[Unicode]

“ဒေါ်လာ ၁.၄ သန်းဖိုး ဝယ်သုံးထားတဲ့ အွန်လိုင်းဂိမ်း character ကို ၅၅၂ ဒေါ်လာထဲနဲ့ ရောင်းလိုက်မိတဲ့ အဖြစ်”

 

တရုတ်နိုင်ငံမှာနေထိုင်ပြီး ငွေကြေးချမ်းသာကြွယ်ဝတဲ့ Lu Mou ဟာ mmorpg ဂိမ်းတစ်ခုဖြစ်တဲ့ Justice Online ကို စွဲစွဲလမ်းလမ်းကစားလေ့ရှိသူတစ်ဦးပါ။ ယင်းဂိမ်းထဲမှာ သူ ကိုင်တွယ်ကစားလေ့ရှိတဲ့ character တစ်ကောင်ကိုလည်း တရုတ်ယွမ်ငွေ ၁၀ သန်းကျော် (ဒေါ်လာ ၁.၄ သန်းကျော်) ထိ ဝယ်ယူ အဆင့်မြှင့်ထားခဲ့ပါတယ်။

Lu Mou ဟာ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ Li Mouscheng ကို သူ့ အကောင့်ထဲဝင်ပြီး ခေတ္တကစားဖို့ ခွင့်ပြုပေးထားခဲ့ပါတယ်။ Li Mouscheng ဟာ နာရီပေါင်းများစွာ ကစားခဲ့ပြီးနောက် အမှားတစ်ခုကို ပြုလုပ်မိခဲ့ပါတယ်။ ယင်းကတော့ Lu Mou ရဲ့ အကောင့်ထဲက တန်ဖိုးကြီး character ကို ၃၈၈၈ ယွမ် (၅၅၂ ဒေါ်လာ) ထဲနဲ့ ရောင်းလိုက်မိတာပါ။

Li Mouscheng ရဲ့ အပြောအရတော့ သူဟာ ဂိမ်းကို နာရီပေါင်းများစွာ ကစားမိပြီး မူးဝေထုံထိုင်းနေခဲ့လို့ ဒီအမှားကို လုပ်မိတာလို့ ဆိုပါတယ်။ NetEase အွန်လိုင်းဂိမ်း market ပေါ်မှာ တင်ရောင်းလိုက်တဲ့ character ဟာ ခဏလေးအတွင်းမှာ ရောင်းထွက်သွားလို့ Li Mouscheng အဖို့ ခေါင်းနပန်းကြီးစရာ ဖြစ်ခဲ့ရပါတယ်။

Justice Online ဆိုတာကတော့ နာမည်ကျော်ဝတ္ထုရေးဆရာ Wen Rui’an ရဲ့ The Four Great Constables ဝတ္ထုပေါ်မှာ အခြေခံပြုလုပ်ထားတဲ့ mmorpg (massively multiplayer online role-playing) ဂိမ်းတစ်ခုပါ။ NetEase ရဲ့ ဂိမ်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံမှာ နာမည်ကျော်ကြားလူကြိုက်များလျက်ရှိပါတယ်။

World of Warcraft နဲ့ ဂိမ်းအမျိုးအစားတူညီတဲ့ Justice Online မှာ character များကို class ၆ ခုအထိ ရွေးချယ်ဖန်တီးကစားနိုင်ပါတယ်။ အခြားကစားသူများနဲ့ ယှဉ်ပြိုင်ကစားနိုင်သလို NPC များနဲ့လည်း ကစားလို့ ရပါတယ်။ ဂိမ်းအတွင်းမှာ mission များပြုလုပ်ခြင်း၊ ကိုယ်ပိုင် business များ ထူထောင်ခြင်း စ တာတွေကိုလည်း ပြုလုပ်နိုင်ပါသေးတယ်။

Justice Online Gameplay

ဒီလို အမှားဖြစ်ပေါ်လာတဲ့အတွက် Lu Mou ဟာ သူငယ်ချင်းဖြစ်သူကိုရော NetEase ကိုပါ တရားစွဲဆိုခဲ့ပါတယ်။ ယင်းအမှုကို ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ တရုတ်တရားသူကြီးက ဂိမ်း character ဝယ်သူခဲ့သူကို Li Mouscheng က ယွမ် ၉၀,၀၀၀ (၁၂,၇၈၁ ဒေါ်လာ) ပေးစေခဲ့သလို ယင်း ဂိမ်း character ကို Lu Mou ကို ပြန်ပေးဖို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။

မိမိပိုင်ဆိုင်တဲ့ တန်ဖိုးကြီးဂိမ်းအကောင့်နဲ့ အချက်အလက်များကို လုံခြုံအောင် ထားရှိဖို့ လိုအပ်သလို အခြားသူတစ်ယောက်ရဲ့ ဂိမ်းအကောင့်ကို ခေတ္တကိုင်တွယ်ကစားဖို့ ကြုံတွေ့လာခဲ့ရင်လည်း ပေါ့ပေါ့တန်တန် မလုပ်သင့်ကြောင်း ဒီအဖြစ်အပျက်လေးက သက်သေခံလျက်ရှိပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

Source: mashable


[ZawGyi]

“ေဒၚလာ ၁.၄ သန္းဖိုး ဝယ္သုံးထားတဲ့ အြန္လိုင္းဂိမ္း character ကို ၅၅၂ ေဒၚလာထဲနဲ႔ ေရာင္းလိုက္မိတဲ့ အျဖစ္”

 

တရုတ္ႏိုင္ငံမွာေနထိုင္ျပီး ေငြေၾကးခ်မ္းသာၾကြယ္ဝတဲ့ Lu Mou ဟာ mmorpg ဂိမ္းတစ္ခုျဖစ္တဲ့ Justice Online ကို စြဲစြဲလမ္းလမ္းကစားေလ့ရွိသူတစ္ဦးပါ။ ယင္းဂိမ္းထဲမွာ သူ ကိုင္တြယ္ကစားေလ့ရွိတဲ့ character တစ္ေကာင္ကိုလည္း တရုတ္ယြမ္ေငြ ၁၀ သန္းေက်ာ္ (ေဒၚလာ ၁.၄ သန္းေက်ာ္) ထိ ဝယ္ယူ အဆင့္ျမွင့္ထားခဲ့ပါတယ္။

Lu Mou ဟာ သူ႔ရဲ႕ သူငယ္ခ်င္းျဖစ္သူ Li Mouscheng ကို သူ႔ အေကာင့္ထဲဝင္ျပီး ေခတၱကစားဖုိ႔ ခြင့္ျပဳေပးထားခဲ့ပါတယ္။ Li Mouscheng ဟာ နာရီေပါင္းမ်ားစြာ ကစားခဲ့ျပီးေနာက္ အမွားတစ္ခုကို ျပဳလုပ္မိခဲ့ပါတယ္။ ယင္းကေတာ့ Lu Mou ရဲ႕ အေကာင့္ထဲက တန္ဖိုးၾကီး character ကို ၃၈၈၈ ယြမ္ (၅၅၂ ေဒၚလာ) ထဲနဲ႔ ေရာင္းလိုက္မိတာပါ။

Li Mouscheng ရဲ႕ အေျပာအရေတာ့ သူဟာ ဂိမ္းကို နာရီေပါင္းမ်ားစြာ ကစားမိျပီး မူးေဝထုံထိုင္းေနခဲ့လို႔ ဒီအမွားကို လုပ္မိတာလို႔ ဆိုပါတယ္။ NetEase အြန္လိုင္းဂိမ္း market ေပၚမွာ တင္ေရာင္းလိုက္တဲ့ character ဟာ ခဏေလးအတြင္းမွာ ေရာင္းထြက္သြားလို႔ Li Mouscheng အဖို႔ ေခါင္းနပန္းၾကီးစရာ ျဖစ္ခဲ့ရပါတယ္။

Justice Online ဆိုတာကေတာ့ နာမည္ေက်ာ္ဝတၳဳေရးဆရာ Wen Rui’an ရဲ႕ The Four Great Constables ဝတၳဳေပၚမွာ အေျခခံျပဳလုပ္ထားတဲ့ mmorpg (massively multiplayer online role-playing) ဂိမ္းတစ္ခုပါ။ NetEase ရဲ႕ ဂိမ္းတစ္ခုျဖစ္ျပီး တရုတ္ႏိုင္ငံမွာ နာမည္ေက်ာ္ၾကားလူၾကိဳက္မ်ားလ်က္ရွိပါတယ္။

World of Warcraft နဲ႔ ဂိမ္းအမ်ိဳးအစားတူညီတဲ့ Justice Online မွာ character မ်ားကို class ၆ ခုအထိ ေရြးခ်ယ္ဖန္တီးကစားႏိုင္ပါတယ္။ အျခားကစားသူမ်ားနဲ႔ ယွဥ္ျပိဳင္ကစားႏိုင္သလို NPC မ်ားနဲ႔လည္း ကစားလုိ႔ ရပါတယ္။ ဂိမ္းအတြင္းမွာ mission မ်ားျပဳလုပ္ျခင္း၊ ကိုယ္ပိုင္ business မ်ား ထူေထာင္ျခင္း စ တာေတြကိုလည္း ျပဳလုပ္ႏိုင္ပါေသးတယ္။

Justice Online Gameplay

ဒီလို အမွားျဖစ္ေပၚလာတဲ့အတြက္ Lu Mou ဟာ သူငယ္ခ်င္းျဖစ္သူကိုေရာ NetEase ကိုပါ တရားစြဲဆိုခဲ့ပါတယ္။ ယင္းအမႈကို ကိုင္တြယ္ေျဖရွင္းခဲ့တဲ့ တရုတ္တရားသူၾကီးက ဂိမ္း character ဝယ္သူခဲ့သူကို Li Mouscheng က ယြမ္ ၉၀,၀၀၀ (၁၂,၇၈၁ ေဒၚလာ) ေပးေစခဲ့သလို ယင္း ဂိမ္း character ကို Lu Mou ကို ျပန္ေပးဖုိ႔ ဆုံးျဖတ္ေပးခဲ့ပါတယ္။

မိမိပိုင္ဆုိင္တဲ့ တန္ဖိုးၾကီးဂိမ္းအေကာင့္နဲ႔ အခ်က္အလက္မ်ားကို လုံျခံဳေအာင္ ထားရွိဖုိ႔ လိုအပ္သလို အျခားသူတစ္ေယာက္ရဲ႕ ဂိမ္းအေကာင့္ကို ေခတၱကိုင္တြယ္ကစားဖုိ႔ ၾကံဳေတြ႔လာခဲ့ရင္လည္း ေပါ့ေပါ့တန္တန္ မလုပ္သင့္ေၾကာင္း ဒီအျဖစ္အပ်က္ေလးက သက္ေသခံလ်က္ရွိပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: mashable