစုေပါင္းေဒၚလာ ၂ သိန္း ၁ ေသာင္းေက်ာ္ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

၇။ Gen.G – ေဒၚလာ ၃.၄၅ သန္း (၂၀၁၈ – အဆင့္ ၁၇)

Gen.G Esports အသင္းကေတာ့ PUBG ေလာကမွာ ဦးေဆာင္ႏိုင္ခဲ့သူမ်ားပါ။ PUBG Global Championship 2019 အပါအဝင္ ျပိဳင္ပြဲၾကီး ၃ ခုကို အႏိုင္ရရွိခဲ့ျပီး ေဒၚလာ ၂.၂၈ သန္းေက်ာ္ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ Gen.G ရရွိခဲ့တဲ့ တစ္ႏွစ္တာ ဆုေၾကးေငြရဲ႕ ၉၄ ရာခိုင္ႏႈန္းဟာ battle royale ဂိမ္းျပိဳင္ပြဲမ်ားကေန ရရွိခဲ့တာပါ။

Overwatch နဲ႔ League of Legends အသင္းမ်ားဟာလည္း Gen.G အတြက္ ပုံမွန္ဝင္ေငြ ရွာေဖြေပးလ်က္ရွိပါတယ္။ လက္ရွိမွာ Cloud9 အသင္းသားေဟာင္းမ်ားကို ေခၚယူျပီး CS: GO အသင္း ထူေထာင္ျပီးျဖစ္လို႔ ၂၀၂၀ မွာ Gen.G ရဲ႕ ဆုေၾကးေငြရရွိမႈဟာ ပိုမ်ားလာႏိုင္ပါတယ္။

၆။ Cooler Esport – ေဒၚလာ ၃.၅၁ သန္း (၂၀၁၈ – အဆင့္ ၂၉၇)

Cooler Esport ဟာ ယခင္က လူသိနည္းခဲ့တဲ့ Esport အသင္းငယ္တစ္ခုပါ။ Fortnite World Cup အျပီးမွာေတာ့ Duo ျပိဳင္ပြဲကို အႏိုင္ရခဲ့တဲ့ nyhrox နဲ႔ aqua တို႔ဟာ ဆုေၾကးေငြ ေဒၚလာ ၃ သန္းေက်ာ္ အိမ္ျပန္သယ္ႏိုင္ခဲ့ျပီး သူတို႔ရဲ႕ Cooler Esport ကိုလည္း လူသိမ်ားတဲ့အသင္းတစ္သင္းျဖစ္လာေအာင္ စြမ္းေဆာင္ႏို္င္ခဲ့ပါတယ္။

ဆုေၾကးေငြ မ်ားမ်ားရရွိႏိုင္ဖုိ႔အတြက္ ၾကီးမားတဲ့အသင္းအဖြဲ႔မ်ားကို ဝင္ေရာက္ေနစရာမလိုအပ္ေၾကာင္း Cooler Esport က သက္ေသျပေနပါတယ္။ Esports ေလာကရဲ႕ ဆုေၾကးေငြခ်ီးျမွင့္မႈ မ်ားျပားလာျခင္းဟာ အသင္းငယ္မ်ားကို ဆက္လက္ရွင္သန္ရပ္တည္ခ်င္လာေအာင္ အားေပးလ်က္ရွိေနဦးမွာပါ။

၅။ PSG.LGD Esports – ေဒၚလာ ၃.၅၄ သန္း (၂၀၁၈ – အဆင့္ ၃)

PSG.LGD ရဲ႕ Dota 2 အသင္းဟာ တစ္ႏွစ္တာအတြင္းမွာ ဆုေၾကးေငြေဒၚလာ ၃.၄ သန္းအထိ ရွာေဖြေပးႏိုင္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ႏွစ္က TI8 မွာ ဒုတိယရရွိခဲ့ျပီး ယခုႏွစ္ TI9 မွာေတာ့ တတိယသာရရွိခဲ့လို့ အဆင့္ ၃ ကေန က်ဆင္းသြားရျခင္း ျဖစ္ပါတယ္။

PSG.LGD ရဲ႕ FIFA အသင္းကေတာ့ ေဒၚလာ ၃ ေသာင္း ၇ ေထာင္ ရွာေဖြေပးႏိုင္ခဲ့ပါတယ္။ PSG.LGD ဟာ The International ျပိဳင္ပြဲၾကီးရဲ႕ ဆုေၾကးေငြမ်ားျပားမႈကို သိသာေစမယ့္ ဥပမာေကာင္းတစ္ခုပဲ ျဖစ္ပါတယ္။

၄။ Lazarus – ေဒၚလာ ၄.၂၂ သန္း (၂၀၁၈ – အဆင့္ ၆၅)

မူလက SetToDestroyX လို႔ အမည္ရတဲ့ Lazarus အသင္းဟာ နာမည္ေျပာင္းခဲ့ျပီးေနာက္ပိုင္းမွာ အုပ္ခ်ဳပ္သူအခ်ိဳ႕လည္း အသစ္ေျပာင္းလဲခဲ့ပါတယ္။ မူလက ဂိမ္းျပိဳင္ပြဲငယ္မ်ားကိုသာ အာရုံစိုက္ေနခဲ့ရတဲ့ Lazarus ဟာ ၂၀၁၉ မွာ ေအာင္ျမင္လာတယ္လို႔ ဆိုရမွာပါ။ Lazarus ရဲ႕အသင္းဝင္ကစားသမား ၆ ေယာက္ဟာ Fortnite World Cup 2019 ကို ဝင္ေရာက္ယွဥ္ျပိဳင္ခြင့္ ရရွိခဲ့ျပီး စုစုေပါင္း ေဒၚလာ ၂.၃၅ သန္းအထိ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

အျခား Fortnite ျပိဳင္ပြဲမ်ားကေန ရရွိတဲ့ ဆုေၾကးေငြဟာလည္း ေဒၚလာ ၁.၃ သန္းေတာင္ ရွိခဲ့တာပါ။ Lazarus ဟာ ယခုအခ်ိန္မွာ CS: GO, Hearthstone, PUBG နဲ႔ အျခားအသင္းမ်ားကိုလည္း ဖြဲ႔စည္းျပီး ျဖစ္ပါတယ္။ ဒါေၾကာင့္ Fortnite မွာ ဆက္လက္ေအာင္ျမင္ဦးမယ္ဆုိရင္ ဒီထက္တိုးတက္လာဖို႔ အလားအလာေကာင္းမ်ားရွိတဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။

၃။ NRG Esports – ေဒၚလာ ၅.၂၈ သန္း

NRG Esports အသင္းကေတာ့ ဂိမ္းအေျမာက္အမ်ားမွာ ေအာင္ျမင္ခဲ့တဲ့အတြက္ ဆုေၾကးေငြရရွိမႈ မ်ားျပားလာခဲ့တာပါ။ Overwatch မွာ ေဒၚလာ ၁.၅ သန္း၊ Fortnite မွာ ေဒၚလာ ၂.၈၅ သန္း၊ Rocket League မွာ ေဒၚလာ ၃ သိန္း ၇ ေသာင္းေက်ာ္၊ Apex Legends မွာ ေဒၚလာ ၁ သိန္း ၂ ေသာင္းေက်ာ္ စသျဖင့္ ရရွိခဲ့ပါတယ္။

NRG ရဲ႕ ထူးျခားတဲ့ အေျပာင္းအလဲကေတာ့ CS: GO တစ္သင္းလုံးကို Evil Geniuses ထံ လႊဲေျပာင္းေပးလိုက္တာပါ။ CS: GO အသင္း မရွိေတာ့ေပမယ့္ ၂၀၂၀ အတြင္း အျခား FPS နဲ႔ battle royale ဂိမ္းျပိဳင္ပြဲမ်ား ပိုမိုေခတ္စားလာဦးမွာမို႔ NRG ရဲ႕ ေအာင္ျမင္မႈဟာလည္း ပိုမိုျမင့္တက္လာႏိုင္ပါတယ္။

၂။ Team Liquid – ေဒၚလာ ၉.၄ သန္း (၂၀၁၈ အဆင့္ ၂)

Team Liquid ဟာ Dota 2 မွာသာမက CS: GO, League of Legends, Fornite တို႔မွာပါ ေအာင္ျမင္ေနတဲ့အသင္းပါ။ Team Liquid ရဲ႕ CSGO အသင္းဟာလည္း HLTV အဆင့္သတ္မွတ္ခ်က္အရ ကမာၻ႔ နံပါတ္ ၁ ေနရာကို အခ်ိန္အတန္ၾကာ အရယူထားႏိုင္ပါတယ္။ Team Liquid ရဲ႕ Dota 2 အသင္းေဟာင္းဟာ ဆုေၾကးေငြ ေဒၚလာ ၅.၀၈ သန္း ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

CS: GO မွာ ေဒၚလာ ၂.၃၁ သန္းနဲ႔ League of Legends မွာ ေဒၚလာ ၄ သိန္း ၅ ေသာင္းေက်ာ္ ရရွိထားခဲ့တဲ့ Team Liquid ရဲ႕ Dota 2 အသင္းေဟာင္းဟာ TI9 မွာသာ ပထမရရွိခဲ့ရင္ ယခုစာရင္းရဲ႕ ထိပ္ဆုံးကို ေရာက္ရွိေနမွာပါ။ ယခုအခ်ိန္မွာေတာ့ Dota 2 အသင္းသားေဟာင္းမ်ားလည္း ထြက္ခြာသြားခဲ့ျပီျဖစ္လို႔ လာမယ့္ႏွစ္မွာ ဆုေၾကးေငြအမ်ားဆုံးအသင္းေနရာကို ေမွ်ာ္မွန္းဖုိ႔လည္း ပိုမိုခက္ခဲသြားခဲ့ပါတယ္။

၁။ OG – ေဒၚလာ ၁၅.၈၄ သန္း (၂၀၁၈ – အဆင့္ ၁)

TI8 နဲ႔ TI9 ကို ၂ ႏွစ္ဆက္ အႏိုင္ရရွိခဲ့တဲ့ OG အသင္းကေတာ့ ဆုေၾကးေငြအမ်ားဆုံး ရရွိတဲ့အသင္းအျဖစ္လည္း ၂ ႏွစ္ဆက္ ရပ္တည္ႏိုင္ခဲ့ပါတယ္။ OG အသင္းရဲ႕ Dota 2 အျပင္ အျခားဆုေၾကးေငြဟာ Super Smash Bros ျပိဳင္ပြဲက ရတဲ့ ေဒၚလာ ၉၀၀ သာ ရွိပါတယ္။ ဒါေၾကာင့္လည္း လက္ရွိအခ်ိန္အထိ The International ျပိဳင္ပြဲဟာ ဆုေၾကးေငြ မ်ားမ်ား ေမွ်ာ္မွန္းသူမ်ားရဲ႕ ပစ္မွတ္တစ္ခုအျဖစ္ ရွိေနဆဲပဲ ျဖစ္ပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

Source: EsportsObserver