[Unicode]

ဒေါ်လာ ၁.၅ သန်း ချီးမြှင့်မယ့် Gamers Without Borders By Saudi ရဲ့ Covid-19 ပရဟိတ Dota 2 ပြိုင်ပွဲ

 

Gamers Without Borders By Saudi ဆိုတာကတော့ ဆုကြေးငွေစုစုပေါင်း ဒေါ်လာ ၁၀ သန်း နဲ့ ဂိမ်းအမျိုးအစား ပေါင်းစုံတို့ရဲ့ ပြိုင်ပွဲများကို ရက်သတ္တပါတ် ၇ ပတ်ကြာအောင် ကျင်းပနေတဲ့ Covid-19 ပရဟိတပွဲကြီးပါ။ ပြိုင်ပွဲများကို အနိုင်ရရှိကြတဲ့ ဂိမ်မာများဟာ ယင်းတို့ရရှိတဲ့ ဆုကြေးငွေများကို နိုင်ငံတကာမှာ Covid-19 တိုက်ဖျက်ရေးလုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းများကို လှူဒါန်းသွားဖို့ ရည်ရွယ်ထားတဲ့ ပွဲလည်းဖြစ်ပါတယ်။

Gamers Without Borders By Saudi ပြိုင်ပွဲများကို ဆော်ဒီအစိုးရရဲ့လက်အောက်မှာ ဖွဲ့စည်းထားတဲ့ “ဆော်ဒီအာရေးဗီးယန်း အီလက်ထရောနစ်အားကစားနှင့် ဉာဏအားကစား ဖက်ဒရေးရှင်း” Saudi Arabian Federation for Electronic & Intellectual Sports (SAFEIS) ကနေ ကြီးမှူးကျင်းပနေတာဖြစ်ပါတယ်။ ပွဲများအတွင်းမှာ FIFA20, Fortnite, Call of Duty, Apex Legends, Overwatch, Rainbow Six Siege, PUBG Mobile, Rocket League, Clash Royale စ တဲ့ ဂိမ်းများ ပါဝင်လာမှာဖြစ်ကြောင်း ကြေညာထားခဲ့ဖူးပါတယ်။

ယခုအချိန်မှာတော့ Gamers Without Borders ဟာ ယင်းတို့ရဲ့ ပြိုင်ပွဲများအတွက် တတိယမြောက်ဂိမ်းအဖြစ် Dota 2 ကို ရွေးချယ်လိုက်ပြီး ဆုကြေးငွေစုစုပေါင်း ဒေါ်လာ ၁၀ သန်းထဲကနေ ၁.၅ သန်း ခွဲဝေချီးမြှင့်မယ့် ပရဟိတ Dota 2 ပြိုင်ပွဲကို ကျင်းပတော့မှာပါ။ နာမည်ကျော် Dota 2 အသင်း ၈ သင်း ပါဝင်ယှဉ်ပြိုင်ကြမယ့် ယင်းပွဲကို မေလ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

Gamers Without Borders ရဲ့ Dota 2 ပြိုင်ပွဲအတွင်းမှာ ပါဝင်လာမယ့် အသင်းများကတော့
• OG
• Team Secret
• Virtus.pro
• Team Nigma
• Alliance
• Ninjas in Pyjamas
• Team Liquid
• Natus Vincere
တို့ပဲ ဖြစ်ကြပါတယ်။

Gamers Without Borders ရဲ့ ပြိုင်ပွဲများအတွင်းမှာ အနိုင်ရရှိတဲ့ အသင်းများဟာ မိမိတို့ ရရှိတဲ့ ပရဟိတ ရန်ပုံငွေများကို နှစ်သက်ရာ Covid-19 တိုက်ဖျက်ရေးအဖွဲ့အစည်းများကို ရွေးချယ်လှူဒါန်းနိုင်ကြမှာပါ။ ဒါ့အပြင် ကြည့်ရှုသူပရိသတ်များကလည်း ပြိုင်ပွဲများအတွင်းမှာ လှူဒါန်းမှုများကို ကိုယ်တိုင်ပါဝင်ပြုလုပ်နိုင်ကြောင်းလည်း ကြေညာထားပါတယ်။

Gamers Without Borders ဟာ ယခု Dota 2 ပြိုင်ပွဲမတိုင်မီက PUBG Mobile နဲ့ Rainbow Six Siege ပြိုင်ပွဲများကို ကျင်းပခဲ့ပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ Rainbow Six Siege ပြိုင်ပွဲမှာတော့ The Ultimates အသင်းက အနိုင်ရပြီး ဒေါ်လာ ၁.၅ သန်း ရရှိသွားခဲ့ပါတယ်။ The Ultimates ဟာ ယင်းတို့ရရှိတဲ့ ပရဟိတ ရန်ပုံငွေများကို King Salman Humanitarian Aid & Relief Centre ကို လှူဒါန်းခဲ့ကြပါတယ်။

အသေးစိတ်အချက်အလက်များကိုတော့ Gamers Without Borders ရဲ့ တရားဝင်ဝက်ဘ်စာမျက်နှာဖြစ်တဲ့ www.gamerswithoutborders.com ပေါ်မှာ ဖတ်ရှုနိုင်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ Covid-19 ရောဂါကို တိုက်ဖျက်နိုင်ရေးအတွက် တစ်တပ်တစ်အား ပါဝင်နေကြတဲ့ ဂိမ်မာများအကြောင်းကို ပရိသတ်များအတွက် ဖော်ပြလိုက်ရပါတော့တယ်။ Esports သတင်းများနဲ့အကြောင်းအရာများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: dotesports


[ZawGyi]

ေဒၚလာ ၁.၅ သန္း ခ်ီးျမႇင့္မယ့္ Gamers Without Borders By Saudi ရဲ႕ Covid-19 ပရဟိတ Dota 2 ၿပိဳင္ပြဲ

 

Gamers Without Borders By Saudi ဆိုတာကေတာ့ ဆုေၾကးေငြစုစုေပါင္း ေဒၚလာ ၁၀ သန္း နဲ႔ ဂိမ္းအမ်ိဳးအစား ေပါင္းစုံတို႔ရဲ႕ ၿပိဳင္ပြဲမ်ားကို ရက္သတၱပါတ္ ၇ ပတ္ၾကာေအာင္ က်င္းပေနတဲ့ Covid-19 ပရဟိတပြဲႀကီးပါ။ ၿပိဳင္ပြဲမ်ားကို အႏိုင္ရရွိၾကတဲ့ ဂိမ္မာမ်ားဟာ ယင္းတို႔ရရွိတဲ့ ဆုေၾကးေငြမ်ားကို ႏိုင္ငံတကာမွာ Covid-19 တိုက္ဖ်က္ေရးလုပ္ေဆာင္ေနၾကတဲ့ အဖြဲ႕အစည္းမ်ားကို လႉဒါန္းသြားဖို႔ ရည္႐ြယ္ထားတဲ့ ပြဲလည္းျဖစ္ပါတယ္။

Gamers Without Borders By Saudi ၿပိဳင္ပြဲမ်ားကို ေဆာ္ဒီအစိုးရရဲ႕လက္ေအာက္မွာ ဖြဲ႕စည္းထားတဲ့ “ေဆာ္ဒီအာေရးဗီးယန္း အီလက္ထေရာနစ္အားကစားႏွင့္ ဉာဏအားကစား ဖက္ဒေရးရွင္း” Saudi Arabian Federation for Electronic & Intellectual Sports (SAFEIS) ကေန ႀကီးမႉးက်င္းပေနတာျဖစ္ပါတယ္။ ပြဲမ်ားအတြင္းမွာ FIFA20, Fortnite, Call of Duty, Apex Legends, Overwatch, Rainbow Six Siege, PUBG Mobile, Rocket League, Clash Royale စ တဲ့ ဂိမ္းမ်ား ပါဝင္လာမွာျဖစ္ေၾကာင္း ေၾကညာထားခဲ့ဖူးပါတယ္။

ယခုအခ်ိန္မွာေတာ့ Gamers Without Borders ဟာ ယင္းတို႔ရဲ႕ ၿပိဳင္ပြဲမ်ားအတြက္ တတိယေျမာက္ဂိမ္းအျဖစ္ Dota 2 ကို ေ႐ြးခ်ယ္လိုက္ၿပီး ဆုေၾကးေငြစုစုေပါင္း ေဒၚလာ ၁၀ သန္းထဲကေန ၁.၅ သန္း ခြဲေဝခ်ီးျမႇင့္မယ့္ ပရဟိတ Dota 2 ၿပိဳင္ပြဲကို က်င္းပေတာ့မွာပါ။ နာမည္ေက်ာ္ Dota 2 အသင္း ၈ သင္း ပါဝင္ယွဥ္ၿပိဳင္ၾကမယ့္ ယင္းပြဲကို ေမလ ၁၅ ရက္ေန႔ကေန ၁၇ ရက္ေန႔အထိ က်င္းပသြားမွာလည္း ျဖစ္ပါတယ္။

Gamers Without Borders ရဲ႕ Dota 2 ၿပိဳင္ပြဲအတြင္းမွာ ပါဝင္လာမယ့္ အသင္းမ်ားကေတာ့
• OG
• Team Secret
• Virtus.pro
• Team Nigma
• Alliance
• Ninjas in Pyjamas
• Team Liquid
• Natus Vincere
တို႔ပဲ ျဖစ္ၾကပါတယ္။

Gamers Without Borders ရဲ႕ ၿပိဳင္ပြဲမ်ားအတြင္းမွာ အႏိုင္ရရွိတဲ့ အသင္းမ်ားဟာ မိမိတို႔ ရရွိတဲ့ ပရဟိတ ရန္ပုံေငြမ်ားကို ႏွစ္သက္ရာ Covid-19 တိုက္ဖ်က္ေရးအဖြဲ႕အစည္းမ်ားကို ေ႐ြးခ်ယ္လႉဒါန္းႏိုင္ၾကမွာပါ။ ဒါ့အျပင္ ၾကည့္ရႈသူပရိသတ္မ်ားကလည္း ၿပိဳင္ပြဲမ်ားအတြင္းမွာ လႉဒါန္းမႈမ်ားကို ကိုယ္တိုင္ပါဝင္ျပဳလုပ္ႏိုင္ေၾကာင္းလည္း ေၾကညာထားပါတယ္။

Gamers Without Borders ဟာ ယခု Dota 2 ၿပိဳင္ပြဲမတိုင္မီက PUBG Mobile နဲ႔ Rainbow Six Siege ၿပိဳင္ပြဲမ်ားကို က်င္းပခဲ့ပါတယ္။ က်င္းပၿပီးစီးခဲ့တဲ့ Rainbow Six Siege ၿပိဳင္ပြဲမွာေတာ့ The Ultimates အသင္းက အႏိုင္ရၿပီး ေဒၚလာ ၁.၅ သန္း ရရွိသြားခဲ့ပါတယ္။ The Ultimates ဟာ ယင္းတို႔ရရွိတဲ့ ပရဟိတ ရန္ပုံေငြမ်ားကို King Salman Humanitarian Aid & Relief Centre ကို လႉဒါန္းခဲ့ၾကပါတယ္။

အေသးစိတ္အခ်က္အလက္မ်ားကိုေတာ့ Gamers Without Borders ရဲ႕ တရားဝင္ဝက္ဘ္စာမ်က္ႏွာျဖစ္တဲ့ www.gamerswithoutborders.com ေပၚမွာ ဖတ္ရႈႏိုင္ပါတယ္။ လက္ရွိျဖစ္ေပၚေနတဲ့ Covid-19 ေရာဂါကို တိုက္ဖ်က္ႏိုင္ေရးအတြက္ တစ္တပ္တစ္အား ပါဝင္ေနၾကတဲ့ ဂိမ္မာမ်ားအေၾကာင္းကို ပရိသတ္မ်ားအတြက္ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports သတင္းမ်ားနဲ႔အေၾကာင္းအရာမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: dotesports